မိတ်ကပ်လိမ်းတယ်ဆိုတာ
တာဝန်၊ ၀တ္တတရားတစ်ခုထက် ပျော်ရွှင်စရာ အလေ့အထတစ်ခုဖြစ်နေ သင့်တာပါ။ နေ့စဉ် ဘာပြီးရင်
ဘာသုံးမယ်၊ အချိန်ဘယ်လောက်ပေးရမယ်ဆိုတာတွေက မိတ်ကပ်လိမ်းတဲ့အခါ အနှောက်အယှက်ဖြစ်စေတဲ့
စဉ်းစားစရာတွေပါ။ အခုတော့ အဲဒီကိစ္စတွေအတွက် ခေါင်းခဲနေစရာမလိုတော့ ပါဘူး။ အလျှင်မြန်ဆုံး
အလွယ်ကူဆုံး အချိန်တိုတွင်းလှစေနိုင်မယ့် နည်းလမ်းကောင်းလေးတွေရှိပါတယ်။
အဖျားနှစ်ခွ ဆံကေသာများ ဖုံးကွယ်ဖို့
ဆံကေသာရှင်းလင်းဖို့
အချိန်မရှိ၊ ဆံပင်ညှပ်ဖို့ အချိန်မရှိပေမယ့် ဆံပင်ကိုလည်း လှလှပပလေးဖြစ် ချင်တယ်ဆိုရင်
ဆံကေသာအလှဆီသုံးပြီးသွားတဲ့အခါ ဆံပင်အဖျားလေးတွေကို လက်နဲ့ခပ်ဖွဖွလေး ပွတ်သပ် ဆုပ်နယ်ပေးလိုက်ပါ။
ဆံသားလေးတွေ အဖျားနှစ်ခွဖြစ်တာ ပျောက်သွားစေပါလိမ့်မယ်။
လက်သည်းတွေ ကြိုတင်ပြင်ဆင်
လက်သည်းဆိုးတဲ့အခါ
လက်သည်းပေါ်မှာ အမြှပ်ကလေးတွေထတာမျိုးပျောက်စေဖို့အတွက် လက်သည်းတွေကို ကြိုတင်ပြီးသန့်ရှင်းရေးလုပ်ထားပေးပါ။
လက်သည်းဆိုးဆေး အကြွင်းအကျန်တွေလုံးဝ ပျောက်ကင်းသွားစေဖို့အတွက် ရှာလကာရည်သုံးပြီး
သန့်ရှင်းရေးလုပ်ပေးပါ။
မျက်နှာအတွက် အရောင်သုံး
ပါးနီ
(blush) က မျက်နှာကိုနုပျိုပြီး ကျန်းမာသွားသယောင် ထင်ရစေပါတယ်။ တကယ်လို့ ပါးနီ ကုန်နေတဲ့အခါ
နှုတ်ခမ်းဆိုးဆေးကို ပါးနီအစားအသုံးပြုပေးနိုင်ပါတယ်။ ပါးနီသုံးတဲ့အခါ ပါး၊ မျက်ခွံတွေကို
အဓိကထားပြီး အသုံးပြုပေးပါ။
လက်သည်းဖယောင်းလွှာများ သန့်ရှင်းနေပါစေ
လက်သည်းဖယောင်းလွှာတွေအတွက်
သုံးတဲ့ခရင်မ်တွေကို လက်သည်းနီဆိုးမှ အသုံးပြုရတယ်လို့ ထင်နေကြပါတယ်။ တကယ်တော့ လှပပြီး
သန့်ရှင်းကျန်းမာတဲ့ လက်သည်းအလှပိုင်ဆိုင်စေဖို့ လက်သည်းဖယောင်းလွှာလေးတွေ အမြဲတမ်းထိန်းသိမ်းသင့်ပါတယ်။
လေးကိုင်းသဏ္ဍာန် နှုတ်ခမ်းအလှပိုင်ဆိုင်စေဖို့
လေးကိုင်းသဏ္ဍာန်နှုတ်ခမ်းလေးက
မိန်းကလေးတိုင်းရဲ့အိမ်မက်ပါ။ ဒီလို နှုတ်ခမ်းလှလှလေး ပိုင်ဆိုင်ချင်တယ်ဆိုရင် အပေါ်နှုတ်ခမ်းကို
Lip Liner နဲ့ “X” ပုံစံဖော်ပေးပါ။ ပြီးမှ အတွင်းကနေ နှုတ်ခမ်း ဆိုးဆေးသုံးပေးပါ။
နှင်းဆီပွင့်သဏ္ဍာန်နှုတ်ခမ်းအလှပိုင်ဆိုင်ဖို့
နှင်းဆီပွင့်ပုံစံ
ဖူးငုံတဲ့နှုတ်ခမ်းလေးပိုင်ဆိုင်ဖို့အတွက် ခွဲစိတ်ပြုပြင်တာတွေ လုပ်စရာမလိုပါဘူး။ နှုတ်ခမ်းဆိုးဆေးအပြည့်သုံးပြီးတဲ့အခါ နှုတ်ခမ်းအတွင်းသားကို အရောင်နုလေးသုံးပေးလိုက်မယ်ဆိုရင်
နှုတ်ခမ်းလေးက ဖူးငုံလှပသွားပါလိမ့်မယ်။
ထူထဲတဲ့မျက်တောင်တစ်စုံအတွက်
ထူထဲလှပတဲ့
မျက်တောင်လေးတွေပိုင်ဆိုင်ဖို့ ကလေးပေါင်ဒါမှုန့်လေးတွေကို သုံးပေးနိုင်ပါတယ်။ မျက်တောင်ကော့ဆေးလေးသုံးပြီးတဲ့အခါ
ပေါင်ဒါမှုန့်အနည်းငယ်ကို မျက်တောင်လေးတွေပေါ်မှာ ထပ်သုံးပေး လိုက်ရင် မျက်တောင်လေးတွေက
ထူပြီးလှပသွားပါလိမ့်မယ်။
နူးညံ့တဲ့နှုတ်ခမ်းသားလေး ပိုင်ဆိုင်ဖို့
နှုတ်ခမ်းက
အဖတ်တွေကွာနေတဲ့အခါ၊ နှုတ်ခမ်းကွဲနေတဲ့အခါ နှုတ်ခမ်းဆိုးဆေးသုံးရ အဆင်မပြေ ဖြစ်တတ်ပါတယ်။
အဲဒါကြောင့် နံနက်ခင်းသွားတိုက်တဲ့အခါတိုင်း နှုတ်ခမ်းသားလေးတွေကို သွားပွတ်တံလေးနဲ့
ငြင်ငြင်သာသာလေး ပွတ်ပေးပါ။
မိတ်ကပ်သားတာရှည်ခံချင်ရင်
မျက်နှာပြင်ပေါ်က
မိတ်ကပ်တွေ အချိန်ကြာရှည်ခံစေဖို့ ဆံပင်ဖျန်းဆေးကို သုံးပေးနိုင်ပါတယ်။ ဆံပင်ဖျန်းဆေး
ကို မျက်နှာပြင်ပေါ်တိုက်ရိုက်မဖျန်းပဲ အဝေးကနေဖျန်းပေးပါ။ သတိထားရမှာက အမြဲတမ်းသုံးတာတော့
မကောင်းပါဘူး။ အသားအရေကို ပျက်စီးစေပါလိမ့်မယ်။
ဝဿန်
--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု
ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...www.facebook.com/shapejournal
www.facebook.com/groups/weloveshape
0 comments:
Post a Comment