အထိအတွေ့ကိုမက်မောတွယ်တာတဲ့အထဲမှာ
လူသားတွေကထိပ်ဆုံးကပါ။ ခန္ဓာကိုယ်ကို သိုင်းဖက်ထား တာမျိုး၊ လက်ချင်းချိတ်ထားတာမျိုး၊
ကိုယ့်ကိုယ်နွေးထွေး လုံခြုံစေတယ်ထင်ရတဲ့ ခန္ဓာကိုယ်ရုပ်ပိုင်းဆိုင်ရာ အထိအတွေ့မျိုးပေါ့။
ဘာကြောင့်လဲ…။ ဒီလို ခန္ဓာကိုယ်အထိအတွေ့က တစ်ယောက်နဲ့တစ် ယောက် အကြား ရင်းနှီးမှုကိုပိုပြီးခိုင်မြဲစေလို့ပါ။
ပတ်ဝန်းကျင်ကချစ်သူတွေ လက်ကိုတွဲပြီးလမ်းလျှောက်ကြတယ်။ လက်တွဲပြီးလမ်းလျှောက်ဖို့ ရှက်ရွံ့မနေပါနဲ့။
ဒီလိုလက်တွဲထားတယ်ဆိုတာ ထင်ထားတာထက် တောင်ပိုတဲ့ အဓိပ္ပါယ်တွေအများကြီးရှိပါတယ်။
လုံခြုံစေတယ်
ငယ်ရွယ်စဉ်အချိန်တုန်းက
ကြောက်ရွံ့တဲ့အခါ ကိုယ့်မိဘအနားပြေးကပ်ပြီး သူတို့ရဲ့လက်ကိုခိုင်ခိုင် မြဲမြဲဆုပ်ကိုင်ခဲ့ဖူးတာကို
ပြန်ပြီးမြင်ယောင်ကြည့်ပါ။ ဒါကကိုယ်တွေအသက်အရွယ်ကြီးလာတဲ့အထိ ဒီအကျင့်ကမပြောင်းလဲပါဘူး။
ကြောက်ရွံ့လာတဲ့အခါ ကိုယ်ယုံကြည်အားကိုးရတဲ့တစ်စုံတစ်ယောက်လက် ကိုကိုင်မိတတ်ကြပါတယ်။
သူ့လက်ကိုကိုင်ထားခွင့်ရလိုက်တဲ့တစ်ခဏက ကိုယ်ဟာတစ်ယောက်တည်း မဟုတ်ဘူး။ ကိုယ့်ကိုလုံခြုံမှုပေးမယ့်
တစ်စုံတစ်ယောက်ရှိနေတယ်ဆိုတဲ့အသိကို ၀င်လာစေပါတယ်။
တစ်စုံတစ်ယောက်နဲ့ ချစ်ခြင်းမေတ္တာကိုပြတယ်
လူမြင်ကွင်းမှာတစ်ယောက်
လက်ကိုတစ် ယောက်ဆုပ်ကိုင်ထားတယ်ဆိုတာ ကိုယ်ဟာသူရှိနေတဲ့အတွက် ဘယ်လောက်ပျော်ရွှင်ရတယ်။
သူက လည်းကိုယ်ရှိနေတဲ့အတွက် ဘယ်လောက်စိတ်ကျေနပ်တယ် ဆိုတာကို ပတ်ဝန်းကျင်မှာ ရဲရဲဝံ့ဝံ့ဖော်ပြနေတဲ့
အဓိပ္ပါယ်ပါ။
သာတူညီမျှမှု
လက်ချင်းအတူချိတ်၊
ဘေးချင်းကပ်လမ်း လျှောက်တာက ဆက်ဆံရေးတစ်ခုမှာ ဘယ်သူက ဘယ်သူ့ ကိုဦးဆောင်ခြင်း၊ လွှမ်းမိုးခြင်းမရှိဘူးဆိုတဲ့
သင်္ကေတပါ။ အဲဒီတော့နှစ်ယောက်စလုံးသာတူညီ မျှရှိကြတာပေါ့။
စိတ်ပေါ့ပါးစေတယ်
ကိုယ်ချစ်ရတဲ့သူရဲ့လက်ကိုကိုင်ထားတဲ့အချိန်က
စိတ်ဖိစီးမှုတွေ လွင့်ပါး သွားရတဲ့အချိန်ပါ။ တစ် ယောက်လက်ကိုတစ်ယောက် ကိုင်ထားတဲ့အချိန်မှာ
လမ်းကြောင်းတစ်ခုတည်းကိုဦးတည်နေပေမယ့် အဲဒီလမ်း ကြောင်းပေါ်က ခလုပ်ကန်သင်းတွေကို ကိုယ်ချစ်တဲ့
သူနဲ့အတူဝေမျှခွင့်ရတယ်ဆိုပြီး ဦးနှောက်နဲ့နှလုံးသားက အသိပေးနေပါတယ်။
နာကျင်မှုကိုသက်သာစေတယ်
တစ်ယောက်နဲ့တစ်ယောက်
ရုပ်ပိုင်းဆိုင်ရာ ထိတွေ့မှုက ခန္ဓာကိုယ်မှနာကျင်မှုကို သက်သာစေတဲ့ ဟိုမုန်းတွေကိုထုတ်လုပ်ပေးပါတယ်။
သွေးဖိအားကျစေတယ်
တစ်ယောက်နဲ့တစ်ယောက်ထိတွေ့တာကြောင့်
ထွက်ပေါ်လာတဲ့ နာကျင်မှုကို သက်သာစေတဲ့ ဟိုမုန်းတွေ က သွေးဖိအားကိုထိန်းညှိပေးပါတယ်။ စိတ်ဖိစီးမှု
တွေကိုသက်သာစေတဲ့အတွက် ခန္ဓာကိုယ်ရဲ့ ခုခံအား စနစ်ကို ပိုပြီးကောင်းမွန်လာစေပါတယ်။
ကြောက်ရွံ့မှုကို
လျော့ပါးစေတယ်…
ကိုယ်ချစ်ရသူရဲ့လက်ကိုကိုင်
ထားခွင့်ရလိုက်တဲ့အချိန်က အံ့သြစရာကောင်းလောက်အောင် ထူးခြား လှပါတယ်။ ကိုယ့်ကိုယ်လုံခြုံမှုပေးမယ့်၊
ကိုယ်အန္တရာယ်ဖြစ်လာရင် ကာကွယ်ပေးမယ့်သူရှိနေတဲ့ခံစား ချက်ကပတ်ဝန်းကျင်ကအကြောက် တရားတွေကိုရင်ဆိုင်နိုင်စွမ်းရှိလာစေပါတယ်။
လူကြားထဲရောက်လာတဲ့အခါ
ငယ်ငယ်ကတည်းက
လူအများကြီး ကြားထဲရောက်လာတဲ့အခါ မိဘတွေ ပြောတဲ့ 'လက်ကိုသေချာကိုင်ထား နော်'ဆိုတဲ့စကားပြန်မြင်ယောင်မိကြည့်ပါ။
အသက်အရွယ်ကြီးလာခဲ့ တော့လည်း ဒီအတိုင်းပါပဲ။ ကိုယ့်ကိုယ် လူတွေကြားထဲမှာ ကျန်ရစ်မနေစေဘဲ
သူနဲ့အတူလိုရာကိုရောက်အောင်တွဲခေါ် သွားပေးမယ့်လက်တစ်စုံရှိနေပါတယ်။
Whitney
--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု
ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...www.facebook.com/shapejournal
www.facebook.com/groups/weloveshape
0 comments:
Post a Comment