" ဒီနှစ်ဆောင်း"




" ဒီနှစ်ဆောင်း"
တွေ့ခွင့်ရဖို့အတွက်လေ
ဘဝတွေစုန်ဆန်မျောနေတဲ့ကြားထဲက
ကောက်ရိုးဖျော့ရောင်အိပ်မက်လေးပါပဲ
လက်ထဲဖမ်းဆုပ်မိတဲ့အခါ
ဒဏ်ရာတွေ...
မင်းရည်စူးခြင်းသက်သက်ကလည်း ငါ့ကိုမဟုတ်
ငါလည်းအပျော်သက်သက်လို့ မင်းကို မရည်စူး
ကြယ်တွေလို ဘဝတွေ
အဆင်ပြေသလိုပေါ့ကွာ။
ပြက္ခဒိန်တွေပြောင်းလဲသွားတော့မှာ၊
ဒီတစ်ဆောင်းက တိုက်တဲ့လေ သိပ်အေးတာပဲ
ဘုရားဟော ဒေသနာတွေနဲ့
ဘယ်ကျမ်းစာမှာမှ မမှားတဲ့တရား
မေတ္တာပဲ ပေးချင်မိသူပါ။
လမ်းတွေအတိုင်းဆက်လျှောက်နေတယ်
မေတ္တာတရားနဲ့ နီးပြီး
လက်တွေ့တရားတွေနဲ့ ဝေးရတယ်
ရာသီစာ တုပ်ကွေးပဲ ဖြစ်ဖြစ်
အခုတော့ ငါခန္ဓာကိုယ်မှာ
အောက်မေ့တသခြင်းများ.....
#ခွန်းညိုသွေး

Share on Google Plus

0 comments:

Post a Comment