ဆိုးရွာတဲ့ဆက်ဆံရေးတစ်ခုကို
လက်လွှတ်လိုက်တာကအနည်းငယ် ရှုပ်ထွေးစရာကောင်းလှပါတယ်။ ဆက်ဆံရေးတစ်ခုရဲ့အဆုံးသတ်တိုင်း
ဟာ သေဆုံးခြင်းကိုခံစားနေရသလိုပါပဲ။ ဒီအဆုံးသတ်ကို ကိုယ်က စတင်ဖန်တီးခဲ့သူပဲဖြစ်ပါစေ။
ဒီအဆုံးသတ်က နှစ်ဦးစလုံးအတွက် အကောင်းဆုံးလို့ပဲခံယူထားပါစေ။ ဆက်ဆံရေးတစ်ခုကိုလက်လွှတ်လိုက်
ရချိန်မှာ သေဆုံးခြင်းကိုတွေ့ကြုံရသလိုပါပဲ။ ဆက်ဆံရေးတစ်ခုရဲ့ အဆုံးသတ်မှာဘာတွေခံစားရတတ်သလဲ။
ငြင်းပယ်ခြင်း
နှလုံးသားက
ဦးနှောက်ကို လွှမ်းမိုးထားနိုင်စွမ်းမရှိတဲ့အချိန်မှာ ကိုယ်တစ်စုံတစ်ယောက်ကို လက် လွှတ်လိုက်ရချိန်
သူမရှိတော့ဘဲ ဘ၀တစ်ခုကိုဖြတ်သန်းရဖို့ ဦးနှောက် ကအလုပ်လုပ်ရပါတယ်။ နေသား ကျမှုတစ်ခုကနေနေသားကျမှုတစ်
ခုကိုပြောင်းလဲဖို့ဦးနှောက်ကညှိနေပေမယ့် နှလုံးသားကလက်မခံသေး ပါဘူး။ ဆက်ဆံရေးကအဆုံးသတ်သွားသည့်တိုင်အောင်
ကိုယ့်အနေနဲ့မယုံကြည်သေးပါဘူး။ ပတ်ဝန်း ကျင်ကလူတွေက ဘယ်လောက်ပဲ ကိုယ့်ကိုဖြေသိမ့်နေပါစေ။
သူနဲ့ပတ် သက်တဲ့အထိအတွေ့၊ ခံစားချက် တွေကို မတွေးရမနေနိုင်နှလုံးသား ကိုဖြေသိမ့်နေဆဲပါ။
ပြီးဆုံးသွားတဲ့လမ်းအဆုံးမှာ မြုပ်နှံထားတဲ့ လမ်းစတစ်စကလေးများရှိနေမလားဆိုပြီးရှာဖွေနေမိပါသေးတယ်။
အဲဒါကြောင့် ဘယ်သူကအဆုံးသတ်သတ် ကိုယ့်စိတ်ကိုယ်ငြင်းပယ်နေကြတာပါ။
ဒေါသ
ငြင်းပယ်မှုကနေ
နောက်တစ်ဆင့်ဒေါသကိုနည်းလမ်းမျိုးစုံနဲ့ ပေါက်ကွဲထွက်လာပါပြီ။ ရည်းစား/ ချစ်သူကိုဒေါသထွက်မယ်။
(သူဘာလို့ဒီလိုလုပ်ရက်တာလဲ။ သူဘာကြောင့်ဒီလောက်အထိအတ္တ ကြီးနေရတာလဲ)။ ပတ်ဝန်းကျင်လောကကြီးကိုဒေါသထွက်မယ်။
(ဘာကြောင့်ငါ့ကျမှဖြစ်နေရတာလဲ။ ငါကျိန်စာတိုက်ခံထားရတာများလား)။ ဒီအဆုံးသတ်နဲ့သက်ဆိုင်တဲ့လူတွေ၊
အခြေအနေတွေကို ဒေါသထွက်မယ်။ (ဒီလိုအဆုံးသတ်သွားတာ အဲဒီမိန်းမ/ယောကျာ်းကြောင့်။ ဒီအလုပ်ကြောင့်အခုလိုဖြစ်တာ။
ဒါသူပြောင်းလဲသွားလို့)။ ကိုယ့်ဒေါသကို လက်မခံသူတွေကို ဒေါသထွက်လာမယ်။ (ငါနဲ့ကပြတ်
သွားတာတောင် သူတို့ကလည်း သူငယ်ချင်းဖြစ်နေကြတုန်းပဲ။ ငါ့ကို ဘယ်လိုဆက်ဆံခဲ့တာနင်တို့မသိ
ဘူးလား)။ ဒီလိုဒေါသထွက်လာတဲ့ အခြေအနေနဲ့အတူ ပြောမိပြောရာ ပြောကြတာကတော့ ချစ်သူရဲ့ အတင်းပါပဲ။
ဒါတင်မကပါဘူး။ ပြီးဆုံးသွားတဲ့အထိတိုင်အောင်ဒေါသကမကုန်တော့တဲ့အတွက် မုန်းစရာ ကောင်းတဲ့စာတိုတွေပို့နေကြဆဲဖြစ်ပါတယ်။
ညှိနှိုင်းမှု
ညှိနှိုင်းမှုက
ငြင်းပယ်မှုနဲ့အတူတွဲပြီးရောက်လာတတ်ပါတယ်။ ပြီးဆုံးသွားတဲ့ဆက်ဆံရေးကိုအလုပ်ဖြစ် လာစေဖို့
ပြန်ပြီးအဆင်ပြေလာစေဖို့ ညှိနှိုင်းမှုတွေ၊ ခြိမ်းခြောက်တာတွေသုံးပြီး မဖြစ်ဖြစ်တဲ့နည်းလမ်းကိုရှာဖွေမယ်။
ဥပမာဆိုရင်ကိုယ်နဲ့ပြီး သွားတဲ့ချစ်သူကို ကိုယ်ပြောင်းလဲ သွားပါပြီဆိုတာမျိုး၊ သူနဲ့ပြန်ပြီး
အဆင်ပြေဖို့အတွက် ညှိနှိုင်းနေတာမျိုးပေါ့။ ဒါနဲ့တင်မပြီးသေးပါဘူး။ တကယ်လို့သူသာပြန်လာမယ်ဆိုရင်
ဒီထက်ပိုကောင်းအောင်နေပါ့မယ်ဆိုတဲ့ ကတိက၀တ်တွေပါပါလာပါတယ်။ ဒီအဆင့်မှာတော့ သူ့ကိုနား
ချဖို့ကိုယ့်သူငယ်ချင်းမိတ်ဆွေတွေကို ပါပါဝင်အသုံးချလာတာပါ။
စိတ်ဓာတ်ကျခြင်း
စိတ်ဆိုးဒေါသထွက်ခြင်းလိုပဲ
စိတ်ဓာတ်ကျခြင်းကနည်းလမ်းမျိုးစုံနဲ့ဝင်ရောက်လာပါတယ်။ ဥပမာ တစ်ချိန်လုံးပင်ပန်းနွမ်းနယ်နေတာ၊
ဘာမှမလုပ်ချင်မကိုင်ချင်အိပ်ရာထဲ ၀င်ခွေနေတာ၊ ကိုယ့်ပတ်ဝန်းကျင် ကလူတွေနဲ့အဆက်အသွယ်ဖြတ်လိုက်တာ။
တစ်နေကုန်အိပ်နေတာမျိုးတွေပေါ့။ နောက်ဆုံးစိတ်ဓာတ် ကျခြင်းကို အတိအလင်းဖော်ပြပေး လိုက်တဲ့
မျှော်လင့်ချက်ကင်းမဲ့ခြင်း ဆိုတာဝင်ရောက်လာပါပြီ။ မျှော် လင့်ချက်ကင်းမဲ့ခြင်းက ဘယ်အရာမှ
ဘယ်ခံစားချက်ကမှအလုပ်မ ဖြစ်တော့ဘူးဆိုတာကိုနားလည်လာ စေပါတယ်။ ဘာမှအလုပ်မဖြစ်မှ တော့ဒီအခြေအနေကနေရုန်းထွက်ရတော့မယ်ဆိုတာသိလာစေပါပြီ။
လက်ခံခြင်း
နောက်ဆုံးတော့
ဆုံးရှုံးမှုထဲကနေ ငြိမ်းချမ်းမှုကိုရှာတွေ့ပါပြီ။ လက်ခံခြင်းအဆင့်က ရုတ်တရက် ဖြစ်လာတဲ့အခြေအနေမဟုတ်ပါဘူး။
တဖြည်းဖြည်းနဲ့ဖြစ်ပေါ်လာတာပါ။ နားလည်လက်ခံခြင်းက ပန်းပွင့် လေးတွေလို မသင်းပျံ့ပါဘူး။
ဂီတသံစဉ်တွေလို မချိုမြပါဘူး။ နားလည်လက်ခံခြင်းမှာဝမ်းနည်းပူဆွေး မှုအမှန်တရားတစ်ခုပဲရှိပါတယ်။
ဒီအမှန်တရားရဲ့နောက်ကိုသေချာကြည့်တတ်မယ်ဆိုရင်တော့ ငြိမ်းချမ်းမှုကို ရှာဖွေတွေ့ရှိသွားမှာပါ။
Whitney
--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု
ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...www.facebook.com/shapejournal
www.facebook.com/groups/weloveshape
0 comments:
Post a Comment