အသည်းကွဲဝေဒနာကနေ… နုတ်ဆက်လက်ပြဖို့










အချစ်ဆိုတာအံသြဖွယ်ရာ ကောင်းပါတယ်။ ဒါပေမဲ့ အချစ်နဲ့ အတူတွဲပြီးပါလာတတ်လေ့ရှိတာကတော့ အသည်းကွဲခြင်းဆိုတဲ့ ဝေဒနာပါ။ ကိုယ်ယုံကြည်တဲ့ ကိုယ် ချစ်တဲ့ တစ်စုံတစ်ယောက်ကကိုယ့်ကို ထားရစ်ခဲ့တဲ့အခါ ကိုယ့်ကိုနာကျင်စေတဲ့အခါ စိတ်ထဲကနာကျင် လာပြီး တစ်ခါတစ်ရံနောက်ထပ်ချစ် ဖို့မဖြစ်နိုင်ဘူးလို့တောင်ခံစားရစေပါတယ်။ အချိန်ကကုသပေးတယ်ဆိုပေမယ့် နောက်ထပ်တစ်စုံတစ် ယောက်အတွက် အဆင်သင့်ဖြစ် နေတဲ့အချိန်အထိဒီနာကျင်စရာခံစား ချက်ကိုစွဲမြဲမထားသင့်ပါဘူး။ အဲဒီတော့ အသည်းကွဲတဲ့ဝေဒနာကို ဘယ်လိုကိုင်တွယ်မလဲ။ 

နာကျင်မှုကို ကွယ်ဝှက်မထားပါနဲ့
ဝမ်းနည်းပူဆွေးဖို့ ဘယ်တော့မှကြောက်ရွံ့မနေပါနဲ့။ ဒါကနာကျင်မှုကို ကျော်လွှားနိုင်မယ့်နည်းလမ်းတစ်ခုပါ။ တကယ်လို့နာကျင်မှုကို ဟန်ဆောင်ဖုံးကွယ်ထားမယ်ဆိုရင် ချစ်ခြင်းရဲ့အခြားတစ်ဖက်က အနှစ်သာရကို ဘယ်လိုမှကျော်လွှားနိုင်လွန်ဆန်နိုင်မှာမဟုတ်ပါဘူး။ 

နေထိုင်မှုဘ၀ကိုပြောင်းလဲပါ
နောက်ထပ်အသည်းကွဲဝေဒနာကုစားပေးနိုင်တဲ့နည်းလမ်းတစ်ခုကတော့ နေ့စဉ်နေထိုင်မှုပုံစံကို ပြောင်းလဲပစ်ဖို့ပါဘဲ။ သူ့ကိုအချိန် ပြည့်သတိမရနေစေဖို့သူနဲ့သက်ဆိုင် သမျှအရာတွေအားလုံးဖြတ်တောက် ထားဖို့လိုပါတယ်။ သူနဲ့တွဲရိုက်ထားတဲ့ အမှတ်တရဓာတ်ပုံလေးတွေ၊ သူပေးထားတဲ့အမှတ်တရပစ္စည်း လေးတွေကို မြင်ကွင်းကနေအတတ်နိုင်ဆုံးဖယ်ရှားထားပါ။ 

လေ့ကျင့်ခန်းလုပ်
အသည်းကွဲဝေဒနာကြောင့် နာကျင်ဝမ်းနည်းမှုဒေါသတွေကို ပေါက်ကွဲထွက်နိုင်စေတဲ့ နည်းလမ်း တစ်ခုရှိပါတယ်။ အဲဒါကတော့အားကစားလုပ်တာပါပဲ။ ရေကူး၊ အပြေးလိုမျိုး ကိုယ်ပင်ပန်းပြီးစိတ်ကို လန်းဆန်းစေတဲ့အားကစားမျိုးလုပ်ပြီး ၀မ်းနည်းပူဆွေးမှုကိုလမ်းကြောင်းလွှဲလိုက်ပါ။ 

ခရီးထွက်
ခရီးထွက်တာကလည်းအသည်းကွဲနေတာကို ကျော်လွှားသွားနိုင်တဲ့ နည်းလမ်းကောင်းတစ်ခုပါ။ ခရီးရှည် မဟုတ်တောင် နေ့ချင်းပြန်ခရီးလိုမျိုး ရက်တိုခရီးလိုမျိုးသွားတာက စိတ်ပြေလက်ပျောက်ဖြစ်ပြီးအသည်း ကွဲဝေဒနာကို အတိုင်းအတာတစ်ခုလောက်အထိကုသပေးနိုင်ပါလိမ့်မယ်။ 

ကိုယ့်ကိုယ်ကိုယ်တွေးပါ
ချစ်သူနှစ်ဦးကြားဆက်ဆံရေးမှာ ကိုယ့်အတ္တကိုဗဟိုပြုလို့မရဘဲ သူ့ဘက်ကိုယ့်ဘက်ညီမျှအောင် စဉ်းစားပေးရတဲ့အခြေအနေပါ။ ဒါပေမဲ့ ချစ်သူက စွန့်ခွာသွားပြီးတစ် ယောက်တည်းဖြစ်နေတဲ့အချိန်မှာတော့ ကိုယ့်ကိုယ်ကိုယ်ဦးစားပေး စဉ်းစားဖို့အချိန်ရောက်လာပါပြီ။ ချစ်သူနဲ့ ချစ်ခဲ့စဉ်ကသူ့အပေါ်ဂရုစိုက်နေလို့ ကိုယ့်အနေနဲ့ဘာတွေလစ် ဟင်းသွားခဲ့သေးသလဲ။ ကိုယ့်ကိုယ်ကိုယ်ပြန်သုံးသပ်ပါ။ ပြန်ဖြည့်ဆည်းပါ။ 

ကိုယ့်ကိုယ်ကိုယ်ပြင်ဆင်ပါ
ကိုယ့်ကိုယ်ကိုယ် လှလှပပပြင်ဆင်တာကလည်း အသည်းကွဲေ၀၀ဒနာကို တစ်စိတ်တစ်ပိုင်း သက်သာသွားစေမယ့် နည်းလမ်း ကောင်းတစ်ခုပါ။ အသည်းကွဲဒဏ်ကြောင့်လူတွေက ကိုယ့်ကိုယ်ကိုယ် ဂရုမစိုက်နိုင်ဘဲဖြစ်တတ်ကြပါတယ်။ အဲဒါကြောင့်စိတ်အပြောင်းအလဲအနေနဲ့ ကိုယ့်ကိုယ်ကိုယ်ပြင်ပြင်ဆင် ဆင်နေကြည့်ပါ။ 

အနာဂတ်ကိုလှမ်းမျှော်ကြည့်
ကွဲသွားတဲ့ချစ်သူနဲ့ပတ်သက်ပြီး နာကျင်မှုဒဏ်ရာတွေ၊ အမှတ်တရ အလွယ်တကူဖယ်ရှားလို့မရမှာသေ ချာပါတယ်။ ဒါပေမဲ့ အဲဒီအချိန်မှာ အတိတ်ကိုတွေးတောနေတာထက် အနာဂတ်ကိုတွေးတောကြည့်ပါ။ အတိတ်ကမပျော်ရွှင်ခဲ့သမျှကို အတတ်နိုင်ဆုံးမေ့ပစ်လိုက်ပါ။တောက်ပတဲ့ ကိုယ့်ရဲ့အနာဂတ်ကိုသာ သေ ချာတွေးတောပါ။ 

ဆက်ဆံရေးတစ်ခုရဲ့အဆုံးသတ်တိုင်းနီးပါးက နှစ်ယောက်စလုံးအတွက် ဒါမှမဟုတ် တစ်ဦးတစ် ယောက်အတွက်နာကျင်ရတဲ့အတွေ့အကြုံတစ်ခုပါ။ ဒီလိုအတွေ့အကြုံ တွေခံစားရလို့ နောက်တစ်ကြိမ်မ ချစ်နိုင်တော့ဘူးလား။ ချစ်ခွင့်မရှိ တော့ဘူးလား။ ဘယ်သူမဆိုချစ် ခွင့်ရှိပါသေးတယ်။ ကိုယ့်ဘက်က သာ နောက်တစ်ကြိမ်ပြန်ချစ်ဖို့ ကိုယ့်ကိုယ်ကိုယ်ပွင့်လင်းဖို့လိုပါတယ်။

Whitney
--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape 
Share on Google Plus

0 comments:

Post a Comment