စိတ်ဖိစီးမှုတွေများနေတဲ့အခါ…












တစ်နေကုန်အလုပ်မှာ စိတ်ဖိ စီးမှုတွေများနေလို့ အဲဒီဖိစီးမှုတွေက ရုံးဆင်းတာနဲ့ ရုံးမှာပဲကျန်ခဲ့ပြီ လို့ထင်နေ ပါသလား။ စိတ်ဖိစီးမှု ဟိုမုန်းတွေတွေက အလွယ်တကူ မပျောက်သွားပါဘူး။ စိတ်ဖိစီးတဲ့ အခါ နှလုံးခုန်နှုန်းတွေမြင့်တက်လာမယ်။ သွေးစီးဆင်းမှုတွေမြန်လာမယ်။ စိတ်ဆိုးလွယ်၊ ဒေါသထွက် လွယ်လာ မယ်။ အဲဒီတော့ ကျန်းမာရေး၊ လူမှုရေးတွေအတွက် အနှောင့်အယှက်ဖြစ် စိတ်ဒုက္ခရောက်ရတာပေါ့။ အဲဒီတော့စိတ်ဖိစီးမှုတွေကို ဘယ်လိုလျော့ချပြီး ပတ်ဝန်းကျင်နဲ့ကျန်းမာရေးကို ထိန်းသိမ်းကြမလဲဆိုတာ လေ့လာကြည့်ကြရအောင်။

အလုပ်နဲ့အိမ်ခွဲခြားသတ်မှတ်
တကယ်စိတ်ဖိစီးစရာကောင်းလှတဲ့ အလုပ်ကိုလုပ်နေရသူတွေ အနေနဲ့ အလုပ်နဲ့အိမ်အကြား နယ် နိမိတ်သတ်မှတ်ထားဖို့ကအရေးကြီးပါတယ်။ အိမ်တွေမှာညနေပိုင်း လေးပဲဖြစ်ဖြစ်၊ စနေတနင်္ဂနွေလိုနေ့ မျိုးမှာဖြစ်စေ အလုပ်လုပ်နေရတဲ့ အခါမျိုး လူတိုင်းကြုံဖူးကြမှာပါ။ ဒါတွေက အမြဲတမ်းအလုပ်တွေ မဖြစ်နေသင့်ပါဘူး။ အလုပ်လုပ် ရက်မှာအလုပ်လုပ်၊ နားရက်မှာ အတော်အသင့်နားဖို့ နယ်နိမိတ် လေးသတ်မှတ်ထားပေးပါ။ နားနေ ချိန်မှာ အလုပ်ကိစ္စ  Email စစ်တာမျိုး တတ်နိုင်သလောက်ရှောင်ပါ။ ဒါက ကိုယ်အလုပ်ပြန်လုပ်ရမယ့် စိတ်ကိုတောင်နှိုးဆွပေးသလိုဖြစ်နေစေပါလိမ့်မယ်။

ရေခပ်နွေးနွေးနဲ့ချိုး
ဒါကလည်းစိတ်ဖိစီးမှုတွေ သက်သာလျော့ပါးသွားစေမယ့်နည်း လမ်းတစ်မျိုးပါ။ ရေနွေးနွေးလေးနဲ့ ရေချိုးပေးလိုက်တာက အကြော အချဉ်တွေလည်းပြေလျော့သွားစေ သလို လုပ်ငန်းခွင်စိတ်ဖိစီးမှုကိုလည်း အနည်းငယ်လေးပဲဖြစ်စေ မေ့လျော့သွားစေပါလိမ့်မယ်။

ကြက်သားလေ့ကျင့်ခန်းလုပ်ပါ
စိတ်ဖိစီးမှုတွေလျော့ကျစေဖို့ နောက်ထပ်နည်းလမ်းကောင်းတစ်ခုကတော့ ကြွက်သားတွေကိုပြေ လျော့သွားအောင်လေ့ကျင့်ခန်းလုပ်ပေးဖို့ပါပဲ။ ရေမချိုးခင်မှာ သွေးပူလေ့ကျင့်ခန်းအနေနဲ့ ကြွက်သား တွေကိုပြေလျော့သွားအောင် အကြောဆန့်ပေးပါ။ စိတ်ဖိစီးမှု ကြောင့်တစ်ကိုယ်လုံးတင်းမာနေ တာတွေလျော့သွားစေပြီး စိတ် လည်းအတော်အသင့်ပေါ့ပါးသွားစေပါလိမ့်မယ်။

ငှက်ပျောသီးစား
ငှက်ပျောသီးစားတာကလည်း စိတ်ဖိစီးမှုကိုသက်သာစေပါလိမ့် မယ်။ ငှက်ပျောသီးထဲမှာပါဝင်တဲ့ ပိုတက်ဆီယံက သွေးဖိအားကိုကျစေပြီးစိတ်ဖိစီးစေတဲ့ လက္ခဏာတွေ ကို လျော့ပါးသွားအောင်ကူညီပေး ပါလိမ့်မယ်။

လမ်းလျှောက်
လုပ်ငန်းခွင်ကနေ စိတ်တွေ ဖီစီးလွန်းတဲနေ့မျိုး တစ်ခါတစ်ရံ လမ်းလျှောက်ကြည့်ပါ။ လမ်း လျှောက်ရင်ပတ်ဝန်းကျင်ကိုလေ့လာ နေမိတဲ့အတွက် သဘောဝကိုပို သတိပြုမိပြီး စိတ်ဖိစီးတာတွေကို သက်သာသွားစေပါလိမ့်မယ်။ လေကောင်းလေသန့်လေးလည်းခံစား ရတဲ့အတွက် စိတ်လည်းကြည်လင် စေပါတယ်။

ရေနွေးကြမ်းသောက်
စိတ်ဖိစီးမှုသက်သာစေတဲ့ နောက်ထပ်နည်းလမ်းကောင်းတစ် ခုကတော့ ရေနွေးကြမ်းတစ်ဖန် ခွက်သောက်ပေးဖို့ပါပဲ။ လက်ဖက် ရည်ကြမ်းမှာ Theanine လို့ခေါ်တဲ့ အမိုင်နိုအက်ဆစ်ပါဝင်ပါတယ်။ ၄င်းက တစ်နေ့တာသုံးစွဲထားတဲ့ ကဖိန်းဓာတ်တွေကိုလျော့ကျသွားစေပြီး စိတ်နဲ့ခန္ဓာကိုယ်ကို ကြည်လင်စေပါတယ်။

ဂီတသံစဉ်လေးတွေနားဆင်
ဂီတသံစဉ်လေးတွေကလည်း စိတ်ဖိစီးမှုကြောင့် လျင်မြန်စွာခုန် နေတဲ့နှလုံးခုန်သံကို ပုံမှန်ပြန်ဖြစ် သွားစေဖို့ ကူညီပေးပါလိမ့်မယ်။ အလုပ်ကအပြန်စိတ်ဖိစီးနေတဲ့အခါ ဂီတသံစဉ်လေးတွေနားဆင်ပါ။ ရေချိုးနေတဲ့အခါ ဂီတသံစဉ်လေး တွေနားဆင်ပါ။

ဟာသဇာတ်ကားကြည့်
ရယ်မောခြင်းက စိတ်ဖိစီးမှု တွေကို အနည်းငယ်ဖြစ်စေ စိတ် သက်သာရာရသွားစေပါလိမ့်မယ်။ ရယ်မောနေစဉ်မှာ အလုပ်၊ အိမ်ကပြဿနာ၊ စိတ်ဖိစီးတာတွေကို ကင်းစင်သွားစေသလို ရယ်မောတဲ့ အတွက်ကိုယ့်ရုပ်ရည်ကိုပါ ကြည်လင်သွားစေပါလိမ့်မယ်။

ရန်နိုင်

--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

 

Share on Google Plus

0 comments:

Post a Comment