ပရိတ်သတ်ရှေ့မှာစကားပြောကောင်းသူဖြစ်ဖို့









'ဘ၀မှာ တစ်ယောက်နဲ့တစ်ယောက်ပြောဆိုဆက်သွယ်တတ်ဖို့သင်ယူရမယ်။ ဒါအရေးကြီးဆုံးပဲ။ တစ်ခြား လူတွေကို မပြောဆိုမဆက်ဆံနိုင်ဘူးဆိုရင် မင်းရဲ့ဖြစ်နိုင်စွမ်းတွေကို အရှုံးပေးလိုက်တာနဲ့ အတူတူပဲ။'
ကိုယ်နဲ့သိတဲ့လူတွေထဲကတစ်ချို့ကိုမေးကြည့်ပါ။ ဘ၀မှာအကြောက်ဆုံးအရာကဘာလဲလို့။ လူထုရှေ့မှာ စကားပြောရတာတစ်ခုအပါအ၀င်လို့ဖြေကောင်းဖြေပါလိမ့်မယ်။ လူတိုင်း ဘ၀မှာတစ်ကြိမ်တစ်ခါတော့ လူရှေ့သူရှေ့ထွက်ပြီး စကားပြောကြရမှာသေချာပါတယ်။ အဲဒီတော့ လူထုရှေ့မှာ စကားပြောရဲဖို့ ဘာတွေပြင်ဆင်ကြမလဲ။

ကြိုတင်ပြင်ဆင်
ကြိုတင်ပြင်ဆင်ခြင်းကအမှားနည်းစေပါလိမ့်မယ်။ ပြီးတော့ တစ်ခြားလူတွေ ကိုယ့်ကိုယ်မေးခွန်းမေးတာ ကိုလည်း ကောင်းကောင်းတုံ့ပြန်နိုင်တာပေါ့။ ကြိုတင်ပြင်ဆင်နိုင်လေ အမှားနည်းလေပါပဲ။ 

မလောနဲ့
ရုတ်တရက်ငြိမ်သက်သွားတာ ကို့ယို့ကားယားအခြေအနေမဟုတ်သလို စကားပြောသူရဲ့ ကိုယ့်ကိုယ် ကိုယ်ယုံကြည်မှုပျောက်သွားတာလည်းမဟုတ်ပါဘူး။ တကယ်တော့ စိတ်လှုပ်ရှားနေတဲ့လူကမှသာ ပြောစရာရှိတာတွေကို တရစပ်ပြောသွားတာပါ။

ပုံပြင်ပြော
ကိုယ်ပြောစရာတွေကို ပုံပြင်ဆန်ဆန်ပြောပြလေ ပရိတ်သတ်စိတ်ဝင်စားမှုပိုရလေပါ။ ပြောတဲ့အခါမှာ စကားလုံး၊ ၀ါကျတွေက ရှင်းလင်းဖို့တော့လိုပါတယ်။ ပုံပြင်တစ်ပုဒ်လို အစ၊ အလယ်၊ အဆုံး အားလုံး ရှိရမှာပေါ့။ ဒါမှလည်း  ကိုယ်ပြောချင်တဲ့ပစ်မှတ်ကို တစ်ဆင့်ချင်းရောက်မှာလေ။

အဆက်အသွယ်လုပ်
ပရိသတ်တွေနဲ့ပိုပြီးနီးစပ်သွားစေဖို့နဲ့ ကိုယ့်ကိုယ်ကိုယ်ရဲဆေးတင်ဖို့တစ်ခုကတော့ ကိုယ့်စကား နားထောင်နေသူတွေနဲ့ မျက်လုံးချင်းဆုံကြည့်လိုက်ပါ။ ဒါမှလည်း ပိုပြီးရင်းနှီးမှုရလာမှာပါ။

အကြောက်တရားကိုမတိုက်ထုတ်နဲ့
စင်ပေါ်တက်ပြီးစကားပြောရမှာ ကြောက်ရွံ့တယ်ပဲဆိုပါတော့။ ဒီကြောက်ရွံ့စိတ်ကို တွန်းလှန်ပစ်သင့်ပါ သ လား။ အကြောက်တရားကိုမတွန်းလှန်ပစ်သင့်ပါဘူး။ တကယ်တော့လူရှေ့မှာ စကားပြောရ တာကြောက်တာ ထက် သူတို့မေးတဲ့မေးခွန်းမဖြေနိုင်မှာစိုးလို့ကြောက်တာပါ။ ဒီနှစ်ခုကရောထွေးတတ် ပါတယ်။

ဘယ်သူမဆိုပြောဆိုနိုင်တယ်
ကိုယ်ကအရေးကြီးပုဂ္ဂိုလ်ဖြစ်လို့ စင်ပေါ်တက်စကားပြောနေရတာမဟုတ်ပါဘူး။ လိုအပ်လို့ပြောနေရတာပါ။ ပြီးတော့ လူရှေ့မှာစကားပြောတယ်ဆိုတာ ဘယ်သူမဆိုပြောနိုင်တယ်ဆိုတာမှတ်ယူထားပါ။ 

လေ့ကျင့်
အလေ့အကျင့်မရှိဘဲနဲ့တော့ လုပ်ဖို့ခက်ခဲပါတယ်။ မှန်ရှေ့မှာလေ့ကျင့်ကြည့်ပါ။ သူငယ်ချင်း၊ မိသားစုတွေရှေ့မှာ လေ့ကျင့်ကြည့်ပါ။ လေ့ကျင့်ရင်းနဲ့ ကျင့်သားရသွားပါလိမ့်မယ်။

ရန်နိုင်
--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

 
Share on Google Plus

0 comments:

Post a Comment