တိုနာနေ့စဉ်သုံးပေးတာ
အသားအရေသန့်ရှင်းကြည်လင်ပြီး ချွေးပေါက်တွေကိုကျဉ်းစေပါတယ်။ အလှကုန်ပစ္စည်းအရောင်း စင်တာတွေကနေ
ဈေးကြီးကြီးပေးဝယ်ဖို့မလိုပါဘူး။ သဘာဝပစ္စည်းတွေကနေရတဲ့ တိုနာရှိပါတယ်။ သူတို့ကတော့
ချာမိုမိုင်းလက်ဖက်ရည်ကြမ်း
ချာမိုမိုင်းက
အသားအရေခြောက်သွေ့ပျက်စီးနေသူတွေအတွက် အဆင်အပြေဆုံးပါ။ မျက်ဝန်း တစ်ဝိုက်ညိုမည်းတာတွေကိုလည်း
သက်သာစေပါတယ်။ အသားအရေကို ရေဓာတ်ဖြည့်ပေးပြီး ယားယံခြင်း ကိုသက်သာစေပါတယ်။
အဖြူရောင်ရှာလကာရည်နဲ့ရေ
ရှာလကာအဖြူကတော့
အသားအရေ အလွယ်တကူယားယံတတ်တဲ့ ထိလွယ်ရှလွယ်အသား အရေပိုင်ရှင်တွေအတွက် အသင့်တော်ဆုံးပါ။
တိုနာအနေနဲ့သုံးမယ်ဆိုရင် ရေနဲ့အချိုးကျရောစပ်ပြီး သုံး ပေးနိုင်ပါတယ်။ မျက်နှာပေါ်က
အဆီတွေကို ဖယ်ရှားပေးရုံမက ၀က်ခြံကင်းစေပါတယ်။
လက်ဖက်ရည်ကြမ်း
လက်ဖက်ရည်ကြမ်းက
ကြမ်းတမ်းတဲ့အသားအရေကို ချောမွေ့စေပြီး အဆီတွေကို ဖယ်ရှားပေးပါ တယ်။ ဓာတ်တိုးဆန့်ကျင်
ဂုဏ်သတ္တိလည်းပါတဲ့အတွက် နုပျိုစေပါတယ်။
သံပုရာရည်
သံပုရာရည်က
မျက်နှာပြင်ကအဆီတွေကို ဖယ်ရှားပေးပြီး အမည်းစက်တွေကို မှေးမှိန်စေပါတယ်။ ဘက်တီးရီးယားတွေ
သေစေတဲ့အတွက်လည်း အသားအရေကိုသန့်ရှင်းစေပါတယ်။
သခွားသီးနဲ့ ဒိန်ချဉ်
သခွားသီးကြောင့်
အသားအရေအေးမြစေပြီး အစိုဓာတ်ကို ထိန်းသိမ်းပေးပါတယ်။ ချွေးပေါက်တွေ ကိုကျဉ်းစေပြီး
အသားအရည်ကိုလည်း ကြည်လင်စေပါတယ်။
ပန်းသီးနဲ့ပျားရည်
ပန်းသီးမှာ
ဗီတာမင်စီပါတဲ့အတွက် ဇရာကိုတိုက်ထုတ်ပေးပြီး အသားအရေလျော့တွဲတာကို သက်သာစေပါတယ်။ အရေးအကြောင်းတွေကို
လျော့ပါးစေပြီး အသားအရေကိုတင်းရင်းစေပါတယ်။
ဝဿန်
--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု
ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...www.facebook.com/shapejournal
www.facebook.com/groups/weloveshape
0 comments:
Post a Comment