တောက်ပတဲ့နှုတ်ခမ်းဆိုးဆေးအရောင်က
တက်ကြွလန်းဆန်းမှု ရဲရင့်မှုတို့ကို ကိုယ်စားပြုတယ်တဲ့။ ပြီးတော့ အမျိုးသား၊ အမျိုးသမီးတွေအားလုံးကို
သမင်လည်ပြန်လှည့်ကြည့်စေတဲ့အထိပေါ့။ တကယ်တော့ နှုတ်ခမ်းဆိုးဆေးဆိုတာလည်း မိတ်ကပ်လိမ်းသလိုပါပဲ။
နည်းစနစ်လိုပါတယ်။ မကြာခဏထပ်ဆိုးပေးရပါ တယ်။ ဆိုးဖို့တည်ငြိမ်ပြီး စိတ်ရှည်ဖို့လည်းလိုပါတယ်။
အဲဒီတော့ တစ်နေ့တာလုံး တောက်ပလန်းဆန်းတဲ့ နှုတ်ခမ်းဆိုးဆေးလေးဖြစ်နေဖို့ ဘယ်လိုဆိုးကြမလဲ
…။
နှုတ်ခမ်းဆိုးဆေးအောက်ခံ
မိတ်ကပ်သားတာရှည်ခံဖို့
မိတ်ကပ်အောက်ခံသုံးပေးရသလိုပါပဲ။ နှုတ်ခမ်းသားပေါင်းဆေးလေး ဦးစွာသုံးပေးပါ။ အဲဒါမှ နှုတ်ခမ်းဆိုးဆေးသုံးတဲ့အခါ
တာရှည်ခံမှာပါ။
Lip Liner သုံး
Lip Liner က နှုတ်ခမ်းကို လိုသလိုလှပအောင်
ပုံဖော်ပေးနိုင်ရုံသာမက ဆိုးထားတဲ့နှုတ်ခမ်းဆိုး ဆေးတွေ ပြတ်ရွေ့မသွားစေဖို့ ကူညီပေးပါလိမ့်မယ်။
ပြည့်ဝတဲ့နှုတ်ခမ်းလေးပိုင်ဆိုင်ချင်ရင် နှုတ်ခမ်းသား လိုင်းအောက်ကနေဆွဲပေးပြီး သဘာဝကျကျနှုတ်ခမ်းလေး
ပိုင်ဆိုင်ချင်တယ်ဆိုရင် နှုတ်ခမ်းလိုင်းပေါ်က ဆွဲပေးပါ။
ဘရပ်ရှ်နဲ့ဆိုး
လှပတဲ့နှုတ်ခမ်းဆိုးဆေးလေးဖြစ်ဖို့ဆိုးတဲ့အခါ
ဘရပ်ရှ်ကလေးသုံးပေးပါ။ နှုတ်ခမ်းပေါ်မှာ တိကျ ညီညာစွာပုံဖော်စေပါလိမ့်မယ်။
ပေါင်ဒါသုံး
မိတ်ကပ်လိမ်းပြီးတိုင်း ပေါင်ဒါသုံးပေးရသလို နှုတ်ခမ်းဆိုးဆေးလေးသုံးပြီးတိုင်း
ပေါင်ဒါတစ်ထပ် သုံးပေးပါ။ ပြီးမှ အပေါ်က တစ်လွှာထပ်ဆိုးပေးပါ။ တစ်နေကုန်တာရှည်ခံပြီး
လှပနေစေပါလိမ့်မယ်။
ကွန်ဆယ်လာသုံး
တိကျတဲ့အနားသတ်နှုတ်ခမ်းလေးပိုင်ဆိုင်ဖို့
နှုတ်ခမ်းသားအနားသတ်တွေကို ကွန်ဆယ်လာသုံးပေးပါ။ ဒါမှ မျက်နှာပြင်မှာနှုတ်ခမ်းအလှက ပေါ်လွင်ထင်ရှားပြီး
အပြစ်အနာအဆာကင်းနေပါလိမ့်မယ်။
နှုတ်ခမ်းဆိုးဆေးတာရှည်ခံဖို့
နှုတ်ခမ်းနဲ့ နှုတ်ခမ်းဆိုးဆေးတောင့်
တိုက်ရိုက်မထိတွေ့ပါနဲ့။ ဘရပ်ရှ်ကလေးနဲ့သုံးပေးပါ။ ကိုယ်ပိုင်ပစ္စည်း တစ်ကိုယ်ရည်သာအသုံးပြုပါ။
ဖန်ခွက်ပေါ်က နှုတ်ခမ်းဆိုးဆေးအရာ
ဒါက မိန်းကလေးတိုင်း ကြုံတွေ့ရတဲ့ကိစ္စပါ။
အဲဒါကြောင့် ဖန်ခွက်ရွေးချယ်ကတည်းက ချောမွေ့ ပြောင်လက်နေတဲ့ ဖန်ခွက်သားကိုသာ ရွေးချယ်အသုံးပြုပေးပါ။
နှုတ်ခမ်းဆိုးဆေးညှိဖို့
နှုတ်ခမ်းပေါ်က မညီမညာဖြစ်နေတဲ့နှုတ်ခမ်းဆိုးဆေးညီညာသွားစေဖို့
တစ်ရှူးစက္ကူတွေသုံးတာမြင် ဖူးကြမှာပါ။ အဲဒါထက်ပိုကောင်းတာကတော့ လက်ချောင်းကလေးသာသုံးပြီး
ညှိတာအကောင်းဆုံးပါ။
ဝဿန်
--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု
ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...www.facebook.com/shapejournal
www.facebook.com/groups/weloveshape
0 comments:
Post a Comment