Wedding နဲ့ ပတ်သက်တာ အလှအပအကြောင်းရေးဖို့ဆိုတော့
ပွဲလာတဲ့ပရိသတ်တွေအတွက် မိတ်ကပ်အပြင်အဆင်ကိုရေးဖို့ သတိရမိတယ်။ သတို့သမီးမိတ်ကပ်က လူတိုင်းနီးပါး
အာရုံစိုက်မှာဆိုတော့ လေ။ မင်္ဂလာပွဲတစ်ခုမှာ သတို့သား၊ သတို့သမီးတင်မကပါဘူး။ ပွဲတက်သူတွေရဲ့
အပြင်အဆင်ကလည်း မင်္ဂလာပွဲကို ပိုပြီးကြွလာအောင် ဖော်ဆောင်ပေးပါတယ်။ အရေးကြီးတာ တစ်ခုက
ကိုယ့်ကိုယ်ကိုယ် သတို့ သမီးလား ထင်မှတ်မမှားရအောင် မပြင်ဆင်ဖို့ပါပဲ။
မိတ်ကပ်အောက်ခံ
မင်္ဂလာပွဲတွေတစ်ခုနဲ့တစ်ခု
ဆက်တိုက်ကူးနေရတာမျိုး ဒါမှမဟုတ် မင်္ဂလာပွဲတစ်ခုက ထင်ထားတာ ထက်ပိုပြီး အချိန်ကြာကြာ
ပေးရပါတယ်။ အဲဒီတော့ ကိုယ်လိမ်းထားတဲ့မိတ်ကပ် တာရှည်ခံဖို့လိုတာပေါ့။ မိတ်ကပ်တာရှည်ခံမှ
ဓာတ်ပုံရိုက်တဲ့အခါ လှပပေါ်လွင်နေစေမှာပါ။ အဲဒါကြောင့် အောက်ခံမိတ်ကပ် စနစ်တကျသုံးဖို့လိုပါတယ်။
ညင်ညင်သာသာလေး တောက်ပနေပါစေ
မင်္ဂလာပွဲဆိုတာ
သဘာဝကျကျ ညင်ညင်သာသာလေးလှပဖို့ အကောင်းဆုံးအချိန်ပါ။ အဲဒါကြောင့် မျက်နှာကို အညိုရောင်များများသုံးပြီး
ပုံဖော်တာထက် သဘာဝကျကျ စိုစိုပြည်ပြည်လေးဖြစ်စေတဲ့ မိတ်ကပ် အပြင်အဆင်မျိုးဖြစ်အောင်
ရွေးချယ်ပေးပါ။ ပါးပြင်နှစ်ဖက်က ပန်းနုရောင်၊ သန္တာရောင်၊ ပုလဲရောင် ဆန်းနေ ပါစေ။
ကိုယ့်ကိုယ်ကိုယ်သတိပြု
ဒါက
မင်္ဂလာလာပွဲတစ်ခုပါ။ ဒါပေမယ့် သတို့သမီးက ကိုယ်တော့မဟုတ်ပါဘူး။ ကိုယ်က ပွဲတက်ရုံ တင်ပါ။
အဲဒါကြောင့် မိတ်ကပ်က အရမ်းတောက်ပနေတာမျိုး၊ လိင်ဆွဲဆောင်မှုရှိစေတဲ့ အသွင်အပြင်တွေ
ရှောင်ပါ။ သေသေချာချာလေး ပြင်ဆင်ချင်ရင်တော့ ဖိတ်စာရကတည်းက မင်္ဂလာပွဲနဲ့လိုက်ဖက်မယ့်အပြင်
အဆင်မျိုးကြိုတင်စဉ်းစားထားနိုင်ပါတယ်။
တစ်ခုတည်းကို အာရုံထား
မီးခိုးရောင်မျက်ဝန်းလေးကို
သဘောကျတယ်ဆိုရင် နှုတ်ခမ်းကိုသဘာဝအရောင်လေးသာထားပါ။ နှုတ်ခမ်းအရောင်ရင့်ရင့်ဆိုးထားရင်တော့
မိတ်ကပ်သဘာဝကျနေပါစေ။ မျက်နှာတစ်ပြင်လုံး အလွန်အကျွံ ပြင်ဆင်တာမျိုးရှောင်ပါ။
ဝဿန်
--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု
ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...www.facebook.com/shapejournal
www.facebook.com/groups/weloveshape
0 comments:
Post a Comment