ညဘက်အိပ်ချိန်
ချွေးထွက်တာက အမျိုးသမီးတွေအတွက်ဆို ရာသီစက်ဝန်းနဲ့ ပတ်သက်ဆက်နွယ် မှုရှိပါတယ်။ အိပ်ချိန်ချွေးထွက်တဲ့အတွက်
စိတ်ပျက်စရာလည်းကောင်းလှပါတယ်။ ချွေးထွက်တာကို လုံးဝ မရပ်တန့်နိုင်ပေမယ့် ရာသီစက်ဝန်းကြောင့်ဖြစ်တဲ့
လက္ခဏာကိုတော့ လျှော့ချပေးနိုင်ပါတယ်။
အသက်ရှုလေ့ကျင့်ခန်းလုပ်
လေ့လာမှုတစ်ခုအရ
အသက်ရှုလေ့ကျင့်ခန်း တစ်နေ့နှစ်ကြိမ်လုပ်ပေးတဲ့ အမျိုးသမီးတွေက သွေးဆုံး ချိန်စိတ်ဂယောင်ခြောက်ခြားဖြစ်ခြင်းနဲ့
ညဘက်ချွေးထွက်ခြင်းကို ၅၀ ရာခိုင်နှုန်းလျှော့ချပေးနိုင်ပါတယ်။ အသက်ရှုလေ့ကျင့်ခန်းဆိုတာကတော့
အသက်ရှုသွင်းနေချိန်မှာ ၅ စက္ကန့်၊ အသက်ရှုထုတ်လိုက်ချိန်မှာ ၅ စက္ကန့် တစ်ကြိမ်ကို ၁၅
မိနစ်လုပ်တာမျိုးပါ။
စိတ်အေးအေးထား
ညဘက်ချွေးထွက်ပြီဆိုတာနဲ့
စိတ်အေးအေးထားပါ။ ချွေးထွက်တာသက်သာစေဖို့အတွက် ရေခဲ ကပ်တာမျိုး၊ အအေးခံတာမျိုး၊ လေညင်းခံတာမျိုးလုပ်ပေးပါ။
ပရိုတိန်းများများစား
သွေးဆုံးချိန်နဲ့
ညဘက်ချွေးထွက်ချိန်တွေအတွက် ပရိုတိန်းများများစားဖို့ လိုပါတယ်။ ခန္ဓာကိုယ်က ပရိုတိန်းကိုအသုံးပြုပြီး
ဟိုမုန်းတွေကို အချိုးအစားညီစေပါတယ်။
လေ့ကျင့်ခန်းလုပ်
လေ့ကျင့်ခန်းများများလုပ်တာကလည်း
ညဘက်ချွေးထွက်ခြင်းနဲ့ သွေးဆုံးချိန် ဂယောင်ခြောက်ခြား ဖြစ်စေတာတွေကို သက်သာစေပါတယ်။
ဖောလစ်အက်ဆစ်
ဖောလစ်အက်ဆစ်ကလည်း
ရာသီစက်ဝန်းကြောင့်ဖြစ်တဲ့ လက္ခဏာတွေကို သက်သာစေပါတယ်။ အီဂျစ်နိုင်ငံရဲ့ လေ့လာမှုတစ်ခုအရ
ဖောလစ်အက်ဆစ်သုံးစွဲသူအမျိုးသမီးတွေက ညဘက်ချွေးထွက်တာကို ၆၅ ရာခိုင်နှုန်း သက်သာစေပါတယ်။
ပန်းဂေါ်ဖီစိမ်း
ပန်းဂေါ်ဖီစိမ်းမှာ
Sulforaphane လို့ခေါ်တဲ့ အင်တီအောက်ဆီဒင့်တစ်မျိုး ပါဝင်ပါတယ်။ ဒီ အင်တီ အောက်ဆီဒင့်က
ခန္ဓာကိုယ်အတွင်းဟိုမုန်းတွေကို ငြိမ်အောင်ထိန်းထားပေးထားနိုင်ပါတယ်။
လက်ဖက်ရည်
လက်ဖက်ရည်ကလည်း
ညဘက်ချွေးထွက်ခြင်းကို သက်သာလျော့ပါးစေပါတယ်။ ညအိပ်ရာမ၀င်ခင် လက်ဖက်ရည်တစ်ခွက် သောက်သုံးပေးခြင်းက
အိပ်ပျော်စေပြီး ချွေးထွက်တာကိုသက်သာသွားစေပါတယ်။
သကြား၊ ပေါင်မုန့်ဖြူ လျော့ချ
သကြား၊
ပေါင်မုန့်ဖြူတွေက ညဘက်ချွေးထွက်ခြင်းကို ပိုဆိုးစေပါတယ်။ အဲဒါကြောင့် သကြား၊ ပေါင်မုန့်ဖြူစားသုံးတာတွေ
အတတ်နိုင်ဆုံးလျော့ချလိုက်ပါ။
ပူစပ်တဲ့အစားအစာ
ပူစပ်တဲ့အစားအစားတွေက
သွေးဆုံးချိန်စိတ်ဂယောင်ခြောက်ခြားဖြစ်တာကို ပိုဆိုးစေပါလိမ့်မယ်။ ကဖိန်းပါဝင်တဲ့အစားအစာ၊
ဆီများလွန်းတဲ့အစားအစာတွေကလည်း ပိုဆိုးစေပါလိမ့်မယ်။
ဝဿန်
--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု
ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...www.facebook.com/shapejournal
www.facebook.com/groups/weloveshape
0 comments:
Post a Comment