မိတ်ကပ်အလွဲတွေကို ဖြေရှင်းနိုင်ဖို့ နည်းလမ်းကောင်း













မိတ်ကပ်ပညာရှင်ကြီးတွေကနေ အပျော်တမ်းမိတ်ကပ်ဝါသနာရှင်တွေအထိ တစ်နေ့မဟုတ်တစ်နေ့ မိတ်ကပ်အလွဲတွေကြုံဖူးကြမှာပါ။ ဘယ်သူမှပြီးပြည့်စုံတဲ့မိတ်ကပ် အမြဲတမ်းမပိုင်ဆိုင်နိုင်မှာသေချာပါတယ်။ ဒါပေမဲ့ အလွဲတွေကိုတော့ ပြီးပြည့်စုံစွာဖြေရှင်းနိုင်တဲ့ နည်းလမ်းကောင်းလေးတွေရှိပါတယ်။

ဖောင်ဒေးရှင်းအရောင်ကိုက်ဖို့
အကြီးမားဆုံးအလွဲကမျက်နှာ အသားအရောင်နဲ့ဖောင်ဒေးရှင်း အရောင်မညီတာပါ။ အထူးသဖြင့် လည်ပင်းက နေရောင်ခြည်နဲ့မထိတွေ့ရတဲ့အတွက် မိတ်ကပ်ဖောင်ဒေးရှင်းအရောင်တစ်မျိုး လည်ပင်း ဖောင်ဒေးရှင်းအရောင်တစ်မျိုး ဖြစ်နေတတ်ပါတယ်။ အဲဒါကြောင့် ရာသီအလိုက်မိတ်ကပ်အရောင် ပြောင်းလဲ သုံးစွဲနေဖို့က ပထမအရေးကြီးဆုံးပါ။

ပေါင်ဒါ
အချိန်အများကြီးယူပြီး မျက်ဝန်းလှလှလေးရအောင်ပြင်ဆင်တယ်။ ဒါပေမဲ့ Eye Shadow တွေက ဟိုပေသည်ပေနဲ့ မျက်ဝန်းကပိုပြီးကြည့်ရဆိုးသွားတယ်။ အဲဒီလို ပေကျံနေတာတွေကို ဖယ်ရှားဖို့ အကောင်းဆုံး ကတော့ Losse Power ပါ။

နှုတ်ခမ်းဆိုးဆေး
တောက်ပတဲ့ နှုတ်ခမ်းဆိုးဆေးအရောင်တွေက သုံးလိုက်ရင်လူကို Confidence ရှိရှိလှပသွား စေသလို သွားတွေ၊ နှုတ်ခမ်းအပြင်ဘက်မှာပေကျံသွားရင်လည်း ဖျက်ရတာအနှောင့်အယှက်ဖြစ်ပါတယ်။ နှုတ်ခမ်းအပြင် ဘက်က နှုတ်ခမ်းဆိုးဆေးတွေအတွက်တော့ ပေါင်ဒါလေးသုံးပြီးဖယ်ရှားပေးပါ။

သေသေချာချာလိမ်း
မျက်နှာပြင်ပေါ်က ဟိုတစ်ကွက် သည်တစ်ကွက် မိတ်ကပ်တွေလောက် ကြည့်ရဆိုးတာမရှိပါဘူး။ ဒီလိုမိတ်ကပ်ကွက်တာမျိုး မဖြစ်ရအောင် ဘရပ်ရှ် ဒါမှမဟုတ် Beauty Blender လေးကောင်းကောင်းသုံးပေး ဖို့လိုပါတယ်။

ကွဲအက်နေတဲ့အရေပြား
အရေပြားခြောက်သွေ့ ကွဲအက်နေသူတွေအတွက် ဖောင်ဒေးရှင်းသုံးရတာ အဆိုးဆုံးပါ။ ဒီပြနာ အတွက် အစိုဓာတ်ထိန်းခရင်မ် ကောင်းကောင်းသုံးပေးဖို့လိုပါတယ်။

ဝဿန်
--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

 

Share on Google Plus

0 comments:

Post a Comment