ပိုပိုပြီး ချစ်လာစေချင်တယ်ဆိုရင်…











တစ်စုံတစ်ယောက်ကိုယ့်ကိုယ် ချစ်လာအောင် တွန်းအားပေးလို့မရပါဘူး။ ဒီလိုပြောလို့ ချစ်နေပြီးသား လူတစ်ယောက်ကိုပိုပိုပြီးချစ်လာ အောင်လုပ်မရဘူးလို့ဆိုလိုတာမဟုတ် ပါဘူး။ ကိုယ့်ကိုယ်ချစ်နေတဲ့လူတစ် ယောက် ကိုယ့်ကိုပိုပြီးချစ်လာစေမယ့် နည်းလမ်းကောင်းလေးတွေရှိပါတယ်။ 

အရမ်းမကြိုးစားနဲ့
ပထမဆုံးသတိထားရမယ့်အ ချက်ကတော့ သူ့အပေါ်အတင်းအကျပ်ဖိအားမပေးဖို့ပါဘဲ။ သူ့အ တွက်သက်တောင့်သက်သာဖြစ်နေပါစေ။ သူကိုယ့်အပေါ်ဘယ်လောက်ချစ်တယ်ဆိုတာတွန်းအားမပေးပါနဲ့။ ဒီလိုပြောဖို့တွေမမျှော် လင့်ပါနဲ့။ ဒါကကိုယ့်အတွက်စိတ် ပင်ပန်းစေလို့ သူ့အတွက်လည်းမ လုပ်ချင်တာတစ်ခုကိုလုပ်နေရတဲ့အတွက် သောကရောက်စေပါတယ်။ 

သူ့ကိုရယ်မောပါစေ
သူ့ကိုပိုပြီးရယ်မောအောင်ပြု လုပ်နိုင်လေ ကိုယ့်အပေါ်တွယ်တာလာလေပါပဲ။ ဒီအချက်မှာ ယောက်ျားမိန်းမ အားလုံး တူညီကြပါတယ်။ ကိုယ့်ကိုယ်ပျော်ရွှင်စေတဲ့တစ်စုံတစ်ယောက်အပေါ်ပိုပြီး သံယောဇဉ်တွယ်လာတာ မဆန်းပါဘူး။ သူများကိုရယ်မောအောင် စွမ်းဆောင်နိုင်သူက ကိုယ့်ဘ၀ကို လည်းပေါ့ပါးပျော်ရွှင်စွာနေတတ်သူ လည်းဖြစ်ပါတယ်။ 

ကိုယ့်ကိုယ်ကိုယ်စစ်မှန်ပါစေ
တစ်စုံတစ်ယောက်ကိုယ့်ကိုပိုပြီးချစ်မြတ်နိုးလာစေဖို့အတွက် ကိုယ့်ကိုယ်ကိုယ်ဟန်ဆောင်နေစရာ မလိုပါဘူး။ သူ့အကြိုက်ကိုလည်း လိုက်ပြီးကြိုးစားနေစရာမလိုပါဘူး။ကိုယ့်ကိုယ်ကိုယ်ဘယ်သူဖြစ်တယ် ဆိုတာ ရဲရဲဝံ့ဝံ့ပြသနိုင်ခြင်းကလည်း တစ်စုံတစ်ယောက်ကကိုယ့်ကိုယ် ယုံကြည်ကိုးစားစိတ်ပိုပြီးဝင်သွားစေပါတယ်။ 

မှီခိုမှုကင်းပါစေ
အရာရာသူများကို အကူအညီရယူမှ သူတစ်ပါးအကြံဉာဏ် ရယူမှကျေနပ်သူကို လူတွေက အတတ်နိုင်ဆုံး အဝေးကရှောင်ကြပါတယ်။ အကူအညီ ယူပါများတဲ့ အခါ မှီခိုလွန်းတဲ့အခါ တစ်ဖက်သားကို စိတ်အနှောင့်အယှက်ဖြစ် လာစေပါတယ်။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိပြီး အမှီအခိုကင်းဖို့ကြိုးစားပါ။ ဒါမှ ပတ်ဝန်းကျင်က ကိုယ့်ကိုပိုပြီးယုံကြည်ကိုးစားစေပါတယ်။ 

သူ့ပတ်ဝန်းကျင်နဲ့အဆင်ပြေဖို့ကြိုးစားပါ
ကိုယ်ကသူငယ်ချင်းတွေအကြိုက် မိသားစုအကြိုက်ဖြစ်မယ်လို့ အာမမခံနိုင်ပါဘူး။ သူ့အကြိုက် မနှစ်သက်လို့လည်း ကိုယ့်ဘက်က ကြိုးစားနေဖို့မလိုပါဘူး။ ဒါပေမဲ့ သူ့ ပတ်ဝန်းကျင်နဲ့ အဆင်ပြေအောင် ကြိုးစားပါ။ သူ့ပတ်ဝန်းကျင်က ကိုယ့်ကိုယ်ချီးမွမ်းတဲ့စကားလေးတွေက ကိုယ့်ကိုပိုပြီးအချစ်တိုးစေမှာ မဟုတ်ပါလား။ 

လျို့ဝှက်ချက်
လျှို့ဝှက်တာမကောင်းဘူးဆိုပေမယ့် တစ်ခါတစ်ရံလျှို့ဝှက်ချက်လေးတွေက ချစ်စရာကောင်းနေပြန်ပါတယ်။ ကိုယ့်ကိုယ်ကိုယ်ဘယ်သူဆိုတာ ဖော်ထုတ်ပြသတာထက် ကိုယ်ဘယ်သူ၊ ဘယ်လိုစိတ်ထားရှိတယ်ဆိုတာ သူတို့ ကိုယ်တိုင်ရှာဖွေတတ်ပါစေ။ 

ကိုယ့်ကိုဂုဏ်တက်ပါစေ
ကိုယ့်အောင်မြင်မှုကိုသူနဲ့မျှဝေတတ်ပါစေ။ ကိုယ်ပျော်ရွှင်သလို သူလည်းပျော်ရွှင်ပါစေ။ သူ့ပတ်ဝန်းကျင်မှာ ကိုယ်နဲ့ပတ်သက်ပြီး ဂုဏ်ယူဝင့်ကြွားနိုင်ခြင်းကလည်းပိုပိုပြီး ချစ်မြတ်နိုးလာစေမယ့် နည်း လမ်ကောင်းမဟုတ်ပါလား။ 

သူလိုအပ်တဲ့အခါ
သူလိုအပ်တဲ့အခါ သူ့အနား အမြဲရှိနေပါစေ။ အမြဲရှိနေပါစေဆိုလို့ အသေးအမွှားကိစ္စလေးတွေကို ပြောနေတာမဟုတ်ပါဘူး။ သူဝမ်းနည်းနေချိန်၊ အားငယ်နေချိန်၊ စိတ်ပင်ပန်းနေချိန်၊ အကူအညီလိုနေချိန်မှာ အတတ်နိုင်ဆုံးသူ့အနားရှိနေပေးပါ။

Whitney
--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

 
Share on Google Plus

0 comments:

Post a Comment