ဓာတ်ပုံလှလှလေးရိုက်ချင်တယ်ဆိုရင်…










Social Media တွေအသုံးများလာတဲ့ခေတ်မှာ Social Media နဲ့အတူတွဲပြီးနာမည်ကြီးလာတာက ဓာတ်ပုံလှလှလေးတွေပါ။ Selfie ကြိုက်တဲ့သူက Selfie ၊ ရှုခင်းရိုက်တာကြိုက်တဲ့သူက ရှုခင်းလေးတွေရိုက်ကြမယ်။ တင်ကြမယ်။ Facebook, Instagram တို့လိုမျိုးကနေ သူများရိုက်ထားတဲ့ ပုံလှလှလေးတွေပြင်ပြီး ကိုယ်လည်းအဲဒီလိုရိုက်တတ်ချင်တယ်။ ပုံလှလှလေးတွေမြင်ရင် ထပ်တလဲလဲကြည့်ချင်မိသလို မလှပတဲ့ပုံတွေမြင်ရင်လည်း မျက်နှာလွှဲပစ်ပြန်ရော။ အဲဒီတော့ ပုံလှလှလေးတွေ ဘယ်လိုရိုက်ကြမလဲ…

ကင်မရာကောင်းကောင်းသုံး
သေချာတာပေါ့…။ စမတ်ဖုန်းတွေမှာလည်း အရည်အသွေးကောင်းတဲ့ ကင်မရာတွေပါလာပါပြီ။ ဒီထက်ပိုကောင်းပိုလှတဲ့ပုံလေးတွေအတွက်တော့ ကင်မရာကပိုသင့်တော်ပါလိမ့်မယ်။

Manual Setting သုံး
Camera ကောင်းကောင်းပိုင်ဆိုင်ထားပြီဆိုမှတော့ Auto နဲ့ ရိုက်နေရုံတင် အလုပ်မဖြစ်ပါဘူး။ ဘယ်နေရာရောက်ရောက် လိုအပ်သလို အလင်းအမှောင်လိုအပ်သလို ကစားတတ်ဖို့ Manual Setting ပြောင်းသုံးကြည့်ပါ။ 

Rule Of Third ကိုမမေ့နဲ့
Rule of Third ဆိုတာ ဓာတ်ပုံဆရာတိုင်းသင်ခဲ့လေ့လာခဲ့ရတဲ့ ဓာတ်ပုံပညာရဲ့အခြေခံပါ။ အထူးသဖြင့် တစ်စုံတစ်ခုကိုရိုက်တော့မယ်ဆိုရင် Camera ရုပ်ကွယ်ထဲမှာ ဒေါင်လိုက်၊ အလျားလိုက်၊ စိတ်ကူးယဉ်မျဉ်း ၃ ကြောင်းစီပုံဖော်ပြီးရိုက်ပါ။ 

လူတွေစိတ်ဝင်စားစေချင်တာဘာလဲ
တစ်ခါတလေ ကိုယ်ရိုက်ထားတဲ့ပုံကို ပြန်ကြည့်မိတဲ့အခါ ဘာကိုရိုက်လို့ရိုက်မှန်းမသိဖြစ်တတ်ပါတယ်။ အဲဒါကြောင့် မရိုက်ခင်ကတည်းက ကိုယ်ဘာကိုရိုက်ချင်တာလဲ၊ ဘာကို အသားပေးဖော်ပြချင်တာလဲ ဆုံးဖြတ်ထားဖို့လိုပါတယ်။ 

အချိန်ယူ
တစ်ချို့ကတော့ ဓာတ်ပုံရိုက်တာအသားကျနေသူတွေအတွက်ကတော့ ရိုက်ကွက်တစ်ခုကို စက္ကန့်အနည်းငယ်အတွင်းမှာတင် ရိုက်ကူးနိုင်ပါတယ်။ တကယ်လို့ ဓာတ်ပုံရိုက်တာအသားမကျသေးရင်တော့ အချိန်ယူပါ။ မလောပါနဲ့။

အသေးစိတ်
ဥပမာ ပါတီတစ်ခုမှာ ဓာတ်ပုံရိုက်တယ်ဆိုပါစို့။ သူငယ်ချင်းတွေ ပျော်ရွှင်နေတာကိုပဲ အဓိကရိုက်ဖြစ်ကြလိမ့်မယ်။ ဒါပေမယ့် ဒီထက်စိတ်ဝင်စားစရာကောင်းတာလေးတွေနဲ့ အသေးစိတ်ပေါင်းစပ်ရိုက်လိုက်မယ်ဆိုရင် ဒီဓာတ်ပုံက ပိုပြီးကြည့်ကောင်းသွားမှာသေချာတယ်။

အသင့်ပြင်ထား
ဓာတ်ပုံကောင်းကောင်းလိုချင်မှတော့ အစစအရာရာ အသင့်ပြင်ထားဖို့လိုပါပြီ။ အသင့်ပြင်ထားဆိုလို့ကင်မရာကိုင်ပြီး အဆင့်သင့်အနေအထားနဲ့နေခိုင်းတာမဟုတ်ပါဘူး။ လက်သွက်ဖို့ပြောတာပါ။

Crystal

--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

 

Share on Google Plus

0 comments:

Post a Comment