Marvel ဖျော်ဖြေရေး
ကုမ္ပဏီနဲ့ D3 တို့ပူးပေါင်းပြီးထုတ်လုပ်လိုက်တဲ့ Marvel Puzzle Quest ဟာ သူ့ရဲ့ နာမည်ကြည့်ရုံနဲ့တင်
ဘာဆိုတာသိသာနေမှာပါ။ မိုဘိုင်းပေါ်မှာ အက်ရှင်ဂိမ်းတွေအထုတ်များတဲ့ Marvel ဟာ ဒီတစ်ခါတော့
Candy Crush, Bejeweled စတိုင်မျိုး Match-3 Puzzle ဂိမ်းလေးကို ဖန်တီးခဲ့ပါတယ်။ Match-3
Puzzle ဆိုတာကို မသိသူတွေအတွက်တော့ မတူညီတဲ့ Gem သို့မဟုတ် ရောင်စုံအရာ ၀တ္ထုလေးတွေကို
အနည်းဆုံးသုံးခုတစ်တန်းတည်းဖြစ်အောင်လုပ်ပေးရတဲ့ ဂိမ်းအမျိုးအစားဖြစ်တယ်။ Tetris နဲ့ကွာခြားပြီးမှတ်မိသလောက်
NES ခေတ်က Doctor, Mario ဂိမ်းမှာ အစောဆုံးမြင်ခဲ့ရပါတယ်။
Marvel
Puzzle Quest ဆိုတဲ့အတိုင်း သူ့မှာ RPG Element တွေလည်းပါသေးတယ်။ ကစားသူဟာ သူပေးတဲ့
Quest တွေကိုကစားရင်း Marvel Hero တွေကိုစုဆောင်းရမှာဖြစ်ပြီး
Marvel: Avengers Alliance နဲ့ ခပ်ဆင်ဆင်တူပါမယ်။ အများဆုံးဇာတ် ကောင်သုံးကောင်အထိ
အသုံးပြုနိုင်ပြီးတူညီတဲ့ Gem တွေကို သုံးခုထက်ပိုပြီးတန်းနိုင်ဖို့ကြိုးစားရင်း သက်ဆိုင်ရာ
Hero အတွက် Charge ဖြစ်နေမှာပါ။ Ability Bar ပြည့်သွားတဲ့အခါ တစ်ဖက်ရန်သူကို Special
Ability တွေနဲ့ Damage ပို့ပေးနိုင်သလို၊ ကိုယ့်ရဲ့ Puzzle ကို ပြောင်းလဲနိုင်တဲ့ Ability
အချို့ပါဝင်တယ်။
ဥပမာ-Hawkeye ဆိုရင် စိတ်ကြိုက် Row တစ်ခုကို ဖယ်ရှားနိုင်ပြီး Storm(X-men)
ကတော့ တချို့ Gem တွေကို Random ဖယ်ရှားပစ်ပါတယ်။ ဒီဂိမ်းထဲမှာ Marvel ရဲ့ စိတ်ကူးယဉ်
Powerful Substance ဖြစ်တဲ့ ISO-8 နဲ့ SHIELD ကိုချုပ်ကိုင်ဖို့ကြိုးစားတဲ့ Norman
Osborn တို့ပါဝင်တယ်။ Norman Osborn ဟာ ပထမ Spiderman ကားတွေမှာ Green Goblin တစ်ဖြစ်လည်း
ဗီလိန်ဖြစ်ပြီး ဉာဏ်ကြီးရှင်တစ်ဦး လည်းဖြစ်ပါတယ်။ MPQ မှာတော့ ၄င်းကိုတားဆီးဖို့ မစ်ရှင်ငါးခုကိုဆော့ကစားရမှာဖြစ်ပြီး
နောက်ကွယ်က တရားခံကို ဖြည်းဖြည်းချင်းရှာဖွေရတဲ့ပုံစံရော၊ မစ်ရှင်ဇာတ်ကြောင်းပြောစတိုင်လေးလည်းပါဝင်တယ်။
ISO-8 တွေဟာ
In-Game Currency ဖြစ်ပြီး Hero တွေကို Upgrade လုပ်ဖို့အသုံးပြုနိုင်တယ်။ မစ်ရှင်တွေ က
အလွယ်တကူရနိုင်သလို ဆော့ပြီးသားမစ်ရှင်တွေကိုပြန်ဆော့ရင်လည်း IOS-8 အနည်းငယ် ထပ်ကျနိုင် ပါတယ်။
ဒါ့အပြင် ကစားရင်းနဲ့ Reward အဖြစ်ရတဲ့ Armor, Ability တွေကို ရှိပြီးသား Hero တွေမှာ သွားပြီး
Upgrade လုပ်လို့ရတယ်။ Iron Man ဆိုရင် သူ့ရဲ့ Armor Exoskeleton အသစ်တစ်ခုကိုပေါင်း လိုက်တာနဲ့
ပါဝါအသစ်တစ်ခုရပါတယ်။
Superhero
Theme တွေပါတဲ့ဂိမ်းကို နှစ်သက်သူတွေအတွက် Marvel Puzzle ဟာတော်တော်လေး ကိုကစားရတာမဆိုးတဲ့
ဂိမ်းတစ်ခုပါ။ မာဗယ်ဖန်တွေအတွက် Candy Crush ကိုပိုပြီး Cool ဖြစ်တဲ့နည်း လမ်းနဲ့ အစားထိုးနိုင်တာပေါ့ဗျာ။
ဒီဂိမ်းဟာ Puzzle ဆိုပေမယ့် ကောမစ်စတိုင်ကို သေချာလုပ်ထားပြီး Frank Tieri နဲ့ Alex
Irvine တို့ရဲ့ Dark Reign ဆိုတဲ့ ကောမစ်ဇာတ်လမ်းပေါ် အခြေခံထားတာ လည်းဖြစ် ပါတယ်။ ဒါကြောင့်
X-Men, Avenger, Deadpool တို့လို နာမည်ကြီးတွေအပြင် လူသိပ်မသိတဲ့ ဇာတ်ကောင်တွေတောင်ပါပါသေးတယ်။
အခမဲ့ရရှိနိုင်တာကြောင့် အခုပဲသင့်ရဲ့ဖုန်းမှာသွင်း ထားလိုက်ပါတော့။ တစ်ခုရှိတာက ကစားဖို့အတွက်
ဝိုင်ဖိုင်တော့လိုအပ်ပါတယ်။
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို
Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...
www.facebook.com/shapejournal
www.facebook.com/groups/weloveshape
www.facebook.com/shapejournal
www.facebook.com/groups/weloveshape
0 comments:
Post a Comment