ကြေးနီရောင်အသားအရေ၊
အညိုရောင်အသားအရေက ကျန်း မာရေးကောင်းခြင်းရဲ့ လက္ခဏာလို့လွန် ခဲ့သော နှစ်(၂၀)ကျော်၊ နှစ်
ပေါင်းများစွာက လူတွေက ယူဆခဲ့ကြပါတယ်။ အဲဒါကြောင့်လည်း ကမ်းခြေ မှာနေလောင်ခံတာမျိုးတွေလည်း
ပြုလုပ်ကြပါသေးတယ်။ နောက်ပိုင်းမှာတော့နေရောင်ခြည်က အရေပြား ကင်ဆာနဲ့ အရွယ်မတိုင်မီ
အိုမင်းရင့်ရော်ခြင်းကိုဖြစ်စေတယ်ဆိုတာ လေ့လာတွေ့ရှိလာပါတယ်။ တစ်ဖက် မှာကျပြန်တော့ ခန္ဓာကိုယ်မှာ
ဗီတာမငီ် ရဖို့အတွက် နေရောင်ခြည်လိုအပ်ပါတယ်။ အဲဒီတော့နေရောင်ခြည် ရဲ့ အမှန်တရားကဘာလဲ။
ခန္ဓာကိုယ် အတွက် တကယ်ပဲအကျိုးရှိစေတာလား။ ကျန်းမာရေးကိုထိခိုက်စေ မှာလား။
နေရောင်ခြည်ကိုအချိန်ကြာထိတွေ့ခြင်း
နေရောင်ခြည်ထိတွေ့မှုနဲ့
အရေပြားကင်ဆာဖြစ်ပွားမှုနှုန်းဘယ် လိုချိတ်ဆက်နေတယ်ဆိုတာ လေ့ လာချက်ပေါင်းများစွာက သက်သေပြပြီးပါပြီ။
နေရောင်ခြည်နဲ့တိုက် ရိုက်ထိတွေ့တာဖြစ်စေ၊ အလွန်အ ကျွံ အသားအရေညိုလာအောင်ပြုပြင်ခြင်းက
အရေပြားကင်ဆာကိုပိုပြီးဖြစ်လာနိုင်ပါတယ်။
အရွယ်မတိုင်မီအိုမင်းရင့် ရော်စေတယ်
နေရောင်ခြည်တိုက်ရိုက်ထိတွေ့
တာက အရွယ်မတိုင်မီ အိုမင်းရင့် ရော်စေတယ်ဆိုတာ အငြင်းပွား ဖွယ်မရှိပါဘူး။ နေရောင်ကိုထိတွေ့
ချိန်ကြာလာတာနဲ့အမျှ အရေပြား ကိုထူလာပြီးအရေးအကြောင်းတွေ ဖြစ်လာစေပါတယ်။
ဗီတာမင် D ရဖို့ နေရောင် တစ်ခုတည်းကရတာမဟုတ်
နေရောင်ခြည်နဲ့ထိတွေ့ရင်
ခန္ဓာကိုယ်မှာဗီတာမငီ် ဓာတ်ရ တယ်ဆိုတာမှန်ပါတယ်။ ဒါပေမဲ့ နေရောင်တစ်ခုတည်းမှမဟုတ်ပါဘူး။
ကြက်ဥအနှစ်၊ ဆာမွန်ငါး၊ တူနာငါး၊ ငါးအသည်းတို့ကနေ လည်း ဗီတာမင် D ကိုရနိုင်ပါတယ်။ နေရောင်ခြည်ကနေ
ဗီတာမင် D လိုချင်ရင်တော့ နေရောင်ခြည်ထဲမှာ (၁၀)မိနစ်ဝန်း ကျင်ထက်ပိုပြီးမနေ တာအကောင်းဆုံးပါ။
ပိုးမွှားများတွေကိုသေစေနိုင်
နေရောင်ခြည်နဲ့ထိတွေ့ခြင်းက
အရေပြားကင်ဆာ၊ အရွယ်မတိုင်မီ အိုမင်းရင့်ရော်စေတယ်ဆိုတဲ့အချက်နဲ့ ဆန့်ကျင်ဘက်ကတော့
နေရောင်ခြည်ကခန္ဓာကိုယ်ကပိုးမွှား တွေကိုသေစေနိုင်ပြီး ခုခံအားကို ပိုကောင်းစေပါတယ်။
ကင်ဆာရောဂါကိုကာကွယ်ပေး
နေရောင်ခြည်နဲ့လွန်ကဲစွာထိ
တွေ့ခြင်းက အရေပြားကင်ဆာရောဂါကို ဖြစ်စေပေမယ့် နေရောင်ခြည် ကနေဖန်တီးပေးလိုက်တဲ့ ဗီတာမင်
D ကတော့ ကင်ဆာရောဂါအချို့ကို ကာကွယ်ပေးနိုင်ပါတယ်။ US National Cancer Institute ရဲ့
သုတေသနပြုချက်အရ နေရောင်ခြည်မကြာခဏထိတွေ့ပေးသူတွေက အူမကြီးကင်ဆာ၊ ရင်သားကင်ဆာတို့ကို
ကာကွယ်ပေးနိုင်တယ်လို့ လေ့လာတွေ့ရှိထားပါတယ်။
ပျော်ရွှင်စေတယ်
နေသာတဲ့နေ့လေးမှာ
လူတွေ က ဘာကြောင့်ပျော်ရွှင်ပြီး တတ်ကြွနေရတယ်ဆိုတဲ့အကြောင်းပြချက် ရှိနေပါတယ်။ နေရောင်ခြည်က
ခန္ဓာကိုယ်က ပျော်ရွှင်စေတဲ့ ဟိုမုန်းတွေကိုထုတ်လုပ်ပေးပါတယ်။ နေ ရောင်ခြည်နဲ့ ပုံမှန်ထိတွေ့ပေးခြင်းက
ပျော်ရွှင်စေတဲ့အတွက် စိတ်ကျဝေဒနာကိုကာကွယ်ပေးပါတယ်။
ဆီးချိုရောဂါကာကွယ်ပေးတယ်
ဗီတာမင်
D က ဆီးချိုရောဂါ ကိုကာကွယ်ပေးနိုင်ပါတယ်။ လေ့ လာတွေ့ရှိချက်အရ ကလေးများ ကို ဗီတာမငီ်
စားစေပြီး သုတေသနပြုလုပ်တဲ့အခါ နှစ်အနည်းငယ် အတွင်းမှာ ဆီးချိုရောဂါအမျိုးအ စား(၁)ကို
၈၀% ခန့်လျော့ကျစေ ကြောင်း လေ့လာတွေ့ရှိထားပါတယ်။
ခုခံအားကိုကောင်းစေတယ်
နေရောင်ခြည်နဲ့ထိတွေ့ပေးခြင်း
က ခန္ဓာကိုယ်တွင်းသွေးဖြူဥဆဲလ် လေးတွေကို တိုးပွားစေပါတယ်။ သွေးဖြူဥဆဲလေးတွေများလာတဲ့
အတွက် ခန္ဓာကိုယ်ရဲ့ခုခံအားကိုတိုး လာစေပြီး ရောဂါပိုးမွှားတွေကိုကာ ကွယ်ပြီးဖြစ်စေပါတယ်။
ရန်နိုင်
--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု
ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...www.facebook.com/shapejournal
www.facebook.com/groups/weloveshape
0 comments:
Post a Comment