လိုချင်တဲ့မျက်နှာအချိုးအစားရဖို့ မိတ်ကပ်ပညာနဲ့ပုံဖော်မယ်












မှန်ကြည့်လိုက်တိုင်း ကိုယ့်မျက်နှာက ရှည်လျားလွန်းလို့ ပုတိုနေလို့ ပြနာအမျိုးမျိုးကြောင့် အလှအပဆရာဝန်နဲ့ ခွဲစိတ်ဖို့စိတ်ကူးမနေပါနဲ့။ ဘာလို့လဲဆိုတော့ မျက်နှာပြင်အရွယ်အစားကို အလွယ် တကူပြောင်းလဲပုံဖော်ပေးနိုင်တဲ့ မိတ်ကပ်ပညာရှိတယ်လေ။ အဲဒီတော့ ကိုယ်လိုချင်တဲ့ မျက်နှာအနေ အထားမျိုးရအောင် မိတ်ကပ်ပညာနဲ့ ဘယ်လိုပြောင်းလဲပုံဖော်မလဲ။

အသည်းပုံမျက်နှာပိုင်ရှင်များအတွက်
ဘယ်သူမှတော့ ပြီးပြည့်စုံတဲ့မျက်နှာသွင်ပြင်မျိုး မပိုင်ဆိုင်ပါဘူး။ ဥပမာ ပါးပြင်ကကျယ်ပြန့်ပြီး နှဖူး ကြောကျဉ်းမြောင်းနေတဲ့ အသည်းပုံမျက်နှာပိုင်ရှင်များ မျက်နှာပြင်အောက်ဖက်ကနေ ပါးပြင်အလယ်အထိ Contour လုပ်ပေးရင် မျက်နှာပြင်က သေးသွယ်သွား သယောင်ထင်ရစေပါလိမ့်မယ်။

စတုရန်းမျက်နှာပိုင်ရှင်တွေအတွက်
မေးရိုး၊ နှဖူးရိုးလေးထောင့်ကျကျ စတုရန်းပုံမျက်နှာပိုင်ရှင်များ နှဖူးအောက်တစ်ချက်စီ၊ မေးရိုး ဘယ်ညာတို့ကို မိတ်ကပ်အညိုနဲ့ခြယ်ပေးပါ။ မျက်ဝန်းအောက်ကနေ ပါးရိုးတစ်လျှောက် Contour လုပ်ပေးမယ် ဆိုရင် မျက်နှာပြင်ကအနည်းငယ်ပြေလျော့သွားပါလိမ့်မယ်။

စိန်ပုံစံမျက်နှာပိုင်ရှင်များ အတွက်
နှဖူးကျယ်ပြီး မေးရိုးကျဉ်းမြောင်းတဲ့ စိန်ပွင့်ပုံစံမျက်နှာပိုင်ရှင်များအနေနဲ့ နှဖူးနဲ့မေးစေ့အလယ် မျက်ဝန်း အောက်ဖက်ကို တြိဂံပုံစံ Countour လုပ်ပေးပါ။ မျက်နှာက လုံးဝန်းသွားသယောင် ထင်ရစေပါလိမ့် မယ်။

ဝိုင်းစက်လွန်းတဲ့မျက်နှာ အတွက်
ပါးနှစ်ဖက်က ဖောင်းအစ်လွန်းပြီး မေးရိုးပျောက်လောက်အောင် လုံးဝိုင်နေတဲ့မျက်နှာပိုင်ရှင်တွေ အတွက် နှဖူးစပ်ကနေ မေးစေ့အောက်ဘက်အထိ Contoru လုပ်ပေးပါ။ မျက်နှာပြင်က သွယ်လျသွား သယောင်မြင်ရစေပါလိမ့်မယ်။

ဘဲဥပုံစံမျက်နှာပိုင်ရှင်များ အတွက်
နဖူးနဲ့ မေးစေ့ကျဉ်းပြီး ပါးနှစ်ဖက်မှာလုံးဝိုင်းသွားတဲ့ ဘဲဥပုံစံမျက်နှာပိုင်ရှင်များ ပါးရိုးအောက်ဘက်ကို မိတ်ကပ်ခပ်ညိုညိုလေးသုံးပြီး ပုံဖော်ပေးမယ်ဆိုရင် မျက်နှာအချိုးအဆ လှပသွားစေပါလိမ့်မယ်။

သေးသွယ်ပါးလျားတဲ့ နှာခေါင်းလေးပိုင်ဆိုင်ချင်ရင်
သေးသွယ်ပါးလျတဲ့ နှာခေါင်းလှလှလေးပိုင်ဆိုင်ဖို့ နှာခေါင်းရဲ့ဘေးတစ်ဖက်တစ်ချက်စီကို အညို ရောင်မိတ်ကပ်သုံးပေးပါ။ နှာခေါင်းအလယ်ရိုးကို အဖြူရောင် High Lighter ခပ်ဖွဖွလေးသုံးပေးမယ်ဆိုရင် လှပသေးသွယ်တဲ့ နှာခေါင်းတစ်စုံပိုင်ဆိုင်သွားမှာပါ။

မေးစေ့ချွန်နေတာကိုဖျောက်မယ်ဆိုရင်
ချွန်နေတဲ့မေးစေ့ကွယ်ပျောက်သွားဖို့ မေးရိုးနဲ့မေးစေ့တစ်လျှောက် ဃသညအသကမ လုပ်ပေးပါ။ အရောင်နဲ့  High lighter က မျက်နှာပြင်ကို သပ်ရပ်သွားစေပြီး အရောင်ရင့်မိတ်ကပ်က မညီညာတဲ့ မျက်နှာပြင် ကို မှေးမှိန်ပျောက်ကွယ်သွားစေပါလိမ့်မယ်။

န်
--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

 


Share on Google Plus

0 comments:

Post a Comment