ကိုရီးယားအမျိုးသမီးတွေ အသားအရေဘယ်လိုထိန်းသိမ်းကြသလဲ …










ကိုရီးယားမိန်းကလေးတွေဟာ တင်းကြပ်လှတဲ့အသားအရေထိန်းသိမ်းမှုအတွက် နာမည်ကျော်ကြား ပါတယ်။ ရလာဒ်ကတော့ လှပကြည်လင်စိုပြေတဲ့အသားအရေပါ။ ဒါပေမဲ့ အဆင့် ၁၀ ဆင့်စလုံး တစ်ဆင့်ပြီး တစ်ဆင့်လုပ်ဖို့ကတော့ ခက်ခဲပြီးအချိန်ယူရပါလိမ့်မယ်။ လှပကျန်းမာတဲ့ အသားအရေပိုင်ဆိုင်ဖို့ နည်းလမ်း ကောင်းလေးတွေရှိပါတယ်။

ခပ်ဖွဖွပုတ်ပါ
ဒါက ထူးဆန်းသလိုရှိပါတယ်။ Skin Care အဆင့်တွေ အားလုံးပြီးစီးသွားရင် မျက်နှာကို ခပ်ဖွဖွ လေးပုတ်ပေးမယ်ဆိုရင် သွေးလည်ပတ်မှုကောင်းစေပြီး ကြွက်သားတွေကို သန်မာစေပါလိမ့်မယ်။ ဒါက မျက်နှာကို နှိပ်နယ်ပေးတဲ့ရလာဒ်နဲ့ဆင်တူပါတယ်။

ဂျင်းဆင်းလက်ဖက်ရည်သောက်
ဂျင်ဆင်းကို အလှကုန်ပစ္စည်းတွေမှာ ထည့်သွင်းအသုံးပြုသလို အစားအသောက်မှာလည်း ထည့်သွင်း အသုံးပြုပါတယ်။ ဂျင်ဆင်းက ဇရာအတွက် အကောင်းဆုံးဖြစ်ပါတယ်။

နှစ်ကြိမ်သန့်ရှင်းရေးလုပ်
မိတ်ကပ်လိမ်းလျက်သား ညအိပ်ရာဝင်ဖို့ဆိုတာ ကိုရီးယားမိန်းကလေးတိုင်း မစဉ်းစားတဲ့အရာပါ။ သူတို့ကတော့ ညစဉ် ညတိုင်း Liquid Cleanser နဲ့ တစ်ကြိမ် Natural Oil နဲ့ တစ်ကြိမ် မျက်နှာကို သန့်ရှင်းရေး လုပ်ကြပါတယ်။

မျက်နှာကြေးချွတ်
ကြေးချွတ်ခြင်းကလည်း ကိုရီးယားမိန်းကလေးတွေ အသားအရေထိန်းသိမ်းခြင်းရဲ့ အရေးကြီးတဲ့ စနစ်တစ်ခုပါ။ ကြေးချွတ်ပေးတဲ့အတွက် မျက်နှာပေါ်က ဆဲလ်အသေတွေကိုဖယ်ရှားပေးပြီး နုပျိုစေပါတယ်။ နေ့တိုင်းလုပ်ဖို့ကတော့ မထောက်ခံထားပါဘူး။

တိုနာ
တိုနာက အသားအရေထိန်းသိမ်းမှုရဲ့ နောက်ဆုံးစနစ်ပါ။ တိုနာက အသားအရေကို ရေဓာတ်ပြည့်ဝ စေပြီး တစ်ခြားအလှကုန်တွေကို အရေပြားပေါ် လွယ်ကူလျင်မြန်စွာစုပ်ယူပေးပါတယ်။

ဆီရွမ် (Serum)
ဆီရွမ်က အနည်းငယ်ပိုပျစ်နှစ်တဲ့အရည်ဖြစ်ပြီး အမည်းစက်၊ အရေးကြောင်းတွေလျော့ပါးစေဖို့ ထုတ်လုပ်ထားတာဖြစ်ပါတယ်။ ဆီရွမ်သုံးတဲ့အတွက် အရေပြားကိုကြံ့ခိုင်စေပြီး ချွေးပေါက်တွေကို သေးငယ် စေပါတယ်။

ဆန်ဆေးရည်
ဆန်ဆေးရည်ကလည်း တိုနာအစားသုံးနိုင်တဲ့ ပစ္စည်းတစ်မျိုးပါ။ ဆန်ဆေးရည်က ဇရာကိုနှေးကွေး စေပြီး အရေပြားကို အစိုဓာတ်ဖြည့်ပေးပါလိမ့်မယ်။

န်
--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

 


Share on Google Plus

0 comments:

Post a Comment