စတိုင်ကျစေတဲ့အဝတ်အစားအသုံးအဆောင်လေးတွေကို အမွှန်းတင်တတ်ဖို့လိုပါတယ်…









Fashion နဲ့ပတ်သက်လာရင် စတိုင်ကျရုံနဲ့တင်မပြီးပါဘူး။ ကိုယ့်ကိုယ်စတိုင်ကျစေတဲ့ အ၀တ်အစား အသုံးအဆောင်လေးတွေကို အမွှန်းတင်တတ်ဖို့လိုပါတယ်။ အဲဒီတော့ ဘယ်လိုသန့်ရှင်းရေးလုပ်ကြမလဲ…

အကြံယူ
အ၀တ်အစားတွေထားပေမဲ့ ရှာရခက် ပြန်သိမ်းရခက် စိတ်ညစ်မနေပါနဲ့။ ကိုယ့်ပတ်ဝန်းကျင်ကသူငယ်ချင်းတွေ ဘယ်လိုသိမ်းဆည်းထားတယ်ဆိုတာလေ့လာကြည့်ပါ။ သူတို့ကို နမူနာယူပြီး လိုက်လုပ်ကြည့်ပါ။ 

အမြင်ဆန်းဖို့
ဒီအ၀တ်ပဲဝတ်ရလို့ ရိုးနေပါသလား။ ပြန်လည်ဆန်းသစ်ကြည့်ပါ။ ဥပမာ ဆီးကွင့်လေးတွေပါရင် ဖြုတ်လိုက်တာမျိုး၊ ကြယ်သီးပုံစံဆန်းဆန်းလေးတပ်တာမျိုးလုပ်ကြည့်ပါ။

လိုက်ဖက်စေဖို့
ပွဲလမ်းသဘင်တွေမှာ စတိုင်ကျနေစေဖို့ အ၀တ်အစားတွေမျိုးစုံ ပလူပျံအောင်လိုက်ဝတ်နေစရာမလိုပါဘူး။ အရည်အသွေးကောင်းပြီး ကိုယ်နဲ့လိုက်ဖက်တဲ့ဝတ်စုံ ၂ စုံ လောက်သာဆောင်ထားလိုက်ပါ။

ဆုံးဖြတ်
ဒီအ၀တ်အစားဝယ်ရင်ကောင်းမလား၊ မ၀ယ်ဘဲထားခဲ့ရကောင်းမလား ခေါင်းစားမနေပါနဲ့။ ရဲရဲသာထားခဲ့လိုက်ပါ။ နောက်တစ်နေ့မှ ၀ယ်ချင်စိတ်ရှိလာရင်ဝယ်လိုက်ပါ။

ဖိနပ်တွေမပျက်စီးစေဖို့
သားရေဖိနပ်စီးပြီးတိုင်း ပုံစံမပျက်သွားစေဖို့ ဖိနပ်ထဲမှာ အ၀တ်စထည့်ပြီး သိမ်းပေးထားနိုင်ပါတယ်။ အ၀တ်စက ဖိနပ်ထဲကအစိုဓာတ်ကိုလည်း စုပ်ယူသွားပါလိမ့်မယ်။

ဘောင်းဘီကျပ်နေတဲ့အခါ
ဘောင်းဘီတွေကျပ်လာလို့ မပူပါနဲ့။ စိုထိုင်းအောင်ပြုလုပ်ပြီး ခါးစည်းကနေဆွဲဆန့်ပေးပါ။

အ၀တ်အစားတွေမကြေမွစေဖို့
မီးပူတိုက်ပြီးချင်း အ၀တ်အစားတွေကို တန်းမ၀တ်လိုက်ပါနဲ့။ ကြေမွရာတွေပေါ်လာပြီး ကြည့်ရဆိုးသွားပါလိမ့်မယ်။

အစွန်းအထင်းတွေဖယ်ရှားဖို့
ရှပ်အင်္ကျီပေါ်မှာ မိတ်ကပ်၊ နှုတ်ခမ်းနီအစွန်းအထင်းတွေဖယ်ရှားဖို့ Shaving Cream သုံးပြီး ပွတ်ပေနိုင်ပါတယ်။

မပွတ်နဲ့
အင်္ကျီ၊ ဘောင်းဘီတွေမှာ အစွန်းအထင်းတွေပေသွားတဲ့အခါ လက်နဲ့ချက်ခြင်းမပွတ်လိုက်ပါနဲ့။ အ၀တ်ထဲကို အစွန်းအထင်းတွေစိမ့်ဝင်သွားနိုင်ပါတယ်။

Crystal
--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

 
Share on Google Plus

0 comments:

Post a Comment