ပုလဲစီတဲ့သွားလေးတွေဖြစ်ချင်လို့….











ဖြူဖွေးပြီး ပုလဲရောင်တောက်ပနေတဲ့ သွားလေးတွေကတော့ ချစ်စရာပါ။ အ၀ါရောင်သွားလေးတွေ ကတော့ ရွံ့စရာပေါ့။ သွားတွေဘာကြောင့် ၀ါသလဲ။ တစ်ကိုယ်ရည်သန့်ရှင်းရေးနဲ့ဆိုင်သလို ကိုယ်နေ့စဉ်စား သုံးတဲ့ အာဟာရတွေနဲ့လည်းဆိုင်ပါတယ်။ အဲဒီတော့ ဘယ်အစားအသောက်တွေက သွားတွေကိုဝါညစ်စေ သလဲ …။

ဝိုင်
ဝိုင်ဖြူဖြစ်စေ၊ ၀ိုင်နီဖြစ်စေ သွားတွေကိုဝါစေမှာပါ။ ၀ိုင်မှာပါဝင်တဲ့ Trannins က သွားတွေကို အ၀ါ ရောင်စွန်းထင်းစေပါတယ်။ အဲဒါကြောင့် ၀ိုင်သောက်ပြီးတိုင်း သွားတွေကိုမစွန်းထင်းစေဖို့ ပါးလုပ်ကျင်းပေးပါ။

ရှာလကာရည်
ရှာလကာရည်က ပြင်းပြစူးရှတဲ့အနံ့အရသာနဲ့ အစားအသောက်တွေအတွက် ကောင်းပေမယ့် သူ့မှာပါဝင်တဲ့ ဂုဏ်သတ္တိကသွားတွေကို အ၀ါရောင်စွန်းထင်းစေပါတယ်။

ကော်ဖီ
ကော်ဖီရဲ့အညိုရင့်ရောင်အရည်က အဖြူရောင်သွားတွေကို အ၀ါရောင်အဖြစ်ပြောင်းလဲစေပါတယ်။ ဒီလိုအ၀ါရောင်စွန်းထင်းတာသက်သာဖို့ အကောင်းဆုံးနည်းလမ်းကတော့ နို့များများသောက်ပေးပါ။

ခရမ်းချဉ်သီးအချဉ်
ခရမ်းချဉ်သီးအချဉ်ကလည်း လူသိနည်းတဲ့သွားတွေကိုဝါစေတဲ့ပစ္စည်းပါ။ ခရမ်းချဉ်သီးအချဉ်ကြောင့် သွားဝါတာကို ပျောက်စေဖို့ဆိုရင် ဟင်းနုနွယ်ရွက်စားပေးနိုင်ပါတယ်။

ဘလူးဘယ်ရီသီး
ဘလူးဘယ်ရီသီးက ကျန်းမာရေးအတွက် ကောင်းတယ်ဆိုပေမယ့် သူတို့ရဲ့အနက်ရောင်အသားက သွားတွေကို အ၀ါရောင်အဖြစ်ပြောင်းလဲသွားစေပါတယ်။

ပဲပိစပ်အချဉ်
ပဲပိစပ်အချဉ်စားပါများလေ သွားတွေဝါလာလေပါ။ သူ့မှာပါဝင်တဲ့ Hydrochloric က သွားတွေကို အ၀ါရောင်အဖြစ် ပြောင်းလဲပေးပါလိမ့်မယ်။

ဆိုဒါ
ကိုကာကိုလာလို အချိုရည်တွေက တစ်ခါတစ်ရံသာသောက်လို့ကောင်းပေမယ့် အမြဲတမ်း သောက်ရင်တော့ သွားတွေကိုဝါပြီး ပျက်စီးစေပါလိမ့်မယ်။

ဝဿန်

--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

 
Share on Google Plus

0 comments:

Post a Comment