ယောကျာ်းလေးအများစုက
သူတို့ရဲ့ရင်တွင်းခံစားချက်ကိုထုတ် ဖော်ပြလေ့မရှိကြပါဘူး။ အဲဒါ ကြောင့် တစ်ခါတစ်ရံမှာ
ယောကျာ်းလေးတွေနဲ့ပတ်သက်ပြီးတွေးရတာ အနည်းငယ်ကသိကအောက်နိုင်စရာ ကောင်းလှပါတယ်။ ခံစားချက်ကို
ထုတ်ဖော်လေ့မရှိဘူးဆိုလို့ခံစားချက်မရှိတာမျိုးလည်းမဟုတ်ပါဘူး။ ဒီ ခံစားချက်တွေဖော်ပြဖို့က
သူတို့ အတွက်အနည်းငယ်ကိုးရိုးကားရားဖြစ်ချင်စရာကောင်းလို့ပါ။ အဲဒီတော့ ခံစားချက်တွေကိုသိမ်းဆည်းထားလေ
ကိုယ်တွေမိန်းကလေး တွေအတွက်'သူချစ်လား'ဆိုတဲ့ မေးခွန်းရဲ့အဖြေက ပိုပြီးသံသယ၀င် စရာကောင်းလေပေါ့။
ဒါပေမဲ့ ကံကောင်းစွာနဲ့ပဲ သူကိုယ့်ကိုချစ်ပါ တယ်ဆိုတာပြနေတဲ့အပြုအမူလေး တွေ၊ သင်္ကေတလေးတွေရှိနေပါတယ်။
တကယ်လို့သတိထားမိ မယ်ဆိုရင်ပေါ့။
သူကိုယ့်ကိုအရာအားလုံးပြောပြမယ်
ယောကျာ်းလေးတစ်ယောက်
ကိုယ့်ကိုတကယ်ချစ်လားမချစ်လား ပထမဆုံးသတိထားမိနိုင်တာကတော့ သူ့ရဲ့အပြောအဆိုပါ။ ယောကျာ်းအများစုက
သူတို့စိတ်ထဲက အကြောက်တရားနဲ့ မလုံခြုံမှုတွေကို ပြောပြလေ့မရှိပါဘူး။ သူတို့ယုံကြည်ရတဲ့လူမဟုတ်ရင်ပေါ့။
ဒီလိုမျိုးအကြောက်တရားတွေကို သူတို့ချစ်တဲ့ မိန်းကလေးကိုသာ ရင်ဖွင့်တိုင်ပင်လေ့ရှိပါတယ်။
သူ့မိသားစုနဲ့မိတ်ဆက်ပေးမယ်
ယောကျာ်းလေးတစ်ယောက်က
သူချစ်တဲ့မိန်းကလေးကို သူ့မိသားစုနဲ့မိတ်ဆက်ပေးမှာ အသေချာပါ။ မိတ်ဆက်ပေးလိုက်ပြီဆိုကတည်းက
ဘ၀အတွက် ရည်ရွယ်ပြီးလက်တွဲသွားဖို့ဆိုတာ သေချာနေပါပြီ။ ဘယ်သူကများ တကယ်မချစ်ဘဲမိသားစုနဲ့အချိန်ကုန်
ခံမိတ်ဆက်ပေးမှာပါလဲ။
ဘာပဲလိုလိုအဆင်သင့်ရှိနေမယ်
ယောကျာ်းလေးတစ်ယောက်ကနေ
သူ့ချစ်သူကိုတကယ်ချစ်မချစ်သိသာစေတဲ့နည်းလမ်းကတော့ အကူအညီလိုတိုင်းအသင့်ရှိနေတတ်တာပါ။
ဒါက ကိုယ်ဟာသူ့ရဲ့ဦးစား ပေးဖြစ်တယ်ဆိုတာပြသတဲ့သင်္ကေတ တစ်ခုမဟုတ်ပါလား။ တကယ်မချစ် ဘူးဆိုရင်ကိုယ်လိုအပ်နေချိန်မှာ
တောင်မှအကြောင်းပြချက်တွေပေး ပြီးငြင်းဆန်နေမှာပေါ့။ အဲဒီလိုဆို တိုင်းလည်း ဒီအချက်ကစမ်းသပ်လို့
ရပေမယ့် စမ်းသပ်လို့ကောင်းတဲ့ အရာတော့မဟုတ်ပါဘူး။ အခန့်မ သင့်ရင် ကိုယ့်အပေါ်ထားတဲ့
သူ့ ယုံကြည်မှုတွေပျောက်ဆုံးသွားနိုင်ပါတယ်။
ကိုယ့်ဘ၀ရဲ့တစ်စိတ်တစ်ပိုင်းဖြစ်ချင်တယ်
ယောကျာ်းလေးတစ်ယောက်ကသူချစ်တဲ့မိန်းကလေးနဲ့ဘ၀ကို
ဝေမျှချင်တာအမြဲတမ်းကြည်နူးစရာ သင်္ကေတတစ်ခုပါ။ တီဗီကြည့်တာပဲဖြစ်ဖြစ်အပြင်သွားမုန့်စားအသေး
အမွှားလေးကအစအားလုံးပေါ့။ ဒါ ဘာကြောင့်လည်းဆိုတော့ ကိုယ့်ကိုချစ်လို့ပါ။ ကိုယ့်ကိုချစ်လို့ကိုယ်နေထိုင်အသက်ရှင်တဲ့ဘဝ
တစ်စိတ်တစ်ပိုင်းကိုဝင်ရောက်ခံစားချင်တာပါ။
ကိုယ့်ကိုအံ့သြစေမယ်
အံ့သြစေမယ်ဆိုတာ
လက်ဆောင်လေးတွေနဲ့ပေါ့။ လက်ဆောင်ဆိုတာဘယ်နေရာကဖြစ်စေ ၀ယ်လို့ရနေတာပဲလေ။ ဒါပေမဲ့ ကိုယ်ကြိုက်တဲ့ပစ္စည်းကိုကြိုးစားပြီးရှာလာတဲ့အချိန်၊
ဒီပစ္စည်းလေး သေသပ်သွားအောင်ထုတ်ပိုးပေးတဲ့ အချိန်၊ အဲဒီအချိန်ကကြိုးစားအား ထုတ်မှုတွေက
သူ့ရဲ့အချစ်တွေပါ။ ဘယ်သူကများတကယ်မချစ်ပါဘဲနဲ့ အလုပ်ရှုပ်ခံပါမလဲ။ ပြီးတော့လက် ဆောင်ကလေးသူ့ချစ်သူရသွားတဲ့
အချိန်ကြည်နူးပျော်ရွှင်မှုက သူ့အတွက်ခွန်အားတွေပါ။
သူ့အချစ်ကိုပြမယ်
ယောကျာ်းအများစုက
ရင်ထဲ ကခံစားချက်တွေကို ထုတ်ဖော်လေ့ မရှိကြပေမယ့် ပတ်ဝန်းကျင်ကို ဂရုမစိုက်ဘဲကိုယ့်လက်ကိုကိုင်ထားမယ်။
ဒါဟာကိုယ့်အပေါ်လုံခြုံနွေး ထွေးစေချင်တဲ့သင်္ကေတပါ။ ကိုယ် ရှိနေတဲ့အတွက်သူဘယ်လောက် ဂုဏ်ယူရတယ်ဆိုတာမျိုးပတ်ဝန်းကျင်ကိုဖော်ပြတာပါ။
ညှိနှိုင်းဖို့ကြိုးစားမယ်
ကိုယ့်အပေါ်တကယ်ချစ်ပြီဆိုမှတော့
ကိုယ့်ကိုအမှန်တကယ် ပျော်ရွှင်စေမှာပါ။ အဲဒါကြောင့်ကိုယ် နဲ့ပတ်သက်ပြီးညှိနှိုင်းမှုတွေလုပ်မယ်။
ပဋိပက္ခတွေကိုအတတ်နိုင်ဆုံးလျှော့ပေးမယ်။ နှစ်ယောက်စလုံးပျော်ရွှင် စေဖို့နည်းလမ်းကိုရှာဖွေမယ်။
သူ့သူငယ်ချင်းတွေနဲ့မိတ်ဆက်ပေးမယ်
သူ့မိသားစုနဲ့မိတ်ဆက်ပေးသလို
သူငယ်ချင်းတွေနဲ့မိတ်ဆက်ပေးတာ ကလည်းတစ်ခုပါ။ သူငယ်ချင်းဆို တာကိုယ့်အကြောင်းကောင်းကောင်း
သိသူတွေမဟုတ်ပါလား။ သူ့သူငယ်ချင်းတွေနဲ့ယုံယုံကြည်ကြည် မိတ်ဆက်ပေးလိုက်ပြီဆိုကတည်းက
သူ့ဘ၀အကြောင်းတွေအားလုံး ဖွင့်ပြောလိုက်တာနဲ့အတူတူပါပဲ။ ဒါဘာကြောင့်လဲဆိုတော့ ကိုယ့်ကိုချစ်လို့ပါ။
အသေးစိတ်လေးတွေကအစ မှတ်ပါမယ်
ကိုယ်ဘာလေးတွေကြိုက်တယ်
ဘာလေးတွေမကြိုက်တတ်ဘူးဆိုတာ ကိုယ့်အကြောင်းစိတ်ဝင်စားတဲ့ကိုယ့် အပေါ်ဂရုစိုက်တဲ့သူပဲသိနိုင်တာမဟုတ်ပါလား။
ယောကျာ်းလေးအများစုကဒီလိုနေရာမှာညံ့ကြတာများပါတယ်။ ဒါပေမယ့် ကိုယ်ချစ်တဲ့လူ အပေါ်မှာတော့အသေးစိတ်လေးတွေ
ကအစ သေသေချာချာမှတ်မိနေတတ်ပါတယ်။
နောက်ဆုံးတော့ပြောလိမ့်မယ်
ဘယ်လောက်ပဲခံစားချက်တွေ
ကိုမျိုသိပ်ထားပါစေ။ အချိန်အကြာကြီး မမျိုသိပ်ထားနိုင်ပါဘူး။ တစ် ချိန်မဟုတ်တစ်ချိန်တော့သူ့နှုတ်က
ဖွင့်ဟလာမှာပါ။ အဲဒီအချိန်က ကိုယ်မျှော်လင့်ထားတဲ့အချိန်လည်း ဖြစ်နိုင်ပါတယ်။ ကိုယ်မမျှော်လင့်ထားတဲ့နေရာမှာလည်းဖြစ်သွားနိုင်ပါတယ်။
Wintney
--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု
ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...www.facebook.com/shapejournal
www.facebook.com/groups/weloveshape
0 comments:
Post a Comment