တူညီတဲ့သုံးခုအနည်းဆုံးစီတန်းပေးရတဲ့ row-three Puzzle ပုံစံ











Angry Birds ရဲ့ဖန်တီးရှင် Ravio ဟာ Puzzle ဂိမ်းတွေကသာ သူတို့ရဲ့အားသာချက်ဖြစ်မှန်း သိရှိထားပါ တယ်။ အခုထုတ်လုပ်လိုက်တဲ့ Nibblers ဟာ သူတို့ရဲ့ထုံးစံအတိုင်း ချစ်စရာကာတွန်းရုပ်လေးတွေ၊ ဦးနှောက်ကို အနည်းငယ်လေး လှည့်ပြောင်းအလုပ်ပေးတဲ့ ကစားပုံလေးတွေပါဝင်နေပါတယ်။

Nibblers တွေဟာ ထူးခြားတဲ့ရေသတ္တ၀ါလေးတွေဖြစ်ပြီး တစ်နေ့မှာတော့ ကုန်းမြေပေါ်ကကျလာတဲ့ သစ်သီးတွေရဲ့ အရသာကိုခံစားမိပါတယ်။ အရသာနဲ့နောက်ကိုလိုက်လာတဲ့ Nibblers တသိုက်ဟာ အဓိကဇာတ်ကောင်လေး Coral ဦးဆောင်ပြီး ကုန်းမြေပေါ်တက်လာတဲ့အခါ သူတို့ကို အနှောင့် အယှက်ပေးမယ့် Lizard, Turtle စတဲ့ သတ္တ၀ါဆိုးကြီးတွေရန်ကနေ ကာကွယ်ရမှာပါ။
ကစားပုံကတော့ တူညီတဲ့သုံးခု အနည်းဆုံးစီတန်းပေးရတဲ့ row-three Puzzle ပုံစံပဲဖြစ်ပြီး Candy Crush တို့လိုပုံစံမျိုးနဲ့ နည်းနည်းကွဲပြားပါတယ်။ အရောင်စုံသစ်သီးလေးတွေကိုအသုံးချပြီး Lizard တွေကို နှိမ်နင်းတာ၊ ရွှံ့မြေတွေကိုရှင်းလင်းပေးရတာ စတဲ့တစ်ခန်းချင်းစီရဲ့ objective လေးတွေကို အနိုင်ရအောင် ကစားပေးရမှာဖြစ်တယ်။ 

ထူးခြားချက်ကတော့ Chapter တွေခွဲထားပြီး ထိုက်တန်တဲ့ Boss fight တွေပါဝင်တယ်။ Boss fight တွေမှာဆို Boss တွေဟာ မတူညီတဲ့ ability တွေနဲ့ သင့်ကိုနောက်တစ်ခန်းမရောက်အောင် ကြိုးစားသွားမှာဖြစ်ပြီး ခက်ခက်ခဲခဲအနိုင်ရအောင်ကစားရမှာပါ။ ဒါဟာ သမာရိုးကျ Puzzle တွေနဲ့ အဓိကကွာခြားချက်တစ်ခုဖြစ်ပြီး ကစားရတာလည်းတော်တော်ပျော်ဖို့ကောင်းတယ်။ Rovoi ရဲ့ချစ်စရာ 3D/ 2D အရော ဂရပ်ဖစ်ကာတွန်းရုပ်လေးတွေနဲ့ဆိုတော့ Boss Fight တွေမှာ နင်တန်းဒိုးခေတ်က Bomber man ရဲ့ Boss fight တွေလို ပြန်ခံစားရမိစေတယ်။

အနိုင်ရဖို့အတွက် Power boost တွေနဲ့ အကူအညီကိုတောင်းခံနိုင်သလို၊ Facebook နဲ့ချိတ်ဆက်ပြီးကစားရင် သူငယ်ချင်းတွေဆီက အကူအညီအများကြီးရမှာပါ။ တခြား Puzzle တွေလို အသုံးပြုနိုင်တဲ့ Power တွေက အနည်းငယ်ပဲရွေးချယ်စရာရှိတာမဟုတ်ဘဲ၊ Coral နဲ့ Nibblbers တွေရဲ့ မတူညီတဲ့အစွမ်းတွေနဲ့ ကျော်လွှားရမှာဖြစ်တယ်။ ကစားသူကို သူတို့ရဲ့ Power တွေကလည်း စွဲဆောင်နိုင်မှာပါ။

လေးခုနဲ့ လေးခုထက်ပိုပြီးတန်းမိတဲ့အခါ Coral, Octo နဲ့အခြား Nibbler လေးတွေကိုရရှိပြီး ကြိုက်နှစ်သက်တဲ့ Row တစ်ခုလုံးကို ရှင်းလင်းပစ်နိုင်တယ်။ တစ်ချက်လှုပ်ရှားရုံနဲ့ အတွဲလိုက် combo တွေရရင်လည်း Fruit Frenzy ဆိုပြီး ကိုယ့်ကိုကူညီပေးမယ့် Nibbler အကြီးရှိပါတယ်။ ကမ်းခြေကနေ သစ်သီးချိုတွေပေါများတဲ့ တောထဲဝင်ရောက်တဲ့အခါပေးထားတဲ့ Puzzle တွေကို ဖြေရှင်းရင်းနဲ့ တဖြေးဖြေးရှေ့ဆက်ရမှာဖြစ်ပါတယ်။ လောလောဆယ် Level ၂၀၀ ကျော်ရှိပြီး နောက်ပိုင်းမှာလည်း ထုံးစံအတိုင်း update တွေနဲ့ထပ်ဖြည့်ပေးသွားမှာပေါ့။

Nibblers ဟာ Rovio အတွက် အရေးပါတဲ့ထုတ်ကုန်တစ်ခုဖြစ်လာနိုင်ပြီး Angry Birds franchise ထဲက ရုန်းထွက်နိုင်တဲ့ အသစ်တစ်ခုဖြစ်သလို နောင်မှာ Angry Birds နဲ့လည်းပြန်ပြီး Coss-over လုပ်လို့ရနိုင်တဲ့ လက်နက်ကောင်းဖြစ်တယ်။ Rovio ပရိသတ်တွေနဲ့ Puzzle ကြိုက်နှစ်သက်သူတွေကတော့ အခုမှ အသစ်ထွက်လာတဲ့ဂိမ်းလေးကို အမြန် dowmload ဆွဲပြီး သူငယ်ချင်းတွေထက် ဦးအောင်ကစားလိုက်ပါတော့။

Banruka
--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

 
Share on Google Plus

0 comments:

Post a Comment