လူတစ်ယောက်ကိုယ့်အပေါ်
ဘယ်လိုသဘောထားရှိတယ်ဆိုပြီး ဆုံးဖြတ်ရတာ လွယ်မယောင်နဲ့ ခက်ခဲတဲ့အလုပ်တစ်ခုပါ။ သူကပုံမှန်ထက်
ယဉ်ယဉ်ကျေးကျေး ဆက်ဆံနေတာလား ဒါမှမဟုတ် ဒိတ်လုပ်ရတာစိတ်မပါဘဲ အိမ်ပြန်ချင်လို့ ရှောင်ထွက်ချင်လာလို့
ထွက်ပေါက်ရှာနေတာလား။ ဒါမှမဟုတ် သူတစ်ခုခုပြောလိုက်တာကို အငြင်းခံရမှာကြောက်ရွံ့နေတာလား၊
ရှက်နေတာလား။ကဲ… ရှည်ရှည်ဝေးဝေး စဉ်းစားမနေပါနဲ့လား။ သူကိုယ့်ကိုကြိုက်နေလားမကြိုက်ဘူးလားဆိုတာသည်
လက္ခဏာလေးတွေကြည့်ပြီးဆုံးဖြတ်လိုက်ပါ။
သိသာစေတဲ့ သင်္ကေတ
ယုံချင်ယုံ
မယုံချင်နေပါ။ လူတစ်ယောက်က ကိုယ့်ကိုကြိုက်သလား မကြိုက်ဘူးလားဆိုတာကို သူ့ရဲ့ခြေထောက်လားရာကို
ကြည့်ပြီးဆုံးဖြတ်နိုင်ပါတယ်။ သူ့ရဲ့ခြေထောက်က ကိုယ့်ဆီတည့် တည့်လှည့်ထားရင်တော့ သူကိုယ့်ကိုကြိုက်ပါတယ်။
ကိုယ်နဲ့ပြောဆိုနေတာသက်တောင့်သက်သာ ဖြစ်ဆိုတဲ့လက္ခဏာပါ။ ကိုယ့်ဆီတည့်တည့်မထားဘဲ တခြားဘက်ကို
ဦးတည်ထားရင်တော့သေချာပေါက် သူကိုယ့်ကိုသဘောမကျဘူး ထွက်ပေါက်ရှာနေပါတယ်။
လှုပ်ရှားပုံအမူအရာ
လူတစ်ယောက်ရဲ့လှုပ်ရှားပုံအရှိန်ကလည်း
ကိုယ့်ကိုကြိုက်မကြိုက်ဆိုတာပေါ်လွင်ပါစေပါတယ်။
တကယ်လို့
သူ့ရဲ့ကိုယ်လက်အမူအရာတွေက မြန်မြန်ဆန်ဆန်လှုပ်ရှားနေပြီး ကတိုက်ကရိုက်ဖြစ်နေရင်တော့
သူကိုယ်နဲ့ဆုံရတာ စိတ်ထဲမသင်္ကာဖြစ်နေတယ်။ စိတ်လှုပ်ရှားနေတယ်ဆိုတဲ့ လက္ခဏာပါ။ တကယ်လို့သူ့ရဲ့
လှုပ်ရှားမှုတွေက တည်ငြိမ်နေရင်တော့ ကိုယ်နဲ့တွေ့ဆုံရတာသက် တောင့်သက်သာဖြစ်တယ်ဆိုတဲ့
လက္ခဏာပါ။
ကိုယ့်ဘက်ကို ယိမ်းယိုင်နေမယ်
ခန္ဓာကိုယ်လှုပ်ရှားမှုတွေထဲက
အသိသာဆုံးလက္ခဏာတစ်ခုကတော့ သူကကိုယ့်ဘက်ကို ယိမ်းယိုင်နေ သလဲဆိုတာပါဘဲ။ ကိုယ်စိတ်ဝင်စားတဲ့လူဘက်ကို
ဘယ်သူမဆို နီးကပ်ချင်ကြမှာပါ။ အဲဒီတော့ သူဘယ်ဘက်ကိုယိမ်းနေသလဲဆိုတာ ကိုယ့်အနေနဲ့ ကောင်းကောင်းသတိထားကြည့်ပါ။
အထိအတွေ့လေးတွေ
ကိုယ့်ပခုံး၊
လက်မောင်း၊ လက်ကလေးကိုမသိမသာထိတွေ့လိုက်တာကလည်း
သူကိုယ့်ဘက်စိတ်ရောက်နေတယ်ဆိုတဲ့
လက္ခဏာတစ်ခုပါ။ ကိုယ့်ကိုစိတ်မ၀င်စားတဲ့လူက
ဘယ်လိုအကြောင်းကြောင့်ဖြစ်စေ
ကိုယ်နဲ့ခပ်ခွာခွာနေပါလိမ့်မယ်။
မျက်လုံးအကြည့်
မျက်လုံးချင်းအကြည့်ဆုံတိုင်း
သူ့မျက်ဝန်းကို လေ့လာကြည့်ပါ။ မျက်လုံးဆိုတာ လူတစ်ယောက်ရဲ့
အမှန်တရားကိုဖော်ပြပေးနေတဲ့
စိတ်ထွက်ပေါက်တစ်ခုလည်းဖြစ်ပါတယ်။ သူနဲ့မျက်ဝန်းချင်းဆုံတဲ့အခါ
ကိုယ့်ကိုသူအချိန်
ခပ်ကြာကြာလေးစိုက်ကြည့်နေသလား။ ဒါမှမဟုတ် အေးစက်စက်အကြည့်နဲ့
ရှောင်ဖယ်သွားတတ်သလား။
သတိထားခံစားကြည့်ပါ။ အဖြေကရှင်းပါတယ်။
သူ့ရဲ့အသံနေအသံထားယောက်ျား
မိန်းမဘယ်သူဖြစ်ဖြစ် သူနှစ်သက်တဲ့တစ်စုံတစ်ယောက်နဲ့ကြုံဆုံတဲ့အခါ
အသံပြောင်းလဲသွားတတ်ပါတယ်။
ယောက်ျားလေးဆိုရင် အသံက နက်နက်နဲနဲနဲ့ ကြည်လင်နေမယ်။
မိန်းကလေးဆိုရင်
အသံကနူးညံ့ညင်သာနေမယ်။ ဒါက ကိုယ်နှစ်သက်တဲ့ တစ်စုံတစ်ယောက်နဲ့
ကြုံလာတဲ့အခါ
ပြောင်းလဲတတ်တဲ့ လက္ခဏာတွေထဲကတစ်ခုပါ။
အပြုံး
လူတစ်ယောက်ကို
နှစ်သက်တဲ့အခါ သူ့ရဲ့အပြုံးက နွေးထွေးပြီး ချိုမြနေပါတယ်။ ဒါက မြင်ရုံနဲ့သိ သာသလို
နှလုံးသားရှိသူတိုင်းလည်းခံစားတတ်ပါတယ်။ အပြုံးတစ်ခုကြောင့်ပဲ လူနှစ်ယောက် နီးစပ်သွားသလို
အပြုံးတစ်ခုကြောင့်ပဲ
လူနှစ်ယောက်ဝေးကွာသွားတတ်ကြပါတယ်။
Whitney
--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု
ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...www.facebook.com/shapejournal
www.facebook.com/groups/weloveshape
0 comments:
Post a Comment