စအိုကွဲတာက
စအိုတစ်ဝိုက်မှာ ကွဲအက်တဲ့ဝေဒနာကြောင့်ဝမ်း သွားတဲ့အခါ မသက်မသာဖြစ်ရပါတယ်။
ဝမ်းချုပ်သူအများစုက
စအိုကွဲတဲ့ပြဿနာကို ကြုံတွေ့ရလေ့ရှိပါတယ်။ ၀မ်းသွားခြင်း၊
စအိုရောင်ရမ်းခြင်း၊ ကာလသားရောဂါတို့လို
လိင်ဆက်ဆံခြင်းကနေတစ်ဆင့် ကူးစက်တတ်တဲ့ရောဂါတွေကြောင့် လည်းဖြစ်နိုင်
ပါတယ်။ ရောဂါလက္ခဏာအနေနဲ့ဝမ်းသွားတဲ့အခါ စအိုဝက စပ်ဖျဉ်းဖျဉ်းဖြစ်နေတာမျိုး၊
သွေးစလေးတွေ ကြုံရတတ်ပါတယ်။ ဒီဝေဒနာက
ကြုံလာရတဲ့အခါအနည်းငယ်လန့်စရာကောင်းပေမယ့် သူ့ကို ကုသပေးဖို့
နည်းလမ်းကောင်းလေးတွေရှိပါတယ်။
သံလွင်ဆီ
သံလွင်ဆီမှာကျန်းမာစေတဲ့
အဆီဓာတ်တွေများစွာပါဝင်ပြီး ၀မ်းသွားတဲ့အခါ
အူလမ်းကြောင်းစနစ်ကို ချောမွေ့စေပါတယ်။ ရောင်ရမ်းနာကျင်ခြင်းကို သက်သာစေတဲ့ဂုဏ်သတ္တိက
စအိုကွဲခြင်းကြောင့် နာကျင်မှုကိုသက်သာစေပါလိမ့်မယ်။ သံလွင်ဆီ၊
ပျားရည်၊ ပျားဖယောင်းတို့ကိုရောစပ်ပြီး ပျားဖယောင်းပျော်သွားသည်အထိအပူပေးပါ။
အအေးခံပြီးနောက်
အဲဒီအရည်ကို ဒဏ်ရာမှာလိမ်းပေးနိုင်ပါတယ်။
ရှားစောင်းလက်ပတ်
ရှားစောင်းလက်ပတ်ပင်မှာလည်း
စအိုကွဲခြင်း၊ အရေပြားဒဏ်ရာရပျက်စီးခြင်းတွေကို
သက်သာစေတဲ့
သဘာဝအစွမ်းပါရှိပါတယ်။ ရှားစောင်းလက်ပတ်အတွင်းမှအသားကိုခြစ်ယူပြီး ဒဏ်ရာမှာလိမ်းပေးပါ။
တစ်နေ့ကိုအကြိမ်များစွာလိမ်းပေးနိုင်ပါတယ်။
ရေနွေး
ရေခပ်နွေးနွေးလေးနဲ့
ရေချိုးပေးတာကလည်း သွေးလည်ပတ်မှုကောင်းစေပြီးစအိုတစ်ဝိုက် နာကျင်တာတွေကိုသက်သာစေပါတယ်။
ရေနွေးလေးနဲ့ရေချိုးပေးတဲ့အတွက်ယားယံတာတွေကိုလည်း သက်သာစေပါလိမ့်မယ်။ ရေခပ်နွေးနွေးလေးထဲမှာ
လာဗင်ဒါအဆီ အနည်းငယ်ထည့်ပြီးမွှေပေးပါ။ ပြီးမှအဲဒီရေနွေးထဲမှာ ၁၅-၂၀မိနစ်ခန့်ကြာအောင်
တစ်နေ့ ၂ကြိမ်၊ ၃ကြိမ်စိမ်ပေးပါ။
အုန်းဆီ
အုန်းဆီကလည်း
စအိုကွဲတဲ့ဝေဒနာအတွက် သဘာဝဆေးဖက်ဝင်ပစ္စည်းတစ်လက်ပါ။ အုန်းဆီမှာ
သဘာဝအတိုင်းပါဝင်တဲ့ဓာတ်တွေက
အသားအတွင်းကိုအလွယ်တကူစိမ့်ဝင်သွာစေနိုင်ပြီး ဒဏ်ရာကိုချောမွေ့စေသလိုသဘာဝတိုင်းကုသပေးပါတယ်။
အုန်းဆီကို ဒဏ်ရာတစ်ဝိုက်မှာ
တစ်နေ့ (၂)ကြိမ်၊
(၃)ကြိမ်ခန့်လိမ်းပေးပါ။ နာတာရှည်ဖြစ်သူများအနေနဲ့ တစ်နေ့ကို အကြိမ်ပေါင်းများစွာလိမ်းပေးနိုင်ပါတယ်။
ဝမ်းချုပ်တတ်သူများဝမ်းပျော့ပျော့သွားစေဖို့
နေ့စဉ်အစားအစာထဲမှာ
အုန်းဆီထည့်သွင်းစားသုံးနိုင်ပါတယ်။
ပန်းသီးအရက်ဗီနီဂါ
ဝမ်းချုပ်နေစဉ်အတွင်း
စအိုကွဲတဲ့ဝေဒနာက ပိုပြီးတောင်ဆိုးရွားစေပါတယ်။ ပန်းသီးအရက်ဗီနီဂါကတော့ ၀မ်းချုပ်ပြဿနာကို
အလွယ်တကူကုသပေးနိုင်ပါတယ်။
ပန်းသီးအရက်ဗီနီဂါထဲမှာပါဝင်တဲ့
Pectin ဆိုတဲ့ဓာတ်တစ်မျိုးက
အစာခြေဖျက်ခြင်းကိုအားပေးပြီး
ဝမ်းမှန်စေပါတယ်။
ပန်းသီးအရက်ဗီနီဂါ(၂)ဇွန်း ပျားရည်အနည်းငယ်ကို
ရေတစ်ခွက်နဲ့ရောစပ်ပြီး
တစ်နေ့နှစ်ကြိမ်သောက်ပေးပါ။
အမျှင်ဓာတ်
အမျှင်ဓာတ်ကြွယ်ဝတဲ့အစားအစာတွေကလည်း
စအိုကွဲရတဲ့အကြောင်းရင်းတစ်ခုဖြစ်တဲ့
ဝမ်းချုပ်ခြင်းကိုသက်သာစေပါတယ်။
နေ့စဉ်စားသုံးတဲ့အစားအစာထဲမှာ အမျှင်ဓာတ်ကြွယ်ဝတဲ့ဟင်းသီးဟင်းရွက်မျိုး ထည့်သွင်းစားပေးပါ။
ဆရာဝန်နဲ့တိုင်ပင်ပြီးအမျှင်ဓာတ်ဖြည့်
စွက်အာဟာရတွေလည်း စားပေးနိုင်ပါတယ်။
တစ်ကိုယ်ရည်သန့်ရှင်းရေး
စအိုကွဲဝေဒနာသက်သာစေဖို့အတွက်
တစ်ကိုယ်ရည်သန့်ရှင်းမှုကို ထိန်းသိမ်းဖို့လည်းလိုအပ်ပါသေးတယ်။
ပထမဆုံးဒဏ်ရာကို
ခြောက်သွေ့သန့်ရှင်းအောင်ထားပါ။ အစိုဓာတ်က ဘတ်တီးရီးယားကူးစက်မှုကို လျှင်မြန်စွာပြန့်ပွားစေပါတယ်။
ဝမ်းသွားပြီးတိုင်းစင်ကြယ် အောင်သန့်ရှင်းရေးလုပ်ပါ။ ကြမ်းတမ်းတဲ့ စက္ကူတွေအသုံးပြုခြင်းရှောင်ပါ။
ရေချိုးပြီးတိုင်း ကလေး ပေါင်ဒါမုန့်သိပ်ပေးပါ။ တင်းကြပ် လွန်းတဲ့အ၀တ်အစားများဝတ်ခြင်း
ရှောင်ပါ။လေ၀င်လေထွက်ကောင်း စေတဲ့ အ၀တ်အစားမျိုးဝတ်ဆင်ပါ။
ရန်နိုင်
--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု
ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...www.facebook.com/shapejournal
www.facebook.com/groups/weloveshape
0 comments:
Post a Comment