ဒေါက်ဖိနပ်စီးတိုင်း မနာကျင်စေဖို့











သူတို့က နာကျင်စေတယ်…။ စိတ်ကိုမသက်မသာဖြစ်စေတယ်…။ လမ်းလျှောက်ဖို့တောင် တစ်ခါတစ်ရံ ခက်ခဲတယ်။ ဒါပေမယ့် မိန်းကလေးတိုင်း ဒေါက်ဖိနပ်မြင့်မြင့်လှလှလေးတွေကို မြတ်နိုးဆဲပါ။ ဒေါက် ဖိနပ်လေးတွေကလည်း ဘယ်တော့မှအမြင်ရိုးသွားရစေတယ်ဆိုတာမရှိဘူးလေ။ အဲဒီတော့ နာကျင်မှု ကင်းကင်း သက်တောင့်သက်သာ ဘယ်လိုလမ်းလျှောက်ကြမလဲ …

ဖိနပ်သစ်တွေကို ပွတ်ပစ်ပါ
ဒါ ဖိနပ်လှလှလေးတွေကို ဖျက်ဆီးရာရောက်တယ်ဆိုပြီး ထင်စရာရောက်ပါတယ်။ တကယ်လို့များ ဖိနပ်အသစ်လေးနဲ့ ခြေချော်သွားရင်ကော ပိုပြီးမနာကျင်ရဘူးလား။ အဲဒါကြောင့် ဒေါက်ဖိနပ်ခွာတွေကို ကြမ်းတမ်းတဲ့မျက်နှာပြင်နဲ့ ပွတ်တိုက်လိုက်ပါ။

အနားယူ
တစ်နေ့လုံး တစ်ညလုံး စီးထားဖို့မကြိုးစားပါနဲ့။ ဒေါက်မြင့်ဖိနပ်စီးပြီးလမ်းလျှောက်တိုင်း မကြာခဏ အနားယူပေးပါ။ ဒါမှနာကျင်မှုသက်သာစေမှာပါ။ 

မှန်ကန်တဲ့အရွယ်အစား
ခြေထောက်နဲ့မတော်တဲ့ ဖိနပ်စီးထားတာကလည်း နာကျင်စေပါလိမ့်မယ်။ အဲဒါကြောင့် ခြေဖ၀ါးအလျား၊ အကျယ်တို့ကို သေသေချာချာသိပြီးမှ သေသေချာချာစမ်းသပ်စီးပြီးမှဝယ်ပါ။

အောက်ခံအပါးရှောင်
နာကျင်မှုကင်းစေဖို့ နောက်ထပ်နည်းလမ်းတစ်ခုက ဖိနပ်ခွာမြင့်မြင့်ကိုရွေးချယ်ဖို့ပါ။ ပါးလျတဲ့ခွာက ခြေထောက်ကိုပိုပြီးနာကျင်စေပါလိမ့်မယ်။

မ၀ယ်ခင်စမ်းသပ်
ဒေါက်မြင့်ဖိနပ်တစ်ရံမ၀ယ်ခင်တိုင်း စမ်းသပ်စီးဖို့မမေ့ပါနဲ့။ ခြေထောက်အရွယ်အစားက အချိန်နဲ့အမျှ ပြောင်းလဲနေတာပါ။ အကောင်းဆုံးက ဘယ်ဖိနပ်ဝယ်ဝယ် ညနေခင်းတွေမှာဝယ်ပါ။

ခြေထောက်သက်သာစေဖို့
ခြေချောင်းလေးတွေကဒေါက်ဖိနပ်စီးတဲ့အခါ ခန္ဓာကိုယ်တစ်ခုလုံးရဲ့အလေးချိန်ကို သယ်ပိုးထားရတာပါ။ အဲဒါကြောင့် အချိန်နဲ့အမျှ နာကျင်ရပါတယ်။ အကောင်းဆုံးက Cushion လိုမျိုးလေးခံပြီးစီးပေးရင် ခြေချောင်းလေးတွေနာကျင်တာသက်သာစေပါလိမ့်မယ်။

မတ်မတ်ရပ်
မှန်ကန်တဲ့ကိုယ်နေဟန်ထားက နာကျင်မှုကိုသက်သာစေပါတယ်။ အဲဒါကြောင့် မတ်မတ်ရပ်ပြီး ခန္ဓာကိုယ်တစ်ခုလုံးရဲ့အလေးချိန်ကို ခြေထောက်အဖျားလေးမှာ ညီမျှအောင်ထားပေးပါ။

ယုံကြည်မှုရှိ
နာကျင်စေတဲ့အကြောင်းအရာတစ်ခုကတော့ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုမရှိတာပါ။ အဲဒီတော့ လမ်းလျှောက်တိုင်း စိတ်ထဲကမသက်မသာဖြစ်ပြီး နာကျင်စေရပါတယ်။

ကိုယ့်အမြင့်ကိုယ်ထိန်း
ဒေါက်ဖိနပ်မြင့်လေ ပိုပြီးနာကျင်ရလေပါ။ ချော်လဲနိုင်ခြေလည်းပိုများပါတယ်။ အဲဒါကြောင့် အတတ်နိုင်ဆုံး ကိုယ်နိုင်မယ်ထင်တဲ့ဖိနပ်အမြင့်မျိုးသာရွေးချယ်စီးပါ။

Crystal
--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

 
Share on Google Plus

0 comments:

Post a Comment