ချစ်တယ်ဆိုရုံနဲ့ လုံလောက်ပါရဲ့လား…












''ချစ်တယ်''ဆိုတဲ့စကားက ချစ်သူရည်းစားတွေအကြား၊ မိသား စုဝင်တွေကြား၊ အမြဲနီးပါးကြား နေရတယ်လို့ထင်ရတဲ့စကားလေးတစ်ခွန်းပါ။ ဒါပေမဲ့ 'ချစ်တယ်' ဆိုတဲ့စကားလေးတစ်ခွန်းနဲ့ လုံလောက်ပါရဲ့လား။ အထူးသဖြင့် ချစ်သူနှစ်ဦးကြား ဆက်ဆံရေးကကြာရှည်လာတဲ့အခါ'ချစ်တယ်'ဆို တဲ့စကားလုံးကို သုံးစွဲလာပါတယ်။ ဒီစကားလုံးကကွယ်ပျောက်လာတာနဲ့အတူ သူ့ရဲ့အဓိပ္ပါယ်အနှစ်သာရ တွေလည်းနည်းပါးလာပါတယ်။ အဲဒီလိုပြောတော့ ချစ်တယ်ဆိုတဲ့ စကားနေ့တိုင်းပြောပေးရမှာလား လို့မေးလာစရာရှိပါတယ်။ စိတ်ထဲက မပါတဲ့စကားလုံးတွေကတစ် ဖက်လူရဲ့နှလုံးသားကို ရိုက်ခတ်နိုင် စွမ်းမရှိပါဘူး။ အဲဒီတော့ တခြားဘယ်လိုစကားလုံးတွေပြောကြမလဲ။

'ဒီနေ့ထက်ပိုပြီးချစ်တယ်'
ပျားရည်ဆမ်းခရီးတွေပြီးဆုံးသွားပြီး အိမ်ထောင်သက်တွေ ဘယ်လောက်ကြာကြာ သူ့အပေါ်ထားရှိတဲ့ အချစ်က နေ့စဉ်နေ့တိုင်း ကြီးမားလာတာကို သူသိပါစေ။ အချစ်တွေရင့်ကျက်လာတယ်။ ပိုပြီး နက်ရှိုင်းလာတယ်ဆိုတာကို သူသိပါစေ။ လူတွေအချိန်နဲ့အမျှပြောင်းလဲနေသလို အချစ်ကလည်းအချိန် နဲ့အမျှပြောင်းလဲနေပါတယ်။ ဒါပေမဲ့ ဒီလိုပြောင်းလဲနေတဲ့ကြားထဲက သူ့ အပေါ်ထားရှိတဲ့အချစ်ကမပြောင်း လဲဘူးဆိုတာ သူသိပါစေ။

သူ့ယူဆချက်လေးတွေ
'ချစ်တယ်'ဆိုတဲ့စကားထက်ပို ပြီးလေးနက်စေတာလေးကတော့ သူ့ဆီကအကြံဉာဏ်တွေရယူတတ်ဖို့ပါပဲ။ ဒါကသိပ်ပြီးစိတ်ကူး ယဉ်မဆန်လှပေမယ့်သူ့ထင်မြင်ယူ ဆချက်လေးတွေကို အလေးထား တယ်ဆိုတဲ့သဘောက သူ့ကိုတန်ဖိုးထားတယ်ဆိုတဲ့သဘောပါပဲ။

တွေ့ရတာဝမ်းသာတယ်
အလုပ်တွေဘယ်လောက်ပဲ များနေပါစေ၊ စိတ်တွေဘယ် လောက်ပဲဖိစီးနေပါစေ၊ အဲဒီလိုအ ချိန်မျိုးမှာ သူရှိတဲ့နေရာလေးကို သွားပြီး ပြင်ပလောကနဲ့ခဏတာ လောက်အဆက်အသွယ်ဖျက်ထား မိချင်မှာပါ။ 'မင်းနဲ့ရှိနေတဲ့အချိန်က ကိုယ့်အတွက်စိတ်အချမ်းသာဆုံးပါပဲ…။ ဒါကိုချစ်တဲ့လူကိုပဲပြော ဖူးကြတာမဟုတ်ပါလား။

ချီးကျူးဖို့လိုတယ်
ကိုယ့်ချစ်သူကိုချီးကျူးဖို့လည်း မေ့လျော့မနေပါနဲ့။ တစ်ခါတစ်ရံ ကိုယ့်အတွက်ဂရုတစိုက်ပြင်ဆင် ထားတဲ့အချိန်မျိုးမှာပေါ့။ ဒါက လည်းကိုယ့် ချစ်ခြင်းမေတ္တာကို ဖော်ပြတဲ့နည်းလမ်းတစ်ခုပါ။ အမျိုးသားတွေက အမျိုးသမီးတွေ သူတို့အတွက်ပြင်ဆင်ခြယ်သထားကြတာကိုဂုဏ်ယူတတ်ကြတဲ့အတ္တ ရှိကြသလို၊ အမျိုးသမီးတွေက လည်း ချစ်သူဆီကချီးကျူးစကား ကိုဂုဏ်ယူတတ်ကြပါတယ်။

ဂုဏ်ယူတတ်ပါစေ
သူ့အပေါ်ဂုဏ်ယူစကားလေး တွေပြောပေးဖို့လည်းမေ့လျော့ မနေပါနဲ့။ ယောက်ျားလေးတစ် ယောက်အလုပ်ကြိုးစားနေတယ်။ ဘာကြောင့်လဲဆိုတော့ သူချစ်တဲ့ မိန်းကလေး သူ့ကိုချစ်တဲ့မိန်းက လေးအတွက်ပါ။ အဲဒီလိုအချိန်မျိုး မှာ သူကြိုးစားလို့အောင်မြင်ခဲ့တဲ့ တစ်စုံတစ်ခုအတွက် သူ့အပေါ်ဂုဏ် ယူတတ်ပါစေ။ မမျှော်လင့်တဲ့ဆုံး ရှုံးမှု၊ ကျဆုံးမှုအတွက်သူနဲ့အတူမျှ ဝေခံစားတတ်ပါစေ။ ဒါက သူ့အ ပေါ်ချစ်ခြင်းကိုပြန်ပြီး တုံ့ပြန်ပြတဲ့ သင်္ကေတတစ်ခုပါ။

သူမရှိတဲ့ဘ၀ဟာ…
လူတိုင်းမှာအားနည်းချက်၊ မလုံခြုံမှုကိုယ်စီရှိကြပါတယ်။ ကိုယ့်ချစ်သူက ကိုယ့်အားနည်းချက်ကို ဖြည့်ဆည်းပေးနိုင်တဲ့လူတစ်ယောက်ဆိုတာ သူသိပါစေ။ သူ့ကိုချစ်လို့ သူနဲ့အတူရှိနေရတာကရှိ နေသင့်လို့ရှိတယ်ဆိုတာထက် ကိုယ့်အတွက်သူလုံးဝလိုအပ်တယ်ဆိုတာကို သူသိပါစေ။ နှစ် ဖက်စလုံးကကြိုးစားဖို့လိုအပ်ပါတယ်။

အပြင်ထွက်ပေးပါ
ကိုယ့်ချစ်သူနဲ့အတူအပြင်ထွက်ပေးတာကလည်း ကိုယ့်ရဲ့တန်ဖိုးရှိတဲ့အချိန်တွေကို သူနဲ့အတူကုန်ဆုံး လိုစိတ်ရှိတယ်ဆိုတဲ့အဓိပ္ပါယ်ပါ။ ကိုယ့်အချိန်တွေသူ့ကိုပေးတယ်ဆိုတာ သူ့ကိုချစ်လို့မဟုတ်ပါလား။ ကိုယ်ကြိုက်တဲ့တီဗွီအစီအစဉ်တွေ၊ ဘောလုံးပွဲ၊ ပြဇာတ်တွေအားလုံး မေ့လျော့ထားလိုက်ပါ။ နှစ်ယောက် စလုံးအတူတူပါဝင်နိုင်မယ့်အမှတ်တ ရလေးတွေဖန်တီးကြည့်ပါ။

သတိရတယ်
နှစ်ယောက်သားအကြောင်း ကြောင်းကြောင့် ဝေးကွာနေတဲ့အချိန် ခဏလေးအတွင်းမှာ 'သတိ ရမိတယ်'ဆိုတဲ့ စကားလုံးလေးက 'ချစ်တယ်'လို့ပြောနေတာနဲ့အတူတူ ပဲမဟုတ်ပါလား။ ဘာကြောင့်လဲဆို တော့ ချစ်တဲ့လူကိုပဲသတိရမှာကိုး။

Whitney

--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

 
Share on Google Plus

0 comments:

Post a Comment