ဒီတစ်ပတ်တော့ ရာသီဥတုက အေးလာပြီမို့ ချဉ်ငန်စပ်ဟင်းလေးတွေ
စားချင်စိတ်ဖြစ်နေတယ်။ ၀က်သားကိုဝက်ရေကျလို့ခေါ်တဲ့ ချိုချဉ်ငန်စပ်မွှေးပုံစံလေးချက်မယ်။
ပြီးတော့ အဲဒီ့ဟင်းလေးနဲ့လိုက်ဖက် အောင် ဟင်းရည်ကိုတော့ ချိုဆိမ့်လေးဖြစ်တဲ့ ကြက်ရိုးနဲ့ပိန်းဥဟင်းရည်လေးပေါ့နော်။
နောက်ပြီးတော့ မယ်တော်မားသားအကြိုက် ရာသီပေါ်ပင်စိမ်းသီးလေးကို မုန်ညင်းစိမ်းနဲ့ထောင်းလိုက်မယ်။
ဒါဆိုရင်တော့ ဒီတစ်ပတ်ပိတ်ရက်လေးအတွက် ဟင်းတွဲအတွဲအစပ်လေးတစ်ခုတော့ ရပြီပေါ့ဆွေမျိုးတို့ရာ။
ဝက်ရေကျ
ဝက်သားကိုဂုတ်သားလေးပဲ
ရွေးလိုက်တယ်။ ပြီးတော့ လက်သန်းလုံးလောက် အချောင်ပုံစံလေးတွေ ရအောင်လှီးထား၊ ကြက်သားမှုန့်နဲ့နယ်ပြီး
မီးနည်းနည်းနဲ့ရဲလာတဲ့အထိကြော်ပြီးမှ ကြက်သွန်ဖြူဓားပြားရိုက် ဆား၊ သကြား၊ ခရုဆီထည့်ပြီးနူးတဲ့အထိတည်ထား၊
ဝက်သားကြော်လည်းနူး၊ ရေကလည်း ဆီကျန်ရေကျန် ပုံစံမျိုးလေးဖြစ်ပြီဆိုမှ သံပုရာရည်၊ မထူမပါးလှီးထားတဲ့
ကြက်သွန်နီနဲ့ ခရမ်းချဉ်သီး၊ ဓားပြားရိုက်ထားတဲ့ ငရုတ်သီးစိမ်း၊ ခြွေထားတဲ့ပူစီနံ၊
အားလုံးထည့်မွှေပြီးစားရုံပါပဲ။ အရသာကတော့ ချိုချဉ်ငံစပ်နဲ့မွှေးလေးပေါ့နော်။ သူနဲ့ဂေါ်ဖီကြွပ်ကြွပ်လေးတွဲစားရင်တော့
ကောင်းမှကောင်းပဲပေါ့ ဆွေမျိုးတို့ရာ။ တစ်ခုအကြံပေးချင်တာကတော့ စားခါနီးကျမှ ၀က်သားကြော်ပြုတ်ကို
ပူပူလေးဖြစ်အောင်နွှေးပြီး ကျန်တဲ့အသီးအရွက်လေးတွေ ထည့်မွှေစား တာက အကောင်းဆုံးပါပဲ။
ပိန်းဥကြက်ရိုးဟင်းရည်
သူကတော့
ချက်လို့လည်းလွယ် သောက်လို့လည်း ကောင်း၊ အာဟာရလည်းဖြစ်တဲ့ဟင်းရည်လေးပေါ့ ဆွေမျိုးတို့ရာ။
အရင်ဆုံး ကြက်ရိုးကို ရေသေချာ အနေတော်တုံး ရေနွေးဆူဆူထဲထည့်ပြီး မိနစ်ဝက်လောက်မွှေ ပေးပြီးရင်
ကြက်ရိုးတွေပြန်ဆယ်ပြီးအရည်သွန်ပစ် ဒါမှ ကြက်ရိုးကအညှိနဲ့မချွဲတွေစင်သွားတာပေါ့။ ပြီးမှ
ကြက် ရိုးကို ဆား၊ ကြက်သွန်ဖြူဓားပြားရိုက်ခွာပြီး အနေတော်တုံးထားတဲ့ ပိန်းဥထည့်ပြီး
နှစ်မျိုးလုံးနူးအိလာတဲ့အထိ ပြုတ်၊ နူးပြီဆိုမှ အရသာအတွက် ကြက်သားမှုန့်လေးလိုသလောက်ထည့်၊
အနံ့မွှေးမွှေးလေးနဲ့ ပူပူလေးဖြစ် အောင် ငရုတ်ကောင်းမှုန့်လေး အပေါ်ကနေဖြူးပေးလိုက်ရင်တော့
သောက်လို့ကောင်းမှကောင်းတဲ့ ပိန်းဥ ကြက်ရိုးဟင်းရည်တစ်ခွက်ရပြီပေါ့နော်။
Royal
--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု
ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...www.facebook.com/shapejournal
www.facebook.com/groups/weloveshape
0 comments:
Post a Comment