Social Media မှာ ပရိသတ်များချင်ရင်…










Facebook, Instagram တို့လို Social Media Platform တွေဆိုတာ ကိုယ့်ကိုယ်ကိုယ် ကြော်ငြာဖို့၊ ကိုယ့်ကုန်ပစ္စည်းတွေကိုကြော်ငြာဖို့ အကောင်းဆုံးနေရာတစ်ခုပါ။ ဓာတ်ပုံလေးတစ်ပုံ၊ စာလေးတစ်ကြောင်းရိုက်ရုံနဲ့ လူအများဆီကို အလွယ်တကူပျံ့နှံ့ရောက်ရှိနိုင်တယ်။ ပြန့်နှံ့လွယ်တယ်။ တစ်ခါတလေ Likes တွေ Comment တွေ များများရနိုင်သလို တစ်ခါတလေတော့လည်း လူသိနည်းပါလိမ့်မယ်။ အဲဒီတော့ Social Media တွေပေါ်မှာ ပရိသတ်များစေဖို့ ဘယ်လိုကြိုးစားကြမလဲ…။

Hashtag (#)
ကိုယ်တင်လိုက်တဲ့ပုံ၊ စာလေးတွေမှာ Hashtag ခံပြီးတင်တာ ပရိသတ်တွေဆီရောက်နိုင်တဲ့ နည်းလမ်းတစ်ခုပါ။ ဥပမာ လွန်ခဲ့တဲ့ ကြာသပတေးနေ့က အကြောင်းပြန်ပြောရင် #TBT (Throwback Thursday), သောကြာနေ့ဆို #FF (Follow Friday) တို့လိုမျိုးပေါ့။ 

သူများကိုလည်း Like ပေး
ကိုယ်က Like ပေးရတာ မနှစ်သက်သူဆိုရင် ဒီလိုအပြုအမူကို ပြင်ဖို့ကြိုးစားလိုက်ပါ။ သူများပုံလေးတွေ စာလေးတွေကို Like ပေးတာက ထိရောက်တဲ့နည်းလမ်းဖြစ်လို့ပါ။ ကိုယ့်ပရိသတ်တွေထဲကတင်ထားတဲ့ Post လေးကို Like ပေးလိုက်မယ်ဆိုရင် သူတို့လည်း ကိုယ့်ကိုယ်သတိထားမိလာမယ်။ အပြန်အလှန် Like ပြန်ပေးလာမယ်။ 

မှတ်ချက်ပေး
Like ပေးရုံတင်မပြီးပါဘူး။ အပြုသဘောဆောင်တဲ့ ဝေဖန်အကြံပြုချက်လေးတွေကလည်း ကိုယ့်ကိုယ်သတိထားမိလာစေမယ့် နည်းလမ်းကောင်းလေးတစ်ခုပါ။

Tag တွဲတင်
ကိုယ်သဘောကျတာလေးပဲကိုယ်တင်နေလို့မပြီးပါဘူး။ အကြောင်းအရာနဲ့သက်ဆိုင်သူတွေကို Tag တွဲတင်ပါ။ သူတို့နားလည်လက်ခံပါလိမ့်မယ်။

ဝေမျှ
ကိုယ့်အကြောင်း၊ ကိုယ့်ပစ္စည်းအကြောင်းလျင်လျင်မြန်မြန်ပျံ့နှံ့ချင်ရင် ဝေမျှပေးဖို့လိုပါတယ်။

ပြိုင်ပွဲလေးတွေလုပ်
လူတွေက Social Media တွေပေါ်က ပြိုင်ပွဲလေးတွေကို သဘောကျကြပါတယ်။ ဆုလက်ဆောင်လေးတွေက စိတ်ဝင်စားဖို့ကောင်းလေ ကိုယ့်ပြိုင်ပွဲလေးတွေကို ဝေမျှချင်လေပါ။ 

မကြာခဏတင်
ကိုယ် Post တင်တာတွေများလွန်းလို့ ပရိသတ်တွေသဘောမကျဖြစ်မှာ စိုးရိမ်ပူပန်နေပါသလား။ တကယ်တော့ သက်သေပြစရာမရှိပါဘူး။ အဲဒါကြောင့် ကိုယ်သဘောကျရင် ကျသလောက်သာတင်ပါ။
--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

 

Share on Google Plus

0 comments:

Post a Comment