ကိုယ်ဝန်ဆောင်ကာလဆိုတာ
လောကမှာလူဖြစ်လာပြီးတဲ့နောက် မိန်းမသားတစ်ယောက်ရဲ့ မိန်းမ တစ်ယောက်အဖြစ်ရပ်တည်ခွင့်တန်ဖိုးအရှိဆုံးသော
အချိန်ကြည်နူးအရတဲ့ အချိန်တစ်ခုဆိုရင်မ မှားနိုင်ပါ ဘူး။ ပြီးတော့ လောကမှာလူသား တစ်ဦးကျန်းကျန်းမာမာနဲ့
မွေးဖွားလာဖို့အတွက် မိန်းမသားတစ် ယောက်ရဲ့ဘ၀မှာအဘက်ဘက်က အန္တရာယ်တွေကို ဂရုအစိုက်ရဆုံးအချိန်၊
စိတ်ဖိစီးပင်ပန်းဆုံးအချိန် လို့လည်းပြောနိုင်ပါတယ်။ အနေအထိုင်ဂရုစိုက်ရတယ်။
အစားအသောက် အစစအရာရာ ဂရုစိုက်ရပါတယ်။ အဲဒီတော့ ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦး အနေနဲ့
ဘယ်လိုနေထိုင်မလဲ…
ကိုယ်ဝန်ဆောင်ကာလ
အကြောင်းမပြောခင်ကိုယ်ဝန်ဆောင် စဉ်ခံစားရတတ်တဲ့ ဝေဒနာလေးတွေနဲ့ အစပြုလိုက်ရအောင်။
ရင်သားနာကျင်မှုဝေဒနာ
ရင်သားနာကျင်မှုဝေဒနာက
ကိုယ်ဝန်ဆောင်ကာလအစလက္ခဏာဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ ကိုယ်ဝန်က estrogen နဲ့ progesterone
တွေသာမန်ထက် ပိုထုတ်ပါတယ်။ ကိုယ်ဝန်မဆောင်ချိန်မှာလည်း ဒီဟိုမုန်းတွေက ထုတ်လွတ်ပေမယ့်
ကိုယ်ဝန် ဆောင်ကာလမှာပိုပြီးထုတ်လွတ်တဲ့ အတွက် ရင်သားတစ်ရှူးများကို သာမန်ထက်ပိုပြီးနာကျင်စေပါတယ်။
မောပန်းမယ်
မောပန်းလွယ်ခြင်းကလည်း
ကိုယ်ဝန်ဆောင်ကာလကနဦးလက္ခဏာတစ်ခုပါ။ Progesterone မြင့်တက်လာတဲ့အခါမောပန်းလွယ်ပါတယ်။
အော်ဂလီဆန်ခြင်း
အော်ဂလီဆန်တာကလည်း
ကိုယ်ဝန်ဆောင်ကာလကနဦးလက္ခတစ်ခုပါ။ ဒါကလည်းဟိုမုန်းအ ပြောင်းအလဲ၊ မြင့်တက်လာမှုကြောင့်ပါဘဲ။
တချို့အမျိုးသမီးတွေက ကိုယ်ဝန်ဆောင်ကာလ (၆)ပတ်အတွင်း ခံစားရပေမယ့် တချို့ကတော့ စောစီးစွာခံစားရတတ်ပါတယ်။
ဝမ်းချုပ်ခြင်း၊၀မ်းလျောခြင်း
ကိုယ်ဝန်ဆောင်ကာအပိုင်းမှာ
ဖြစ်တတ်တဲ့ဟိုမုန်းအပြောင်းအလဲက အစာခြေစနစ်ကိုနှေးကွေးသွားစေပါတယ်။ အဲဒါကြောင့်ဝမ်းချုပ်တဲ့လက္ခဏာဖြစ်လာပါတယ်။
အဲဒါကြောင့် အချဉ်ဓာတ်ကြွယ်ဝတဲ့ အစားအစာတွေများများစာသလို ရေများများသောက်ပေးဖို့လိုပါတယ်။
တချို့အမျိုးသမီးတွေကတော့ ၀မ်း လျောလေ့ရှိပါတယ်။ ဟိုမုန်းအပြောင်းလဲက အမျိုးသမီးတစ်
ယောက်နဲ့တစ်ယောက်မတူညီပဲကွဲပြားပါတယ်။
ခေါင်းကိုက်မယ်
ကိုယ်ဝန်ဆောင်ကာလအစ
ခေါင်းကိုက်ခြင်ကဟိုမုန်းအပြောင်း အလဲကြောင့်ဖြစ်တတ်သလို သွေး ထုထည်အပြောင်းအလဲကြောင့်လည်းဖြစ်နိုင်ပါတယ်။
ထိလွယ်ရှလွယ်ဖြစ်လာမယ်
နောက်ထပ်ကိုယ်ဝန်ကနဦး
ကာလမှာခံစားရလေ့ရှိတာကတော့ အနံ့ခံအာရုံပြင်းလွန်းတာပါပဲ။ တစ်ခါတရံမှာ အလွန်ဝေးကွာတဲ့နေရာက
အနံ့အသက်တွေအထိခံစားရမယ်။ အစားအသောက်အနံ့ကို အော်ကလီဆန်မယ် အစရှိတာတွေဖြစ်လာတတ်ပါတယ်။
ကိုယ်ဝန်ဆောင်ကာလလက္ခ
ဏာတွေပြောပြီးပြီဆိုတော့ ကိုယ်ဝန်ဆောင်ချိန်နေထိုင်စားသောက် ပုံလေးတွေကို လေ့လာကြည့်ရအောင်။
ဘယ်လိုစားသောက်မလဲ
အစားအသောက်ရွေးချယ်မှုက
ကိုယ်ဝန်ဆောင်မိခင်ကျန်းမာရေး သာမက ကလေးကျန်းမာရေးအတွက်ပါ အထူးအရေးကြီးပါတယ်။
နံနက်စာဘယ်တော့မှမမေ့နဲ့
သစ်သီး၊ ဂျုံ၊
ကွေကာတို့လို သံဓာတ်၊ ကယ်ဆီယံပါဝင်တဲ့ အစားအစာမျိုးတွေစားပါ။
နေမကောင်းဖြစ်နေသူများအ
နေနဲ့ နံနက်ခင်းမှာ ကရုတစိုက်စားပေးဖို့ပိုပြီးလိုအပ်ပါတယ်။
အမျှင်ဓာတ်ကြွယ်ဝတဲ့အစားအစာတွေစား
ဟင်းနုနွယ်၊
ငှက်ပျောသီး၊ သစ်တော်သီး၊ green peas တို့လို ဟင်းသီးဟင်းရွက်၊ သစ်သီးများ များစားပါ။
ဆန်လုံးညို၊
အုတ်ဂျုံတို့များ များစားပါ။
အဆီလျော့စား
အဆီထုတ်ထားတဲ့ဒိန်ချဉ်လို
မျိုးသာစားပါ။
အဆီပါဝင်မှုနည်းတဲ့
အဆီ မပါဝင်တဲ့ ချီးစ်၊ ကွတ်ကီးတို့စားပါ။
ဗီတာမင်ဖြည့်စွက်စား
သံဓာတ်ကခန္ဓာကိုယ်တွင်း
သွေးများကျန်းမာရေးအတွက်အရေးပါပါတယ်။ Folic acid ကတော့ ကိုယ်ဝန်ပျက်ကျခြင်းကိုကာကွယ်ပေးပါလိမ့်မယ်။
ဗီတာမင်ဖြည့်စွက်ဆေးမစားခင်မှာ ဆရာ ၀န်နဲ့တိုင်ပင်တာအကောင်းဆုံးဖြစ်ပါတယ်။
ပင်လယ်စာများများစား
ဆယ်မွန်ငါး၊
ဘာဒင်းငါး၊ တူ နား၊ ပုဇွန်ဆိတ်တို့များများစားပါ။
ငါးကွမ်းရှပ်၊
အရှည်နှုတ်သီး ငါးတို့လို မာကျူရီများစွာပါဝင် တဲ့ငါးမျိုးရှောင်ပါ။
ဘက်တီးရီးယားပါဝင်တဲ့ အစားအစာများရှောင်
ဆူရှီလိုမျိုး
(ငါးအစိမ်းပါဝင်တဲ့) အစားအစာမျိုးရှောင်ပါ။
မချက်ုပြုတ်ထားတဲ့အသား၊
ငါးစားခြင်းရှောင်ပါ။
ကဖိန်း၊ အရက်သောက် သုံးခြင်းကန့်သတ်
ကဖိန်းဓာတ်မပါဝင်တဲ့
ကော်ဖီ၊ လ္ဘက်ရည်မျိုးသောက်သုံးပါ။
ဆိုဒါ၊အားဖြည့်အချိုရည်များ
အစားရေများများသောက်ပါ။
အရက်သောက်သုံးခြင်းရှောင်
အစားအသောက်ကအရေးကြီးသလိုနေထိုင်ပုံကလည်း
ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ယောက်အတွက် အရေးကြီးပါတယ်။
သန္ဓေသား၊
ကျောက်ကပ်နဲ့သားအိမ်သို့သွေးလည်ပတ်မှုကောင်းစေဖို့ ဘယ်ဘက်ကို ငတင်းအိပ်ပါ။ ပက်လက်အနေအထားအချိန်အကြာအောင်အိပ်ခြင်းရှောင်ပါ။
နေ့ဘက်အချိန်ရေများများသောက်ပြီး
ညအိပ်ယာဝင်ခါနီးမှာ ရေသောက်ခြင်းလျော့ချပါ။
အချဉ်၊ အစပ်
အလွန်အကျွံစားခြင်းရှောင်ပါ။ ရင်ပူတတ်တဲ့ ဝေဒနာဖြစ်ပါက ခေါင်းအုံးကိုသာ မန်ထက်ပိုမြောက်ပြီးအိပ်ပါ။
သွေးလည်ပတ်မှုကောင်းစေဖို့၊
ခြေထောက်ကြွက်မတတ်စေဖို့ နေ့စဉ်လေ့ကျင့်ခန်းပုံမှန်လုပ်ပေးပါ။
ကိုယ်ဝန်ဆောင်ခေါင်းအုံး၊
အိပ်ရာခင်းတို့ကိုလိုအပ်ပါကအသုံးပြုပေးပါ။
နေ့ခင်းနေ့လည် ခေတ္တအိပ်စက်အနားယူ
ညအိပ်ယာမ၀င်ခင်
ရေခပ်နွေးနွေးလေးနဲ့ ချိုးပေးခြင်းက ကိုယ်ဝန်ဆောင်မိခင်များအတွက် အထောက်အကူဖြစ်စေပါတယ်။
မိခင်တစ်ယောက်အဖို့ကလေး
မွေးဖွားပြီးသည်အထိတိုင်အောင် ကရုစိုက်ရမှာတွေက မပြီးဆုံးသေးပါဘူး။ ကလေးမွေးဖွားထားတဲ့
မိခင်လောင်းတွေက ညဘက်အိပ်တဲ့အခါကလေးကြောင့်ဖြစ်စေ၊ အကြောင်းအမျိုးမျိုးကြောင့်မကြာ
ခဏနိုးထလေ့ရှိပါတယ်။ အဲဒါကြောင့် မိခင်ရဲ့ကျန်းမာရေး၊ ကလေးကျန်းမာရေး၊ လုံခြုံစိတ်ချမှုအတွက်
မိခင်နှင့်အတူကလေးကို အလှည့်ကျစောင့်ရှောက်တာမျိုး ဒါမှမဟုတ် ကလေးထိန်းအကူနဲ့ စောင့်ရှောင့်တာမျိုးပြုလုပ်ပေးတာ
အကောင်းဆုံးဖြစ်ပါတယ်။
ရန်နိုင်
--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု
ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...www.facebook.com/shapejournal
www.facebook.com/groups/weloveshape
0 comments:
Post a Comment