အရွယ်မတိုင်မီ အိုမင်းရင့်ရော်ခြင်းမဖြစ်ရလေအောင်…














အိုမင်းရင့်ရော်ခြင်းဆိုတာ မျက်စိနဲ့ချက်ချင်းဆိုသလိုသိသိသာ သာကြီးမမြင်ရပါဘူး။ အိုမင်းရင့် ရော်ခြင်း နဲ့အတူ တခြားကျန်းမာရေး ပြဿနာတွေဖြစ်တဲ့ အ၀လွန်ခြင်း၊ ဆီးချိုသွေးချိုအမျိုးအစား(၂)၊ နှလုံး ရောဂါ စတာတွေပါတွဲပြီးပါလာတတ် ပါတယ်။ အိုမင်းရင့်ရော်လာတာနဲ့ အမျှ လူ့အရေပြားက ပါးလွှာပြီး ခြောက်သွေ့လာပါတယ်။ ဒါကြောင့်လည်း အရေးအကြောင်းတွေ၊ အစက်အပြောက်တွေနဲ့အတူ အရေပြားက ညှိုးနွမ်းလာပြီးတင်းရင်းကျစ်လစ်မှုလျော့ပါးလာပါတယ်၊ အဲဒီအချိန်မှာတော့ ခန္ဓာကိုယ်က ကိုယ်မျှော်လင့်တာထက်ပိုပြီး အို မင်းရင့်ရော်ခြင်းတွေပြသလာပါတော့တယ်။ သဘာဝပတ်ဝန်းကျင် ပြောင်းလဲလာမှု၊ နေထိုင်မှုပုံစံ၊ စား သောက်ပုံစံတွေက အရွယ်မတိုင်မီ အိုမင်းရင့်ရော်ခြင်းတွေကိုဖြစ်လာ စေပါတယ်။ ဒါပေမဲ့ ဒီအိုမင်းရင့် ရော်ခြင်းကို ကာကွယ်ဖို့အတွက် နည်းလမ်းကောင်းလေးတွေရှိပါတယ်။ 

ဆေးလိပ်သောက်ခြင်း
ဆေးလိပ်ကခန္ဓာကိုယ်ကို အဘက်ဘက်ကနေ ထိခိုက်စေပါတယ်။ ဆေးလိပ်သောက်သုံးခြင်းကြောင့် ခန္ဓာကိုယ်ရဲ့အိုမင်းရင့်ရော်ခြင်းကိုပိုပြီးလျင်မြန်စေပါတယ်။ ဆေးလိပ်ထဲမှာပါဝင်တဲ့ အန္တရာယ်ရှိ ဓာတုပစ္စည်းတွေက ခန္ဓာကိုယ် အောက်ဆီဂျင်သယ်ယူပို့ဆောင်မှုကို နှေးကွေးစေပြီး အသားအရေကို မညီမညာဖျော့တော့စေပါတယ်။ ဒါတင်မကပါဘူး။ ကျုံ့နိုင်ဆန့်နိုင် အားကိုကူညီပေးတဲ့ ကိုလာဂျင်ဖွဲ့ စည်းမှုကိုပါပြိုကွဲစေပါတယ်။

အရက်၊ဘီယာသောက်သုံးခြင်း
အရက်သောက်သုံးခြင်းက ခန္ဓာကိုယ်တွင်း ရေဓာတ်ခမ်း ခြောက်စေပါတယ်။ ရေဓာတ် ခမ်းခြောက်ခြင်းကြောင့် အ ရေပြားကအစိုဓာတ်တွေကိုလျော့ပါးသွားစေပြီး အိုမင်းရင့် ရော်ခြင်းကို အစပြုလာစေပါတယ်။ အရက်အလွန်အကျွံသောက်သုံး ခြင်းက ခန္ဓာကိုယ်တွင်း သဘာဝ အာဟာရဓာတ် အထူးသဖြင့် ဗီ တာမင်အေနဲ့စီကိုပါ လျော့ပါးသွား စေပါတယ်။ ဒီဗီတာမင်တွေက အရေပြားကို ကြည်လင်တင်းရင်းစေပါတယ်။ အရက်အလွန် အကျွံ သောက်သုံးခြင်းက အရေပြာကင် ဆာနဲ့လည်းဆက်စပ်မှုရှိပါတယ်။ အဲဒါကြောင့် အရက်သောက်သုံး ခြင်းကိုအတတ်နိုင်ဆုံးလျှော့ချပါ။

နေရောင်ခြည်လွန်ကဲစွာထိတွေ့ခြင်း
နေရောင်ခြည်ဆိုတာ ဘယ် လိုပဲဖြစ်ပါစေ အချိန်အကြာကြီးထိတွေ့ခြင်းက အရေပြားအတွက် အန္တရာယ်ရှိစေပါတယ်။ နေရောင်ခြည်နဲ့ အချိန်ကြာမြင့်စွာထိတွေ့ခြင်းက ခန္ဓာကိုယ်အရေပြားဆဲလ်လေးတွေနဲ့ သွေးကြောလေးတွေကို အင်အားဆုတ်ယုတ်စေပါတယ်။ ဒါတင်မကပါဘူး အရေပြားကျုံ့နိုင် ဆန့်နိုင်အားကို လျော့နည်းစေပြီး အရေပြားကိုပျက်စီးစေပါတယ်။ အရေပြားကင်ဆာအများစုကလည်း နေရောင်ခြည်နဲ့တိုက်ရိုက်ထိတွေ့ မှုကြောင့်ဖြစ်ပေါ်လာရတာပါ။ အရေပြားပေါ်က မှဲ့ခြောက်လေးတွေ က များလာတဲ့အခါ တင်းတိပ်ဖြစ်လာစေပြီး အချိန်ကြာလာတာနဲ့ အမျှအရေပြားကင်ဆာဖြစ်လာစေပါတယ်။ အဲဒါကြောင့်နေပူထဲထွက်တဲ့အခါ အကာအကွယ်နဲ့သွားတာ အကောင်းဆုံးဖြစ်ပါတယ်။

အိပ်စက်ချိန်နည်းပါးခြင်း
အိပ်စက်ချိန်နည်းပါးခြင်းက လူကိုပင်ပန်းနွမ်းနယ်စေပြီး ပင်ပန်း လာစေပါတယ်။ အိပ်ချိန်နည်းပါးတဲ့ အတွက် မျက်ဝန်းတစ်ဝိုက်မျက်ကွင်းညိုခြင်း၊ အရေးအကြောင်း တွေကိုဖြစ်လာစေပါတယ်။ အိပ် စက်ချိန် နည်းပါးခြင်းဟာ ကိုလာ ဂျင်ထုတ်လုပ်မှုကိုပါ အနှောင့် အယှက်ဖြစ်စေပါတယ်။ အဲဒါကြောင့် အိပ်စက်ချိန်ကို ၇-၉ နာရီအတွင်း ထားပေးပါ။

စိတ်ဖိစီးမှု
စိတ်ရှုပ်တဲ့အခါ မျက်မှောင် ကြုတ်တတ်ကြပါတယ်။ မျက်မှောင်ကြုတ်ခြင်းကလည်း အိုမင်း ရင့်ရော်စေတဲ့အကြောင်းတွေထဲက တစ်ခုပါ။ မျက်မှောင်ကြုတ်တဲ့အခါ နဖူးနဲ့မျက် ၀န်းတစ်ဝိုက်ကကြွက် သားတွေကို လှုပ်ရှားရပါတယ်။ လှုပ်ရှားမှုတွေ များလာတာနဲ့အမျှ အရေးအ ကြောင်းတွေဖြစ်ဖို့ လမ်း စတစ်ခုဖြစ်လာပါတော့တယ်။

ရန်နိုင်
--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

 
Share on Google Plus

0 comments:

Post a Comment