ရှည်လျားသွယ်လျတဲ့ခြေတံလေးတွေဆိုတာ
ဆွဲဆောင်မှုတစ်ခုရဲ့ သင်္ကေတပါ။ လူတိုင်းသွယ်လျတဲ့ခြေတံလေးတွေပိုင်ဆိုင်ထားကြပေမယ့် အ၀တ်အစား၊
မိတ်ကပ်တို့နဲ့ပေါင်းစပ်ပြီး ခြေတံလေးတွေ ရှည်လျားသွယ်လျလာအောင်ပြင်ဆင်လို့ရပါတယ်။
အဲဒီတော့ ဆွဲဆောင်မှုရှိတဲ့ ခြေတံလေးတစ်စုံပိုင်ဆိုင်ခွင့်ရဖို့ ဘယ်လိုကြိုးစားကြမလဲ…
အသားရောင်ရှူးဖိနပ်
ခြေတံလေးတွေရှည်လျလာအောင်လုပ်ဆိုလို့
ဒေါက်မြင့်ဖိနပ်အမြင့်ကြီးတွေစီးစရာမလိုပါဘူး။ ရှူးဖိနပ်အရောင်ကသာ အရေးကြီးပါတယ်။ ခြေတံတိုသူတွေကို
အနက်ရောင်ရှူးဖိနပ်က ပိုသေးသွားစေပါတယ်။ အဲဒါကြောင့် အရောင်မဲ့ရှူးဖိနပ်ကိုရွေးချယ်ဝတ်ဆင်ပါ။
A ပုံစံ စကတ်
A ပုံသဏ္ဍာန်အ၀တ်အစား၊
စကတ်တွေကလည်း ခြေထောက်ကိုပိုပြီး ရှည်းလျားသွားသယောင်ထင်ရစေပါတယ်။ စကတ်အရှည်က အရေးမကြီးပါဘူး။
ပုံသဏ္ဍာန်ကသာ အရေးကြီးတာပါ။
ဖိနပ်နဲ့
ဘောင်းဘီအရောင်ဆင်တူ
ဂျင်းဘောင်းဘီဝတ်ဆင်တဲ့အခါ
ဖိနပ်ကိုလည်း အရောင်ခပ်ဆင်ဆင်တူတာမျိုးလေးရှာပေးပါ။ အဲဒါမှ ခြေထောက်နဲ့ဖိနပ်တစ်သားတည်းကျလုနီးပါးဖြစ်ပြီး
ရှည်သွားသယောင်ထင်ရပါလိမ့်မယ်။
Bronzer သုံး
စကတ်တို၊
ဘောင်းဘီတိုဝတ်ဆင်သူများ ခြေတံလေးတွေသွယ်လျသွားသယောင်ထင်ရစေဖို့ Bronzer သုံးပေးပါ။
တောက်ပတဲ့အရောင်လေးတွေက ခြေထောက်ကိုရှည်လျားသွားသယောင်ထင်ရစေပါတယ်။
အနက်ရောင်အသားကပ်ဘောင်းဘီ
အနက်ရောင်အသားကပ်ဘောင်းဘီက
ဆွဲဆောင်မှုရှိစေသလို ခြေထောက်ကိုလည်း ဆွဲဆန့်လိုက်သလိုရှည်သွယ်သွားစေပါတယ်။ အနက်ရောင်ဒေါက်ဖိနပ်နဲ့တွဲပြီးဝတ်ဆင်မယ်ဆိုရင်
အကာင်းဆုံးဖြစ်မှာပါ။
ကန့်လန့်စင်းတွေရှောင်
ကန့်လန့်အစင်းကြောင်းတွေက
ခန္ဓာကိုယ်ကို တစ်ဝက်ဖြတ်ချလိုက်သလိုဖြစ်ပြီး ပိုပုသွားစေပါတယ်။ အဲဒါကြောင့် ကန့်လန့်စင်းတွေ
အတတ်နိုင်ဆုံးရှောင်ပါ။
တစ်ရောင်တည်းဝတ်ဆင်
ရှည်လျားသွယ်လျတဲ့ခြေတံလေးတွေအတွက်
အကောင်းဆုံးလှည့်ကွက်တစ်ခုကတော့ တစ်ရောင်တည်းဝတ်ဆင်ဖို့ပါ။ တစ်ရောင်တည်းဝတ်ဆင်ဖို့အတွက်
ခြေတံဘယ်ကစပြီး ဘယ်မှာဆုံးသွားတယ်ဆိုတာကို မသိနိုင်တော့ပါဘူး။
Crystal
--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု
ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...www.facebook.com/shapejournal
www.facebook.com/groups/weloveshape
0 comments:
Post a Comment