လက်ထပ်လိုက်ပြီဆိုရင်ကိုယ့်မိဘကလည်း
သူ့မိဘ၊ သူ့မိဘကလည်းကိုယ့်မိဘဖြစ်သွားကြပြီပေါ့။ ဒါကပြဿနာမရှိပါဘူး။ ဒါပေမယ့် သူ့မိဘ၊
ကိုယ့်မိဘအိမ်မှာ အတူတူနေရပြီးဆိုရင်တော့ ယောက္ခမ အသိုင်းအ၀ိုင်းကပြသဿသနာကစလာပါပြီ။
ဆန္ဒတွေ…၊ အာဏာပါဝါတွေ…။ ချစ်လို့ယူထားတာက ကိုယ့်ယောက်ျား၊ ကိုယ့်မိန်းမ။ သဘောကျနေပေးရတာက
ယောက္ခမအကြိုက်။ လူတိုင်းအတွက်တော့ မဟုတ်ပေမယ့် ပတ်ဝန်းကျင်မှာအမြဲတမ်းကြုံရ၊ ဆုံရ၊
မြင်ရ၊ ကြားရတဲ့ပြဿနာတွေပါ။ အဲဒီတော့ သူ့မိသားစုနဲ့ ဘယ်လိုဆက်ဆံမလဲ။
ကိုယ့်လက်တွဲဖော်နဲ့
တွဲလက်ညီပါစေ
ဒါက
ယောက္ခမမိသားစုနဲ့
ဆက်ဆံရေးမှာအရေးကြီးဆုံးပါ။ သူ့ကို ကိုယ်နဲ့သူ့မိဘဆွေမျိုးတွေအကြား
တစ်ယောက်ယောက်မဖြစ်မနေရွေးချယ်ဖို့လိုပြီဆိုတဲ့အခြေအနေမျိုးမရောက်ပါစေနဲ့။
ဒါ သူ့ကိုလမ်းဆုံးပို့လိုက်သလိုပါပဲ။ အဲဒီလိုလုပ်မယ့်အစား
သူတန်ဖိုးထားမြတ်နိုးတာတွေကို
ကိုယ့်ဘက်ကတန်ဖိုးထားတတ်စေဖို့ ကြိုးစားကြည့်ပါ။
အတားအဆီးထား
အတားအဆီးဆိုတဲ့ကိစ္စနဲ့ပတ်သက်လို့နည်းနည်းခက်ပါတယ်။ ဥပမာ ကိုယ်ပိုင်အချိန်ယူတာမျိုးပေါ့။ ယောက္ခမအိမ်မှာနေလို့
သူတို့ဝေယျာဝစ္စတွေအကုန်လိုက်လုပ်ပေးရမယ်။ သူတို့ဘာပြောပြော၊ ဘာလုပ်လုပ် ခေါင်းငြိမ့်ရမယ်။
ခေါင်းငုံ့ခံရမယ်ဆိုတာမျိုးတွေပေါ့။ အဲဒါမျိုးတွေ ကြိုမဖြစ်ရအောင် ကိုယ့်လွတ်လပ်ခွင့်အတွက်
ကန့်သတ်ထားပါ။
လိုက်လျောညီထွေ
ယောက္ခမနဲ့ဆက်ဆံပြီဆိုမှ
လိုက်လျောညီထွေနေတတ်ဖို့ကအရေးကြီးပါတယ်။ လုပ်တာ မလုပ်တာ၊ သဘောကျတာ မကျတာ နောက်မှထား။
ဘာပြောပြော သူတို့နဲ့သာ ရေလိုက်ငါးလိုက်လေးနေပေးတဲ့အချိန် ထားထားပေးပါ။
တိုက်ရိုက်ဆက်ဆံ
မြင်ဖူး၊
ကြားဖူးကြမှာပါ။ ယောက္ခမနဲ့မတည့်လို့ ကြားကနေ ကိုယ့်ယောက်ျား၊ ကိုယ့်မိန်းမက သံတမန် လုပ်ပေးရတဲ့အဖြစ်။
ကိုယ့်အတွက်တော့ တိုက်ရိုက်စကားမပြောရလို့ အဆင်ပြေတယ်ထင်စရာရှိပေမဲ့ တစ်ဖက်ကကြည့်ပြန်တော့
တကယ့်ပြဿနာကြီးပါ။ အထင်အမြင်လွဲစရာတွေ၊ နားလည်မှု လွဲစရာတွေဖြစ် လာနိုင်ခြေ ပိုကြီးထွားလာပါလိမ့်မယ်။
ကိုယ့်ကိုယ်ကိုယ်သိ
တစ်ခါတလေတော့လည်း
မလုပ်ချင်တာတွေဘဲလာပြောနေလို့ ငြင်းလွှတ်လို့မကောင်းတဲ့ အခြေအနေတွေ ရှိပါတယ်။ ဘယ်လောက်အထိလုပ်ပေးနိုင်မလဲ…။
စိတ်ပါလက်ပါနဲ့သာလုပ်ပေးပါ။
ရင့်ကျက်ပါစေ
ကိုယ့်လက်တွဲဖော်နဲ့ဆိုရင်
ဘယ်လောက်ပဲဖြစ်ဖြစ် ကလေးဆန်လို့ရပါတယ်။ ဆိုးသွမ်းနေခွင့်ရှိပါတယ်။ ဒါပေမယ့် ယောက္ခမ
မိသားစုရှေ့မှာတော့ ရင့်ကျက်တည်ငြိမ်နေတဲ့အသွင်ဆောင်ပါ။
ကြင်နာပါ
ကိုယ့်ဘက်က
ဘယ်လောက်ပဲဒေါသထွက်လို့ အံကြိတ်လိုက်ရတဲ့အခြေအနေရှိပေမယ့် အတတ်နိုင်ဆုံး အညင်သာဆုံးသာပြောပေးပါ။
ကြမ်းတမ်းတဲ့စကားတွေက မိသားစုကြားပိုပြီး အဟကြီးသွားစေမှာ မဟုတ်ပါလား။
--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု
ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...www.facebook.com/shapejournal
www.facebook.com/groups/weloveshape
0 comments:
Post a Comment