Retinol
ဆိုရင် ကြားဖူးသူနည်းပါးပါလိမ့်မယ်။ အသားအရေထိန်းပစ္စည်းဈေးကွက်ထဲက မျက်နှာ အရေးအကြောင်းကာကွယ်ပေးတဲ့
အထိရောက်ဆုံးပစ္စည်းတစ်မျိုးပါ။ တကယ်တော့ သူက ဗီတာမင် A ရဲ့ ဓာတုပုံစံတစ်မျိုးပါ။ သူက
အရေပြားဆဲလ်လေးတွေကို လှုံ့ဆော်ပေးပြီး ဓာတုနည်းနဲ့ အရေပြားအသစ် တစ်ဖန်ပြန်ဖြစ်စေပါတယ်။
ပြီးတော့ Retinol က ဘာလုပ်ပေးနိုင်သေးသလဲ …။
Retinol ပါတဲ့ နေရောင်ကာလိမ်းဆေး
Retinol
က အရေပြားရဲ့ သဘာဝနေရောင်ကာလွှာကို ထိခိုက်စေနိုင်သလားဆိုတဲ့ စကားရည် လုပွဲတွေတောင်ရှိခဲ့ပါတယ်။
တစ်ချိန်ကတော့ Retinol ကို နေ့အချိန် မလိမ်းဖို့သတိပေးထားပါတယ်။ တစ်ချို့ကတော့ နေ့အချိန်သုံးလည်း
အသားအရေမထိခိုက်နိုင်ဘူးလို့ဆိုပါတယ်။ တကယ်တော့ ဗီတာမင် C လိုမျိုးပစ္စည်းတွေတောင် လိုအပ်တဲ့နေရောင်ကာလိမ်းဆေးတွေအများကြီးပါ။
အဲဒီတော့ ဗီတာမင် A (Retinol) ပါဝင်တဲ့ နေရောင်ကာလိမ်းဆေးက ခန္ဓာကိုယ်အတွက် ဆိုးကျိုးမဖြစ်နိုင်ပါဘူးတဲ့။
စိတ်ရှည်ပါ
Retinol
ရဲ့ရလာဒ်ကိုတစ်ရက်၊ တစ်လအတွင်းနဲ့ရဖို့တော့ မမျှော်လင့်ပါနဲ့။ျွနအငညသူ ရဲ့ မျက်နှာ
အရေပြားအပေါ်အစွမ်းပြချိန်က ၄-၆ ပတ်အထိကြာမြင့်ပါတယ်။
ညွှန်ကြားချက်တွေလို
အသားအရေထိန်းပစ္စည်းတွေမှာ
Retinol ပါဝင်နှုန်းက နိုင်ငံတစ်ခုနဲ့ တစ်ခုကွဲပြားပါတယ်။ ထိလွယ် ရှလွယ် အသားအရေပိုင်ရှင်တွေအနေနဲ့တော့
Retinol 1% က ပြင်းထန်ပါတယ်။ အဲဒါကြောင့် ၀ယ်ယူတဲ့အခါ
ညွှန်ကြားချက်တွေကို ပထမဆုံးလေ့လာပါ။
အမျိုးအစားရွေးချယ်
Retinol
က ဂျယ်လ်၊ ခရင်မ်၊ အရည်အမျိုးမျိုးရှိတဲ့အတွက် ကိုယ်လိုအပ်တာကို ရွေးချယ်တတ်ဖို့လို
ပါတယ်။ Retinol က အရေးအကြောင်းသာလျှင်ပျောက်စေတဲ့ အလှကုန်ဖြစ်ပြီး တစ်ချို့အလှကုန်တွေက
ရေဓာတ်ဖြည့်တင်းနိုင်စွမ်း၊ ရနံ့တွေနဲ့ရောစပ်ထားပါတယ်။
အချိန်မရွေးသုံးနိုင်
Retinol
က နေ့ပိုင်းမှာ အသားအရေအတွက် အကျိုးမပြုဘူးလို့ ပြောကြပါတယ်။ တကယ်တော့ အကျိုးမပြုတာ၊
ပြုတာထက် ညပိုင်းအချိန်ပိုထိရောက်မှုရှိတာပါ။ အဲဒီတော့ ညဘက်အသုံးပြုတာ အကောင်း ဆုံးလို့ပြောလို့ရပါတယ်။
ဖြည်းဖြည်းမှန်မှန်သုံး
တစ်ခြားဓာတုနည်းလမ်းတွေနဲ့
လုပ်ထားတဲ့ ပစ္စည်းတွေလိုပဲ Retinol က အသုံးပြုတဲ့ပမာဏ များသွားရင် အသားအရေကိုထိခိုက်နိုင်ပါတယ်။
အဲဒါကြောင့် ပထမဆုံးအသုံးပြုသူတွေအနေနဲ့ ပမာဏ နည်းနည်းနဲ့စတင်တာမျိုး၊ ဒါမှမဟုတ် အရေပြားဆရာဝန်နဲ့တိုင်ပင်ပြီးမှ
သုံးတာအကောင်းဆုံးပါ။
ဝဿန်
--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု
ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...www.facebook.com/shapejournal
www.facebook.com/groups/weloveshape
0 comments:
Post a Comment