နာကျင်စရာအတိတ်ကဘယ်လိုရုန်းထွက်ကြမလဲ










ဘယ်သူမဆို ငယ်ရွယ်တဲ့အချိန်ကတည်းက ဒေါသ၊ မာန်မာနတွေရှိခဲ့ကြမှာပါ။ ဒီဒေါသ၊ မာန်မာနတွေက တစ်စုံတစ်ယောက်က သစ္စာဖောက်လို့လည်းဖြစ်နိုင်တယ်။ မယုံကြည်ရလို့လည်းဖြစ်နိုင်တယ်။ ခွင့်မ လွှတ်နိုင်တာကြောင့်လည်းဖြစ်နိုင်တယ်။ 'သူ့ကိုဘယ်တော့မှ ခွင့်မလွှတ်နိုင်ဘူး။' ဆိုတဲ့စကား ဘယ်သူ မဆိုပြောဖူးကြမှာပါ။ အဲဒီတော့ ဘယ်လောက်ပဲအချိန်တွေကုန်သွားကုန်သွား ကိုယ့်တစ်ယောက် ပဲအတိတ်မှာ ပိတ်မိနေတော့တာပေါ့။ အဲဒီတော့ အတိတ်မှာပိတ်မိပြီး နာကျင်ရတာတွေကနေ ဘယ်လိုရုန်းထွက်ကြမလဲ…။

လူတိုင်းအမှားကျူးလွန်ဖူးပါတယ်
လူတိုင်းအမှားကျူးလွန်ဖူးတယ်။ ဆုံးဖြတ်ချက်မှားယွင်းဖူးတယ်။ ဒီအမှားတွေက ကိုယ့်ဘ၀ကို ဖျက်ဆီးနေ တယ်လို့တွေးမယ့်အစား နားလည်လိုက်ပါ။ လူတိုင်း အမှားလုပ်ဖူးတယ်။ အရေးကြီးတာက အမှားတွေ ကနေ သင်ခန်းစာယူပြီး ရှေ့ဆက်ဖို့ပါ။

အများကြီးမမျှော်လင့်နဲ့
ကိုယ်ကြီးကြီးမားမားမျှော်လင့်ခဲ့ပေမယ့် ဖြစ်မလာခဲ့လို့ စိတ်ဆိုးဒေါသထွက်ရတာမျိုးလူတိုင်းကြုံဖူးကြမှာပါ။ မျှော်လင့်ထားသလောက်ဖြစ်မလာလို့ ၀မ်းနည်းရမယ်၊ စော်ကားသလိုခံစားရမယ်။ အဲဒီတော့ ဒီခံစားချက်တွေကနေလွတ်မြောက်ဖို့ကတော့ မျှော်လင့်ချက်ကြီးကြီးမထားဖို့ပါ။

ပစ္စုပ္ပန်မှာနေပါ
ခွင့်မလွှတ်နိုင် မမေ့ပျောက်နိုင်သူက အတိတ်ကိုတွဲခိုနေသူပါ။ အဲဒီတော့ ပိုပြီးနာကျင်ရတာပေါ့။ မနာကျင်ပဲ ပျော်ရွှင်နေချင်ရင်တော့အတိတ်ကနေရုန်းထွက်ပြီး ပစ္စုပ္ပန်မှာပျော်ပျော်ရွှင်ရွှင်နေဖို့ပါ။

သူ့နေရာကိုယ်သာဆို
အဲဒီလိုအမှားကျူးလွန်မိတဲ့သူက သူမဟုတ်ဘဲ ကိုယ်လို့စိတ်ကူးယဉ်ကြည့်ပါစို့။ မရည်ရွယ်ဘဲလုပ်မိတဲ့အမှားအတွက် စိတ်ဆိုးဒေါသထွက်တာ ကိုယ်တိုင်ခံနိုင်ပါ့မလား။ အဲဒီလိုလေးလည်း ၀င်ပြီးခံစားပေးပါ။

ခွန်အားတွေပိုရလာမယ်
ဒေါသနဲ့လက်စားခြေမှုကိုလက်ကိုင်တာ မကောင်းတဲ့စွမ်းအားတွေကိုပဲ ပိုတိုးစေရုံပါ။ ကိုယ့်စွမ်းအားလေးတွေကို ဒီလိုမကောင်းတဲ့ကိစ္စအတွက် ဘာကြောင့်အဆုံးရှုံးခံမှာလဲ။ အဲဒါကတော့ ဒေါသတွေကိုလက်လွှတ်ပြီး ခွင့်လွှတ်လိုက်ပါ။ 

ခွင့်လွှတ်ခြင်းဆိုတာ ကိုယ့်အမှတ်အသား
သူက စိတ်ဆိုးလွယ်တယ်။ ဒေါသထွက်လွယ်တယ်ဆိုတဲ့ ပတ်ဝန်းကျင်ကမှတ်ချက်တွေထက် သူကခွင့်လွှတ်တတ်တယ်။ သည်းခံတတ်တယ်ဆိုတဲ့စကား ဘယ်ဟာကပိုပြီးနားထောင်လို့ကောင်းသလဲ ကိုယ့်ကိုယ်ကိုယ်ပြန်မေးကြည့်ပါ။

ရန်နိုင်
--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

 
Share on Google Plus

0 comments:

Post a Comment