မိတ်ကပ်ဆိုတာ
ပိုပြီးလှပစေဖို့၊ သဘာဝအလှကိုပိုပြီး ပေါ်လွင်ထင်ရှားစေဖို့ ဖန်တီးတီထွင်ထား တာပါ။ ဒါပေမဲ့
တစ်ခါတစ်ရံ နဂိုရှိရင်းစွဲအသက်ထက်တောင် ပိုကြီးသွားသယောင်ထင်ရစေတဲ့ မိတ်ကပ် အလွဲအမှား
အယွင်းလေးတွေ ရှိပါတယ်။
ပြုံးလျက် Blush သုံးခြင်း
Blush
က မျက်နှာပြင်ကို သဘာဝကျကျလန်းဆန်းစေဖို့ ဖန်တီးတီထွင်ထားတာပါ။ ဒါပေမဲ့ မှားမှား ယွင်းယွင်းသုံးမိတဲ့အခါ
ရှိရင်းစွဲအသက်ထက်ပိုပြီး ကြီးသွားစေပါတော့တယ်။ အဲဒါကြောင့် Blush သုံးတဲ့အခါ မျက်နှာကို
အလွန်အကျွံရယ်မောတာမျိုးရှောင်ပါ။
တောက်ပလွန်းခြင်း
Shimmer
လေးတွေက နူးညံပြီး မျက်နှာကိုတောက်ပစေပါတယ်။ ဒါပေမဲ့ အလွန်အကျွံသုံးမိရင်တော့ မျက်နှာကိုအိုမင်းစေပါတယ်။
အဲဒါကြောင့် မျက်နှာပြင်တစ်ပြင်လုံးသုံးတာ၊ ပါးပြင်မှာ အထူကြီးသုံးတာမျိုး ရှောင်ပေးပါ။
အရေးအကြောင်းတွေပေါ် ပေါင်ဒါသုံးခြင်း
တကယ်တော့
ပေါင်ဒါလိုအပ်တဲ့နေရာက အဆီပြန်တတ်တဲ့ T-Zone နေရာပါ။ ဒီနေရာတွေထက်ပိုပြီး ပေါင်ဒါမလိုအပ်ပါဘူး။
အထူးသဖြင့် အရေးအကြောင်းတွေပေါ် ပေါင်ဒါသုံးမိတဲ့အခါ မျက်နှာပြင်ကို ပိုပြီး ရင့်သွားစေပါတော့တယ်။
ဖောင်ဒေးရှင်းအလွန်အကျွံသုံးခြင်း
မျက်နှာပြင်ပေါ်က
ဖောင်ဒေးရှင်းခပ်ထူထူက မျက်နှာကိုအသက် ၁၀ နှစ်ခန့်ပိုပြီးကြီးသွားသယောင် ထင်ရစေပါတယ်။
ခပ်ပါးပါးလိမ်းလေ မျက်နှာပြင်က သဘာဝကျပြီး နုပျိုလေပါ။
နှုတ်ခမ်းဆိုးဆေးအခြောက်
ခြောက်သွေ့တဲ့နှုတ်ခမ်းဆိုးဆေးက
နှုတ်ခမ်းပေါ်က အရေးအကြောင်းတွေအားလုံးကို ဖော်ပြ နိုင်ပါတယ်။ အဲဒါကြောင့် နှုတ်ခမ်းဆိုးဆေးကို
အနည်းငယ်စိုစွတ်တာလေးသုံးပေးပါ။
မျက်တောင်ကော့ဆေးထူလွန်းခြင်း
ထူထဲလွန်းတဲ့မျက်တောင်ကော့ဆေးတွေက မျက်ဝန်းကို
ကျဉ်းမြောင်းသွားစေပြီး ကြည့်ရဆိုး စေပါတယ်။ အဲဒါကြောင့် မျက်တောင်ကော့ဆေးကို ခပ်ပါးပါးသာသုံးပေးဖို့
သတိရပါ။
ဝဿန်
--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု
ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...www.facebook.com/shapejournal
www.facebook.com/groups/weloveshape
0 comments:
Post a Comment