ခြေဖနောင့်နာကျင်မှုဒဏ် သက်သာချင်တယ်ဆိုရင်…












ခြေဖနောင့်နာကျင်မှုဆိုတာ နေ့စဉ်လုပ်ငန်းဆောင်တာတွေကို ထိခိုက်စေနိုင်တဲ့ ပြဿနာတစ်ခုပါ။ ဒီနာကျင်မှုက ခြေထောက်မှာတင် ရပ်တန့်သွားတာမဟုတ်ပါဘူး။ လှမ်းလိုက်တဲ့ခြေလှမ်းတိုင်းမှာ ခြေ ထောက်ကနေတစ်ဆင့် ခန္ဓာကိုယ် အနှံ့ထိခိုက်နာကျင်စေပါတယ်။ ဒါက ခန္ဓာကိုယ်တွင်းက ကျန်းမာရေး ပြဿနာတွေကြောင့်ဖြစ်နိုင်သလို ပြင်ပကဆိုရင်လည်း ဖိနပ်ကြောင့်လည်းဖြစ်နိုင်ပါတယ်။ အဲဒီတော့ ခြေဖနောင့်နာတဲဒဏ်ရာကို ဘယ်လိုဖြေရှင်းကြမလဲ။

ရေခဲ
အကောင်းဆုံးကုသမှုကတော့ နာကျင်တဲ့ခြေဖနောင့်ကို ရေခဲအုံထားတာပါပဲ၊ ရေခဲက နာကျင်မှုနဲ့ ရောင်ရမ်းမှုတွေကို လျော့ကျ လာပါလိမ့်မယ်။ ရေခဲကို ပလတ်စတစ်အိတ်ထဲထည့်ပြီး နာကျင်တဲ့ ခြေဖနောင့်ပေါ် ၁၀-၁၅ မိနစ်ခန့် အုပ်ထားပေးပါ။ လိုအပ်ပါက အကြိမ်ကြိမ်ပြန်လုပ်ပေးနိုင်ပါတယ်။

နှိပ်နယ်ပေး
နှိပ်နယ်ပေးတာကလည်း နာကျင်မှုအတွက် နည်းလမ်းကောင်းပါ။ ဒါပေမဲ့ ရေရှည်တော့မကောင်းပါဘူး။ နှိပ်နယ်ပေးခြင်းက ကြွက်သားတွေကို သက်သာရာရ သွားစေပြီး သွေးလည်ပတ်မှုပိုပြီး ကောင်းလာစေပါလိမ့်မယ်။ သံလွင် ဆီခပ်နွေးနွေးလေးနဲ့ နာကျင်တဲ့ ခြေဖနောင့်ကို ၁၀ မိနစ်ခန့် ခပ်ဖွ ဖွလေး နှိပ်နယ်ပေးနိုင်ပါတယ်။

အကြောဆန့်လေ့ကျင့်ခန်း
တချို့ကိစ္စတွေမှာ အကြောဆန့်လေ့ကျင့်ခန်းက ကြွက်သား တွေကိုပြေလျော့သွားစေပြီး နာ ကျင်မှုတွေကိုသက်သာသွားစေပါတယ်။

ဆားရည်စိမ်
ဆားရည်နဲ့ခြေထောက်စိမ်ပေးတာက ခြေဖနောင့်နာကျင်မှုကို သက်သာစေပါတယ်။ ဆားထဲမှာပါဝင်တဲ့ Magnesium Sulfate အခဲလေးတွေက နာကျင်ခြင်း၊ ရောင်ရမ်းခြင်းတွေကို လျှော့ချပေးပါတယ်။ ဒါ့အပြင် ရေခပ်နွေးနွေး လေးကလူကိုသက်သောင့်သက်သာဖြစ်စေပါတယ်။ ဆား စားပွဲတင်ဇွန်း (၃)ဇွန်းနဲ့ ရေခပ်နွေးနွေးရောစပ်ပြီး ၁၀-၁၅ မိနစ်ခန့်ကြာအောင် စိမ်ပေးပါ။ ပြီးမှ ရေသုတ်ပြီး ၅ မိနစ် ခန့် ခပ်ဖွဖွနှိပ်နယ်ပေးပါ။

နနွင်း
နနွင်းကလည်း နာကျင်မှု သက်သာစေတဲ့ သဘာဝဆေးတစ် လက်ပါ။ နနွင်းမှာပါဝင်တဲ့ Curcurmin က နာကျင်မှုကိုသက်သာစေပြီး ရောင်ရမ်းမှုကို လျှော့ချပေးပါလိမ့်မယ်။ နွားနို့တစ်ခွက်၊ နနွင်းနဲ့ပျားရည် အနည်းငယ်ရောစပ်ပြီး တစ်နေ့ ၂-၃ကြိမ်လောက် သုံးပေးနိုင်ပါတယ်။

ငါးကြီးဆီ
ခြေဖနောင့်နာကျင်မှုဝေဒနာခံ စားရသူများ ငါးကြီးဆီ စားပေးဖို့လိုပါတယ်။ ငါးကြီးဆီမှာပါဝင်တဲ့ Eicosapentaencic Acid နဲ့ Omega 3 တို့က နာကျင်မှုကို လျော့ကျစေပါတယ်။

ချင်း
ကြွက်သားနာကျင်မှု ခံစားမှုတိုင်း ချင်းနဲ့မကင်းနိုင်ကြပါဘူး။ ချင်းမှာ နာကျင်ရောင်ရမ်းမှုကို သက်သာစေတဲ့ ဂုဏ်သတ္တိတွေပါဝင်ပါတယ်။ ဟင်းချက်ရာမှာ ချင်းကိုထည့်သွင်းအသုံးပြုနိုင်သလို ချင်းနဲ့ရေနွေး ရောစပ်ပြီးလည်း သောက်သုံးနိုင်ပါတယ်။ ဒါမှမဟုတ် နာကျင်တဲ့ဒဏ်ရာကို ချင်းအဆီသုံးပြီး နှိပ်နယ်ပေးနိုင်ပါသေးတယ်။

ပန်းသီးဂရက်ဗီနီဂါ
ပန်းသီးဂရက်ဗီနီဂါက ရောင် ရမ်းမှုကို သက်သာစေပါလိမ့်မယ်။ ရေနဲ့ပန်းသီးဂရက်ဗီနီဂါကို ခပ်နွေး နွေးဖြစ်အောင်အပူပေးပြီး အ၀တ် စိမ်ပါ။ အဲဒီအ၀တ်နဲ့ ခြေဖနောင့်ကို အုပ်ပေးထားပါ။ တစ်နေ့ ၂-၃ ကြိမ်အထိ ပြုလုပ်ပေးနိုင်ပါတယ်။

ရန်နိုင်

--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

 
Share on Google Plus

0 comments:

Post a Comment