အကောင်းမြင်စိတ်ရှိရင်ဘာတွေပြောင်းလဲသွားမလဲ











ဝမ်းနည်းပူဆွေးမှုကမကောင်းတာတွေဆက်ဖြစ်လာစေဖို့ ဖန်တီးပေးတယ်။ အဲဒီလိုပဲပျော်ရွှင်မှုက ကောင်း တာတွေဖြစ်လာစေဖို့ဆက်ပြီးဖန်တီးပေးပါတယ်။ တကယ်တော့ ဘ၀ကိုမကောင်းမြင်ဖို့က ပိုပြီးလွယ် ကူပါတယ်။ အဲဒီတော့ ဘ၀ကိုအကောင်းမြင်ဖို့ဘယ်လိုကြိုးစားကြမလဲ။ ဘ၀ကို အကောင်းမြင်တတ်ရင် ဘာတွေပြောင်းလဲလာမလဲ။

တက်ကြွလာမယ်
ဘ၀ကိုအကောင်းမြင်စိတ်နဲ့ချဉ်းကပ်တဲ့အခါ နေ့သစ်တိုင်းက ကိုယ့်အတွက်အခွင့်အရေးတွေချည်းပါပဲ။ အိပ်ရာကနေ စောစောထရတာတောင် စိတ်လှုပ်ရှားလာမယ်။ ကိုယ်လုပ်ရမယ့်အရာတွေကို ပိုပြီးအောင်မြင်အောင်လုပ်လာနိုင်မယ်။

အလုပ်ပိုပြီးအဆင်ပြေလာမယ်
အကောင်းမြင်နေတဲ့အတွက် စိတ်ဓာတ်တွေလည်းတက်ကြွနေပြီး လုပ်ကိုင်နိုင်စွမ်းတွေလည်း ပိုတိုးတက်လာတာကိုတွေ့ရပါလိမ့်မယ်။

စိတ်ဖိစီးမှုတွေနည်းလာမယ်
စိတ်ဖိစီးလာလေ ဘ၀ကခက်ခဲလာလေပါ။ စိတ်ဖိစီးမှုအများစုရဲ့အခြေခံကတော့ငါမလုပ်နိုင်ဘူးဆိုတဲ့ အတွေးကြောင့်ပါ။ အကောင်းမြင်တတ်တဲ့လူအတွက်တော့ ဒီအတွေးက တော်တော်ကြီးရှာဖွေရပါလိမ့်မယ်။

အဖြေရှာတွေ့မယ်
အဆိုးမြင်စိတ်တွေ၊ အတွေးတွေရပ်တန့်လိုက်တဲ့အခါ ပြသသနာတွေအားလုံးအပေါ် အာရုံစိုက်လာနိုင်ပြီး အဖြေရဖို့လမ်းစပိုနီးစပ်လာပါတယ်။

ကျန်းမာလာမယ်
စိတ်ဖိစီးမှုကင်းပြီဆိုမှတော့ အသက်ရှည်ရှည်နဲ့နေနိုင်ပြီပေါ့။

ကိုယ့်ကိုယ်ကိုယ်အကောင်းမြင်လာမယ်
ကိုယ့်ပျော်ရွှင်မှုကို အဓိကတားဆီးနေတာ ကိုယ့်ရဲ့မကောင်းမြင်စိတ်တွေပါ။ ဘ၀ကိုအကောင်းမြင်စိတ်နဲ့ကြည့်လိုက်မယ်ဆိုရင် ကိုယ့်ကိုယ်ကိုယ်လည်းအကောင်းမြင်လာပါလိမ့်မယ်။

ရန်နိုင်
--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

 
Share on Google Plus

0 comments:

Post a Comment