ဆီးမှာပါဝင်တဲ့ တချို့သော ဓာတုပစ္စည်းလေးတွေက အကြွင်း အကျန်များလာတဲ့အခါ အားလုံးစုစည်းပြီး ဆီးအိမ်မှာကျောက်တည် လာပါတော့မယ်။ အများအားဖြင့် တော့ ကယ်လ်ဆီယမ်နဲ့ Oxalate ဒါမှမဟုတ် Phoshorus နဲ့ ပေါင်းစပ်တဲ့အခါ ကျောက်တည်လာပါတယ်။ ဒါပေမဲ့ Uric acid များ ပြားနေခြင်းကလည်း ဆီး ကျောက်တည်ခြင်းဖြစ်စေ တတ်ပါတယ်။ မိန်းကလေးထက် အသက် ၂၀ မှ ၄၀ အရွယ် ယောက်ျားလေးများက ဆီးကျောက် တည်ခြင်းဝေဒနာ ကို ခံစားရတတ်ပါ တယ်။ ကျောက်က သေးနေချိန်မှာ ဆီးနဲ့အတူခန္ဓာကိုယ် ပြင်ပကိုရောက်သွား ပေမယ့် ကျောက်ကြီး မားလာတဲ့အခါမှာတော့ ဆီးလမ်းကြောင်းကိုပိတ်သွားစေနိုင်သလို ခံစားရတာလည်းခက်ခဲလှပါတယ်။ အဲဒီတော့ ဆီးကျောက်တည်တဲ့ဝေဒနာကို ဘယ်လိုကုသကြမလဲ။
ရေများများသောက်
ရေအလုံအလောက်မသောက် သုံးခြင်းက ကျောက်ကပ်ကိုထိခိုက်စေနိုင်သလို ဆီးကျောက်တည်နိုင် ခြေလည်းများပါတယ်။ ရေသောက် သုံးခြင်းက ခန္ဓာကိုယ်ကမလိုအပ် တဲ့အညစ်အကြေးတွေကို စွန့်ထုတ် လိုက်သလိုဖြစ်စေပြီး ဆီးကျောက် တည်ဖို့အလားအလာတွေနည်းသွားပါလိမ့်မယ်။ တစ်ညလုံးဆီးမစွန့် ထားတဲ့အတွက် နံနက်ခင်းအချိန်မှာ ဆီးအရောင်က အ၀ါရင့်ရောင်ဖြစ်နေပါလိမ့်မယ်။ အ၀ါရင့်ရောင်ဆီးက ရေအလုံလောက်မသောက်သုံးခြင်းရဲ့လက္ခဏာပါ။ ကျောက်ကပ်ကျန်းမာစေဖို့ လူတစ်ယောက်ကတစ်နေ့ ကိုရေ ၁၀-၁၂ဖန်ခွက်သောက်သုံးပေးတာပိုကောင်းပါတယ်။ ဒါမှမဟုတ် လိမ္မော်ရည်၊ သံပုရာရည်တို့လည်း သောက်သုံးပေးနိုင်ပါတယ်။
သံဓာတ်ကြွယ်ဝတဲ့ အစားအစာစား
နေ့စဉ်စားသုံးတဲ့ အစားအစာထဲမှာ ကယ်ဆီယမ်ဓာတ်နည်းပါးခြင်းက ခန္ဓာကိုယ်တွင်း Oxalate တွေကိုတိုးပွားစေပြီး ဆီးကျောက်တည်ဖို့အလားအလာများပါတယ်။ ကယ်ဆီယမ်ဓာတ်ကြွယ်ဝစွာပါဝင်တဲ့ နို့ထွက်ပစ္စည်းတွေထည့်သွင်း စားပေးပါ။ အဲဒီလိုပဲ နံနက်ခင်း အစောပိုင်းမှာ ခန္ဓာကိုယ်က ဗီတာ မင်ဒီထုတ်လုပ်ပေးနိုင်ဖို့အတွက် နေရောင်ခြည်နဲ့ (၁၅)မိနစ်ခန့်ထိတွေ့ပေးပါ။ ဗီတာမင်ဒီက ကယ်ဆီ ယမ်ကိုပိုပြီးစုပ်ယူပေးနိုင်ပါတယ်။
Oxalate ကယ်ဝတဲ့အစား အစာတွေစားသုံးခြင်းကန့်သတ်
Oxalate ကြွယ်ဝတဲ့ အစားအစာတွေကို စားသုံခြင်းကလည်း ဆီး ကျောက်တည်ဖို့အလားအလာများပါတယ်။ ဥထေူအေနျ က ခန္ဓာကိုယ် အတွင်း ကယ်လ်ဆီယမ်ဓာတ်စုပ် ယူမှုကိုတားဆီးပါတယ်။ ဆီး ကျောက်တည်သူများအနေနဲ့ ဟင်းနုနွယ်ရွက်၊ ချောကလက်၊ ပဲနို့၊ စတော်ဘယ်ရီသီးတို့ အသင့်အ တင့်စားသုံးပေးပါ။ ဗီတာမင် စီနေ့ စဉ်စားသုံးပေးပါ။
အငန်စားခြင်းလျှော့ချ
ဆိုဒီယမ်ကြွယ်ဝတဲ့အစားအစာတွေက ဆီးထဲမှာကယ်ဆီယမ် တွေများစေပြီး ဆီးကျောက်တည်ခြင်းကို ထောက်ပံ့ပေးပါတယ်။ ဒါတင်မကပါဘူး။ အငန်လွန်ကဲစွာစား တဲ့အတွက် ကျောက်ကပ်က ခန္ဓာ ကိုယ်တွင်းပိုလျှံနေတဲ့ ဆိုဒီယမ် တွေကိုစွန့်ထုတ်ဖို့ပိုပြီးအလုပ်လုပ်ရ ပါတယ်။ အဲဒါကြောင့် အငန်ဓာတ် အလွန်အကျွံစားသုံးခြင်းကို လုံးဝကန့်သတ်လိုက်ပါ။
အချိုလွန်ကဲစွာစားခြင်းရှောင်
အချိုလွန်ကဲစွာစားခြင်းကလည်း ဆီးကျောက်တည်ခြင်းဝေဒနာကို တွန်းအားပေးပါတယ်။ အချိုလွန်ကဲ စွာစားသုံးတဲ့အတွက် ခန္ဓာကိုယ် တွင်းကယ်ဆီယမ်နဲ့ မဂ္ဂနီဆီယံ စုပ်ယူမှုကိုမညီမမျှဖြစ်စေပါတယ်။ အဲဒါကြောင့် အချိုလွန်လွန်ကဲကဲ စားတာကိုလည်း လုံးဝကန့်သတ်လိုက်ပါ။
အနီရောင်အသားလျှော့စား
ပရိုတင်းကခန္ဓာကိုယ်အတွက် ကောင်းပါတယ်။ ဒါပေမဲ့ပရိုတင်း လွန်ကဲတာကလည်း ဆီး ကျောက်တည်ခြင်းကိုဦး တည်နေပါတယ်။ အနီ ရောင်အသားမှာခန္ဓာ ကိုယ်အတွင်း Uric acid ကိုထုတ် လုပ်မှုများပြား စေတဲ့ Purines ပါဝင်ပါတယ်။ ဒါက ဆီးရဲ့ စံကိုကျဆင်းစေပြီး အက်ဆစ်ဓာတ်လွန် ကဲသွားစေပါ တယ်။ ဆီးအ တွင်းအက်ဆစ် ဓာတ်လွန်ကဲစွာ ပါဝင်နေခြင်းက လည်းဆီးကျောက်တည်ခြင်းကို ဦး တည်နေပါတယ်။
ခန္ဓာကိုယ်အလေးချိန်ထိမ်း အ၀လွန်ခြင်းကလည်း ဆီးကျောက်တည်ခြင်းနဲ့ဆက်စပ်မှုရှိပါတယ်။ အ၀လွန်တာက အဆီများတဲ့အစားအစာ၊ အချိုလွန်ကဲစွာစား သုံးတာ၊ နေထိုင်မှုပုံစံ မမှန်ကန်တာကြောင့်ဖြစ်ပါတယ်။ ဒါတွေ အားလုံးကကျောက်ကပ်ကို ပျက်စီးစေတဲ့ လက္ခဏာတွေပါ။ အဲဒါကြောင့် တစ်ပတ်မှာ (၅)ရက် တစ်နေ့ကို မိနစ်(၃၀) ခန့်ပုံမှန်ကိုယ်လက်လှုပ်ရှားမှုပြုလုပ်ပေးပါ။
ရန်နိုင်
--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု
ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...www.facebook.com/shapejournal
www.facebook.com/groups/weloveshape
0 comments:
Post a Comment