အရေပြားအချင်းချင်းပွတ်တိုက်
မိတဲ့အခါ၊ အရေပြားနဲ့ အ၀တ်အ စားပွတ်တိုက်မိတဲ့အခါ တစ်ခါတစ် ရံနီရဲလာပြီး နာကျင်ယားယံလာ
တတ်ပါတယ်။ ဒီအရေပြားပွန်းပဲ့ဝေ ဒနာက ခန္ဓာကိုယ်ချွေးကျလာတဲ့ အခါမှာ ထွက်တဲ့ချွေးနဲ့ပိုပြီးဆိုးရွား
စေပါတယ်။ ဒီအရေပြားပွတ်တိုက် မှုက ဖိအားကြောင့် အပူ၊ အရေပြား ခြောက်သွေ့မှုကြောင့်လည်းဖြစ်နိုင်ပါတယ်။
အရေပြား ပွန်းပဲ့ဝေဒနာက
ခန္ဓာကိုယ်အနှံ့ဘယ်နေရာမှာမဆို ဖြစ်နိုင်ပေမယ့် ပေါင်၊ ချိုင်းကြား၊ လည်ပင်း၊ ရင်ဘတ်စတဲ့နေရာ
တွေမှာပိုပြီးသိသာပါတယ်။ ထိ လွယ်ရှလွယ်အရေပြားပိုင်ရှင်တွေ၊ ခန္ဓာကိုယ်အ၀လွန်သူတွေ၊
ချွေးထွက်လွန်းသူတွေနေနဲ့ အရေပြား ပွန်းပဲ့ဒဏ်ရာကိုပိုပြီးခံစားကြရပါတယ်။ အရေပြားပွန်းပဲ့တဲ့အခါ
အ ရေပြားပေါ်မှာအနီကွက်တွေ၊ ပူစပ်တဲ့နာကျင်မှုလိုမျိုးခံစားရတတ်ပါတယ်။
အရေပြားပွန်းပဲ့သွားတာက
အန္တရာယ်မရှိလှပေမယ့် ခံစားရတာ မသက်မသာဖြစ်စေပါတယ်။ အဲဒီတော့ အရေပြားပွန်းပဲ့ဒဏ်ရာတွေ
ကို ဘယ်လိုကုသကြမလဲ။
ရေ၀တ်အုပ်ပေးပါ
အရေပြားပွန်းပဲ့ဒဏ်ရာအပေါ်
ရေ၀တ်ထုတ်ထားပေးခြင်းကအရေ ပြားနီရဲရောင်ရမ်းခြင်းကို လျော့ကျ စေပြီး ယားယံခြင်းကိုသက်သာစေ
ပါလိမ့်မယ်။ အ၀တ်သန့်သန့်တစ် ထည်ထဲမှာ ရေခဲတုံးလေးတွေကို ထည့်ပြီး အဲဒီအ၀တ်ကို ပွန်းပဲ့ဒဏ်
ရာပေါ်မှာ (၅)မိနစ်ခန့်အုပ်ထားပေး ပါ။ အကြိမ်များစွာ မကြာခဏပြု လုပ်ပေးနိုင်ပါတယ်။
ရှားစောင်းလက်ပပ်
ရှားစောင်းလက်ပပ်ကလည်း
အရေပြားပွန်းပဲ့ဒဏ်ရာတွေကို သက်သာစေပါလိမ့်မယ်။ ရှား စောင်းလက်ပပ်ထဲမှာပါဝင်တဲ့
glycoprotein က နာကျင်မှုကို သက်သာစေပြီး ရောင်ရမ်းမှုကို လျော့ကျစေပါတယ်။ Polysaccharides
ကတော့ အရေပြား ဆဲလ်လေးတွေကိုပြန်လည်ပြုပြင်ပေးပါတယ်။ ကူးစက်ရောဂါဝင် ရောက်မှုကိုလည်းတားဆီးပေးပါတယ်။
ရှားစောင်းလက်ပပ်ဂျယ် အတွင်းသားကို အရေပြားဒဏ်ရာပေါ်မှာ တစ်နေ့ ၂ကြိမ် ၃ကြိမ် ပွတ်လိမ်းပေးပါ။
ဒါမှမဟုတ် ရှားစောင်းလက်ပပ်ပင်နဲ့ ဖော်စပ်ထားတဲ့ဂျယ်ကိုလည်းသောက်ပေးနိုင်ပါတယ်။
ဂျုံ
ဂျုံမှာဆေးဘက်ဆိုင်ရာအာနိသင်တွေများစွာပါဝင်နေပါတယ်။
ဂျုံကဒဏ်ရာဖြစ်နေတဲ့အရေပြားကို သန့်ရှင်းစေပြီးအစိုဓာတ်ဖြည့်ပေးပါတယ်။ ဒါတင်မကပါဘူး။
ဂျုံကအရေပြားရောင်ရမ်းမှုကိုလည်း ကာ ကွယ်ပေးပါတယ်။ ဂျုံနဲ့ရေခပ်နွေး နွေးရောစပ်ပြီး
မိနစ် ၂၀-၃၀ခန့်စိမ် ထားပေးပါ။ ပြီးမှရေခပ်နွေးနွေးလေး နဲ့ဆေးချလိုက်ပါ။ သတိထားရမှာ
က နူးညံ့တဲ့အ၀တ်နဲ့ခပ်ဖွဖွလေး သုတ်ပေးဖို့ပါပဲ။ တစ်နေ့တစ်ကြိမ် ဂျုံသုံးပြီး ရေချိုးနိုင်ပါတယ်။
သံလွင်ဆီ
သံလွင်ဆီက
ပွန်းပဲ့ဒဏ်ရာရ နေတဲ့အရေပြားကို အကောင်းဆုံး ကုသမှုပေးနိုင်တဲ့ သဘာဝအစို ဓာတ်ထိန်းအဆီဖြစ်ပါတယ်။
ဗီတာမင် E၊ အင်တီအောက်ဆီးဒင့်တွေပါ ၀င်တဲ့အတွက် ဒဏ်ရာတွေကိုကု သတဲ့အခါ ပိုပြီးလျင်မြန်စေပါတယ်။
အုန်းဆီ ဒါမှမဟုတ် ဗီတာမင် E အဆီကိုလည်း ပွန်းပဲ့ဒဏ်ရာတွေ ကိုကုသဖို့ အတွက်သုံးပေးနိုင်ပါတယ်။
မုန့်ဖုတ်ဆိုဒါ
မုန့်ဖုတ်ဆိုဒါကလည်း
ပွန်းပဲ့ ဒဏ်ရာတွေကြောင့် ယားယံခြင်း၊ နာကျင်ခြင်းတွေကို သက်သာစေပါတယ်။ မုန်ဖုတ်ဆိုဒါမှာပါဝင်တဲ့
ဒဏ်ရာကိုလျင်မြန်စွာကျက်စေတဲ့ ဂုဏ်သတ္တိက ကူးစက်ရောဂါတွေကိုလည်း ကာကွယ်ပေးပါလိမ့် မယ်။
မုန့်ဖုတ်ဆိုဒါနဲ့ ရေကိုရောစပ်ပြီး အရေပြားပွန်းပဲ့ဒဏ်ရာအပေါ်မှာ လိမ်းထားပေးပြီး (၅)မိနစ်ခန့်
ကြာမှ ရေအေးအေးဖြင့်ဆေးချလိုက်ပါ။ တစ်နေ့တစ်ကြိမ်ပြုလုပ်ပေးသွားနိုင်ပါတယ်။
နနွင်း
နနွင်းမှာ
ဘတ်တီးရီးယားပိုး မွှားတွေကိုသေစေနိုင်တဲ့ဂုဏ်သတ္တိ၊ ရောင်ရမ်းနာကျင်မှုကို သက်သာ စေတဲ့ဂုဏ်သတ္တိတွေက
ဒဏ်ရာ ကျက်မြန်စေသလို အရေပြားပေါ် အမာရွတ်ထင်ကျန်တာကိုလည်းကု သပေးပါလိမ့်မယ်။ နနွင်းမှုန့်သုံးဇွန်း၊
ရေတစ်ဇွန်း၊ ခပ်ပျစ်ပျစ်ရောစပ်ပြီး ဒဏ်ရာပေါ်မှာလိမ်းပေးပါ။ မိနစ် (၃၀)လောက်နေမှရေနဲ့ဆေးချလိုက်ပါ။
ရန်နိုင်
--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု
ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...www.facebook.com/shapejournal
www.facebook.com/groups/weloveshape
0 comments:
Post a Comment