သမားရိုးကျ Runner ဂိမ်းတွေအတွက် ရှေ့ဆောင်လမ်းပြ Rail Rush











Runner ဂိမ်းတွေရဲ့ တူညီတဲ့ Pattern တွေကြောင့် အချိန်အတိုင်းအတာတစ်ခုလောက် စတေးပြီး တဲ့နောက်မှာ Master ဖြစ်ဖို့လွယ်ကူလေ့ရှိတယ်။ ညီမျှတဲ့အာရုံစိုက်မှုသာရှိရင် လူကြားထဲမှာ Runner မိုဘိုင်းဂိမ်းတစ်ခုကို တည်တည်နဲ့နာရီဝက်ကျော်ကျော် မသေဘဲဆော့နေနိုင်ပြီး အများက အထင်ကြီးနိုင်ပေ မယ့် ဒီဂိမ်းပေါ်မှာ ဘယ်သူမှ ကုန်ခဲ့တဲ့အချိန်တွေကိုတော့ သူတို့မသိနိုင်ပါဘူး။ Rail Rush ကို ဒီလို ကစားနိုင်မယ့်လူဆိုရင်တော့ အထင်ကြီးမိမှာဖြစ်ပါတယ်။

Rail Rush ဟာ သမားရိုးကျ Runner ဂိမ်းတွေအတွက် ရှေ့ဆောင်လမ်းပြတစ်ခုဖြစ်ပြီး ကွဲပြားခြားနားတဲ့ ဂိမ်းစတိုင်နဲ့ခက်ခဲမှုကို ယူဆောင်လာတယ်။ ကစားသူဟာ မိုင်းတွင်းဟောင်းကြီးတစ်ခုထဲမှ ရွှေတုံးရွှေစတွေ နဲ့ ရတနာတွေကို လိုက်ပြီးစုဆောင်းရမှာပါ။ ကိုယ့်ရဲ့ထရော်လီလေးကို ဘယ်ညာစောင်းပြီး သံလမ်းဘေး ကရွှေတုံးတွေကို စုဆောင်းပေးရုံပဲ။ ဒါပေမဲ့ ဒီလောက်ရိုးရှင်းတဲ့လုပ်ငန်းလေးကိုတောင် မိနစ်ဆယ်ဂဏန်းလုပ်နိုင်မှာမဟုတ်ပါဘူး။

လှည်းလေးဟာ အစောပိုင်းမှာ တဖြည်းဖြည်းသွားနေပေမယ့် နောက်ပိုင်းမှာတော့ အချိန်ကြာလေ အရှိန် ရလေဖြစ်လာပြီး သူ့ရဲ့အရှိန်ကိုထိန်းချုပ်ဖို့ ပိုပိုပြီးခက်လာတယ်။ မိုင်းတွင်းဟောင်းထဲမှာရှိတဲ့ အကာ အရံတွေ၊ ဆိုင်းဘုတ်အတားအဆီးတွေကလည်း အချိန်မရွေးကစားသူကို အလွန်နက်မှောင်နေ တဲ့ချောက်ကြီးထဲ ရိုက်ချလိုက်ဖို့အသင့်ပဲ။ အရှိန်ရလာလေ အတားအဆီးတွေက တစ်ခုနဲ့တစ်ခုပိုပို နီးလာလေပေါ့။ ဒါကို တခြား Runner Game တွေလိုမျိုး Speed အမြင့်ဆုံးကို ရောက်သွားတဲ့အခါ အရှိန်ကိုအသားကျသွားပြီး Pattern ရင်းနှီးတဲ့လူတွေက Survive ဖြစ်သလိုမျိုး ကစားဖို့လုံးဝမလွယ်ဘူး။

တစ်ခုရှိတာက ကိုယ့်ရဲ့ရွေးချယ်နိုင်တဲ့ကာရိုက်တာတွေဟာ အခြားဂိမ်းတွေကို အလှသက်သက်မဟုတ်ဘဲ Ability တစ်မျိုးစီပါကြပါတယ်။ ဥပမာ- လမ်းရဲ့ညာဘက်ခြမ်းအတားအဆီးတွေကို အလိုအလျောက် ရှင်းလင်းပေးတာမျိုး၊ ဒါဆိုရင် လှည်းလေးအရှိန်ရလာရင် ညာဘက်ကို Tilt (စောင်းပြီး) မောင်းရင် အန္တရာယ်ကင်းမှာဖြစ်ပြီး Up, Down Barrier တွေကိုပဲသတိထားရတော့မယ်။ 

အချို့ကာရိုက်တာတွေက သူတို့ရဲ့သီးသန့် Stage တွေမှာပဲ အသုံးဝင်ပါတယ်။ ကစားသူဟာ တစ်နေရာ တည်းမှာပဲ ကျင်လည်နေရမယ်မထင်ပါနဲ့။ ရှေးဟောင်းအီဂျစ်တွေရဲ့ သင်္ချိုင်းတွေထဲမှာပြေးချင်လား။ ကမ္ဘာဦးခေတ် ဒိုင်နိုဆောတွေရှေ့က ပြေးချင်တာလား။ ဒါမှမဟုတ် Steampunk နောက်ခံ စက်ရုံကြီးထဲမှာ မျက်စိပသာဒခံစားချင်သလား၊ မျိုးစုံအောင်ရှိတယ်။ တစ်ချို့ Stage တွေကတော့ ပိုက်ဆံနဲ့ဝယ်ရတယ်။ ဒါပေမဲ့ ကစားနေရင်း Nugget လို့ရွှေခဲလေးတွေထဲက Bonus item တွေမှာ ဒီ Stage တွေကို အခမဲ့ ခေတ္တကစားနိုင်စေတဲ့ လက်မှတ်လေးတွေပါတယ်။

ဒါ့အပြင် သင့်ရဲ့လှည်းမှာတပ်ဆင်နိုင်မယ့် item တွေကိုလည်း အရေအတွက်နဲ့ဝယ်ရမှာပါ။ ဥပမာ - သံလိုက်ကိုတပ်ထားရင် Gold, Gem တွေကို Auto-Collect လုပ်ပေးပါတယ်။ ဒီတော့ Rail Rush ဟာ မူရင်းဂိမ်းကိုခက်အောင်လုပ်ထားပြီး Power Boost, Items, Hero တွေကိုရောင်းစားတယ်လို့ ပြောချင်လည်းပြောနိုင်ပါတယ်။ ဒါပေမဲ့ ကိုယ့်အားကိုယ်ကိုးပြီး Pay to win မလုပ်တတ်တဲ့ လူမျိုးတွေအတွက်တော့ Runner Game တွေထဲကတစ်ခုပါပဲဗျာ။

Banruka

--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

Share on Google Plus

0 comments:

Post a Comment