ကလေးငယ်လေးတွေက
အများအားဖြင့် အသက် ၆လအရွယ်ကနေ ၈လ အရွယ်မှာသွားကလေးတွေ ထွက်လာတတ်ပါတယ်။ သွားလေးတွေကအားလုံးညီညီထွက်ဖို့ကတော့
အချိန် (၂)နှစ်လောက် ယူရပါ တယ်။ တချို့ကလေးတွေအတွက် ငယ်သွားလေးတွေပေါက်လာတာက ပြဿနာမရှိပေမယ့်
တချို့ ကလေးတွေအတွက်တော့ နာကျင်မှုမသက်မသာဖြစ်မှုတို့ကို ခံစားရစေပါတယ်။ ကလေးငယ်လေးတွေမှာ
ဖြစ်တတ်တဲ့ပြဿနာဖြစ်တာကြောင့် ဖြေရှင်းဖို့က နည်းအနည်းငယ်အကျပ်ရိုက်စရာဖြစ်နေပါတယ်။
ဒါပေမဲ့ စိတ်မပူပါနဲ့။ နည်းလမ်းကောင်းလေးတွေရှိပါတယ်။
မုန်လာဥနီ
ကလေးငယ်လေးတွေဟာ
အစာအနည်းငယ်မာတာလေးတွေစားလာပြီဆိုရင်တော့ မုန်လာဥနီ လေးလို မျိုးကျွေးပေးပါ။ မုန်လာဥနီကိုဝါးနေတဲ့အတွက်ဗိုက်ပြည့်စေပါတယ်။
မုန်လာဥနီကိုအခွံခပါးပါးနွှာပြီး ရေခဲ သေတ္တာထဲမှာ ၁၅-၂၀ မိနစ်ခန့် အအေးခံထားပေးပါ။ ပြီးမှ
ကလေးငယ်ကိုဝါးပါစေ။ မုန်လာဥနီအစား သခွားသီး၊ ပန်းသီးစိတ် လေးတွေလည်း အစားထိုးပေးနိုင်ပါတယ်။
သတိပြုရမှာက အလွန်အထားခံထားတဲ့ အသီးမဟုတ်စေဖို့ပါဘဲ။
သွားဖုံးကိုနှိပ်နယ်ပေးပါ
တစ်ခါတစ်ရံ
သွားဖုံးကို ခပ်ဖွဖွလေးနှိပ်နယ်ပေးတာက ငယ်သွားထွက်တဲ့ဝေဒနာကို သက်သာစေပါလိမ့်မယ်။ ခပ်ဖွဖွလေးသွားဖုံးကိုနှိပ်နယ်ပေးတာက
နာကျင်မှုဝေဒနာကိုလျော့ကျစေသလို ကလေးငယ် ကိုလည်းစိတ်သက်သာရာရစေပါတယ်။
ချာမိုမိုင်းပန်း
ဆေးဖက်ဝင်ချာမိုမိုင်ပန်းက
အသက် ၁နှစ်အထက်ကလေးငယ်တွေကို ငယ်သွားထွက်ခြင်းကြောင့် စိတ်မသက်မသာဖြစ်ခြင်းကိုသက်သာစေပါတယ်။
သူ့မှာပါဝင်တဲ့ ရောင်ရမ်းခြင်းကို သက်သာစေတဲ့ ဂုဏ် သတ္တိကနာကျင်နေတဲ့အာရုံကြောလေးတွေကို
သက်သာရာရစေပါတယ်။ ချာမိုမိုင်ပန်းခြောက် လက်ဖက် ရည်ဇွန်းတစ်ခွက်နဲ့ ရေနွေးပူပူရောစပ်ပြီး
အနည်ထိုင်သွားတဲ့အခါ အရည်အကြည်ကိုတစ်နာရီခြား ဒါမှမဟုတ် နှစ်နာရီတစ်ခါတိုက်ပေးပါ။
ဟင်းသီးဟင်းရွက်ရည်
မုန်လာဥနီလိုဟင်းသီးဟင်းရွက်အရည်က
ငယ်သွားထွက်နေတဲ့ ကလေးငယ်တွေအတွက်အကောင်းဆုံးပါ။ ဟင်းသီးဟင်းရွက်အရည်မှာ ပါဝင်တဲ့ ရောင်
ရမ်းခြင်းကိုသက်သာစေတဲ့ ဂုဏ်သတ္တိက သွားဖုံးနာ ကျင်ခြင်းတွေကိုသက်သာစေပါတယ်။ ဒါတင်မက
ပါဘူး။ မုန်လာဥ နီလိုဖျော်ရည်မျိုးက ကလေးငယ်ရဲ့ ခန္ဓာကိုယ်ခုခံကာကွယ်စွမ်းကိုသာ တိုးပွားစေပါတယ်။
မုန်လာဥနီအအရည်ကို အအေးခံထားပြီး ကလေး ငယ်ကိုတိုက်ပေးနိုင်ပါတယ်။ အလွန်မအေးနေစေဖို့
တော့သတိပြုပါ။
လေးညှင်းဆီ
အသက်တစ်နှစ်၊
တစ်နှစ်အထက်ကလေးငယ် တွေအတွက်တော့ သွားဖုံးနာကျင်မှုဝေဒနာကိုသက် သာစေဖို့ လေးညှင်းဆီကိုသုံးပေးနိုင်ပါတယ်။
ရောင် ရမ်းနာကျင်မှုသက်သာစေပြီး ကိုက်ခဲမှုသက်သာစေတဲ့ ဂုဏ်သတ္တိပါဝင်တဲ့လေးညင်းဆီက နာကျင်မှုဝေဒနာကို
လျော့ပါးစေပါတယ်။ အုန်းဆီစစ်စစ်၊ သံလွင်ဆီ စစ်စစ်နဲ့ ချာမိုမိုင်းပန်းခြောက်၊ လေညှင်းပွင့်တို့ကိုရောစပ်ပြီး
၁၀-၁၅ မိနစ်ခန့်အပူပေးပါ။ အေးသွားတဲ့အခါ ၄င်းအဆီကိကလေးငယ်ရဲ့သွားဖုံးပေါ်မှာတင်ပြီးနှိပ်နယ်ပေးပါ။
နို့တိုက်ကျွေးပါ
မိခင်နို့တိုက်ကျွေးခြင်းကလည်း
ကလေးငယ်ရဲ့နာကျင်မှုကိုသက်သာစေပါတယ်။ နို့တိုက်ကျွေးနေချိန်မှာ ကလေးငယ်ရဲ့နာကျင်မှုကို
အာရုံလွဲလိုက်သလိုဖြစ်ပြီး နို့ထဲမှာပါဝင်တဲ့ အာဟာရဓာတ်တွေကြောင့်ကလေးငယ် အတွက်လည်းအာဟာရပြည့်ဝစေပါတယ်။
နောက်ထပ်ငယ်သွားထွက်တာကြောင့်
သွားဖုံးနာကျင်မှုဝေဒနာဒဏ်ကို ရှောင်လွားစေနိုင်တဲ့နည်းလမ်း တွေကတော့ အာရုံလွဲသွားစေဖို့ရေခပ်နွေးနွေးနဲ့
ရေချိုးပေးပါ။ သွားကိုတွန်းခြင်း၊ ဖိခြင်းရှောင်ပါ။ သွား တွေမညီမညာဖြစ်သွားစေနိုင်ပါတယ်။
ရန်နိုင်
--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု
ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...www.facebook.com/shapejournal
www.facebook.com/groups/weloveshape
0 comments:
Post a Comment