ချစ်သူစွန့်ခွာသွားစေသောအပြုအမှုလေးများ









ချစ်သူနှစ်ဦး အထူးသဖြင့် ယောက်ျားလေးတစ်ယောက်က မိန်းကလေးတစ်ယောက်ကို ချစ်တယ်။ နဂိုထက်ပိုပိုပြီးအချစ်ခံချင် ကြတာမိန်းကလေးတွေရဲ့သဘာဝပါ။ ဒါပေမဲ့ ချစ်သူကကိုယ့်ကိုပိုချစ် လာအောင်ကြိုးစားရင်းနဲ့ နည်းလမ်းတွေကလွဲမှားလာပါတယ်။ မိန်းကလေးတွေလိုပဲယောက်ျားလေးတွေ မှာ သည်းခံခွင့်လွှတ်နိုင်စွမ်းအတိုင်း အတာဆိုတာရှိကြပါတယ်။ အချစ် ခံရဖို့ကြိုးစားရင်း နည်းလမ်းလေး တွေကလွဲမှားနေတဲ့အခါနောက်ဆုံး သည်းခံခွင့်လွှတ်နိုင်စွမ်းတွေကုန်ပြီး ပြတ်ဆဲခြင်းအဆင့်ရောက် ရပါတော့ တယ်။ ဘယ်လိုအပြုမူလေးတွေက ယောက်ျားလေးတစ်ယောက်ကိုယ့်ကိုစွန့်ခွာသွားစေသလဲ။

သံသယ၀င်အပြစ်တင် မေးခွန်းများမေးခြင်း
မြည်တွန်တောက်တီးတက်တာ မိန်းကလေးတွေရဲ့ သဘာဝပါ။ ယောက်ျားလေးတွေမကြိုက်ဆုံးကလည်း မြည်တွန်တောက်တီးတာပါပဲ။ မိန်းကလေးတွေအနေနဲ့နား လည်ထားသင့်ပါတယ်။ သူတို့သူ ငယ်ချင်းတွေနဲ့အပြင်သွားတာ၊ ဘောလုံးပွဲတစ်ချိန်လုံးကြည့်တာကို တရစပ်မေးခွန်းတွေထုတ်နေတာကို မုန်းတီးကြပါတယ်။ မိန်းကလေးတွေနဲ့အပြင်သွားနေတာလားစတဲ့ သံသယမေးခွန်းတွေကလည်း ယောက်ျားလေးတစ်ယောက် အဝေးကိုထွက်သွားစေတဲ့ မေးခွန်းတွေဖြစ်ပါတယ်။ မိန်းကလေးတွေ ကိုယ်ပိုင်အချိန်လိုသလို ယောက်ျားလေးတွေမှာလည်း ကိုယ်ပိုင်အချိန်ဆိုတာလိုအပ်ပါတယ်။ 

အလွန်အကျွံမိတ်ကပ်ပြင်ခြင်း
ယောက်ျားလေးတစ်ယောက် ချစ်သူမိန်းကလေးသူ့အတွက် မိတ်ကပ်ပြင်ဆင်တာကို ကျေနပ်လက်ခံပါတယ်။ သဘာဝကျပါတယ်။ ယောက်ျားလေး တစ်ယောက် မိန်းကလေးတစ်ယောက်ကိုချစ်တယ်ဆိုတာ သူရဲ့ ဖြစ်တည်မှုကိုချစ်တာပါ။ သူလိမ်းထားတဲ့မိတ်ကပ်တွေကိုမဟုတ်ပါဘူး။ အပြင်သွားတိုင်း ကိုယ်နဲ့မတူအောင် မိတ်ကပ်တွေအလွန်အကျွံ ပြင်ဆင်တာကလည်းယောက်ျားလေးတစ်ယောက်က အဝေးကိုစွန့် ခွာသွားစေတဲ့အချက်တစ်ခုတည်းပါဝင်နေပါတယ်။ 

အချိန်မတိကျခြင်း
အချိန်မတိကျတာကယောက်ျား လေးမှမဟုတ်ပါဘူး။ ဘယ်သူမဆို မနှစ်သက်တဲ့အလုပ်ပါ။ ချိန်းထား စဉ်ကတော့ ဘယ်အချိန်အရောက် လာခဲ့ပါချိန်းပြီး ကိုယ်တိုင်ကနောက် ကျမှရောက်လာတတ်တဲ့မိန်းကလေး၊ ယောက်ျားလေး ဘယ်သူမဆိုစိတ် ပျက်စရာအလွန်ကောင်းပါတယ်။ 

ခန္ဓာကိုယ်အလှအလွန်အကျွံဖော်ပြခြင်း
ဒါကလေးစားမှု၊ ကိုယ့်ကိုယ်ကိုယ်တန်ဖိုးထားမှုနဲ့လည်းဆိုင်ပါတယ်။ ချစ်သူယောက်ျားလေးက ချစ်သူမိန်းကလေးရဲ့အလှအပကို ကြည့်ချင်တယ်။ မိန်းကလေးဘက် ကလည်းအလှအပကိုဖော်ပြချင်တယ်။ ဒါပေမဲ့ ဘေးဝတ်ဝန်းကျင် တစ်ခုလုံးသိအောင်လှပမှုကိုလှစ်ဟ ပြနေမှာလား။ ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားတဲ့မိန်းကလေးကို ယောက်ျားလေးတွေကလေးစားကြပါတယ်။ 

မနာလိုသ၀န်တိုလွန်းခြင်း
ဒါကတော့ ယောက်ျားလေး တစ်ယောက်အနေနဲ့ စိတ်အကုန် ရဆုံးအပြုအမူပါ။ လတ်တ လောအကြောင်း အရာ ကို ပြောရရင် Facebook ပေါ့။ မိန်းကလေးတွေနဲ့စကားမပြောနဲ့။ တခြားမိန်းကလေးတွေနဲ့ မခင်နဲ့စတဲ့ သ၀န်တိုသံစွက်နေတဲ့ စကားလုံးတွေက လူတစ်ယောက်ကိုစိတ်ပျက်စေပါတယ်။ 

မှီခိုလွန်းခြင်း
လက်ရှိအားလုံးရှင်သန်နေကြ တာ ၂၁ရာစုကြီးထဲမှာပါ။ တစ်ယောက်ခြေထောက်ပေါ်တစ်ယောက် ရပ်တည်နိုင်ဖို့ကြိုးစားနေချိန်မှာ မှီခိုချင်လွန်းတဲ့စိတ်ကလည်းယောက်ျားလေးတစ်ယောက်အဖို့ စိတ်ကုန် စရာတွေထဲမှာပါဝင်တယ်။ နှစ်ယောက်သားပေါင်းဖက်သွားတဲ့အခါ မှီခိုတာကလိုအပ်မယ့် ချစ်သူဘ၀ မှာမှီခိုလွန်းတာက မကောင်းတဲ့အချက်တွေထဲက တစ်ခုအပါအ၀င်ဖြစ်ပါတယ်။ 

အချိန်ကြာအောင်ဈေးဝယ်ထွက်ခြင်း
ဒိတ်လုပ်တဲ့ Shopping Center ကိုလိုက်ပြီး တစ်ကြိမ်နှစ်ကြိမ်ထက်ပိုပြီး ချစ်သူမိန်းကလေး နဲ့ လိုက်ဖူးပါလိမ့်မယ်။ လိုက်တယ်ဆိုတိုင်းလည်း Shopping ထွက်တာကို စိတ်ဝင်စားတယ်မထင်လိုက်ပါနဲ့။ ဒိတ်လုပ်တဲ့အခါနှစ်ယောက် သားစိတ်ဝင်စားစရာလေးတွေ ဖန်တီးဖို့ကအဓိကမဟုတ်ပါလား။ တစ် ယောက်တည်းကိုယ်စိတ်ဝင်စား တာတွေဖန်တီးချင်ရင်တော့ သူငယ်ချင်းတွေနဲ့သွားတာပဲ အကောင်း ဆုံးဖြစ်ပါတယ်။

Whitney


--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

Share on Google Plus

0 comments:

Post a Comment