သုံးရာသီမရွေး စတိုင်ကျနေစေဖို့…










အ၀တ်အစားဝတ်တဲ့အခါ ဘယ်ရာသီရောက်ရောက် ပေါ့ပေါ့ပါးပါး လွတ်လွတ်လပ်လပ်နဲ့ ခပ်ကြော့ကြော့လေးဝတ်ချင်ကြမှာပါ။ ရာသီဥတုပူလို့ ကိုယ့်ရဲ့လှပကျော့ ရှင်းမှုပျောက်သွားမှာစိုးရိမ် အေးမြတဲ့ရာသီဥတုကြောင့် အနွေးထည်ထူထူပွပွနဲ့ ခန္ဓာကိုယ်ကောက်ကြောင်း အလှပျောက်သွား မှာလည်းစိုး… အဲဒီတော့ ဘယ်ရာသီရောက်ရောက် ကျော့ရှင်းနေစေဖို့ ဘယ်လိုဝတ်ဆင်ကြမလဲ…

ဦးထုပ်
ဘယ်လိုဦးထုပ်နဲ့ ဖြစ်ဖြစ် ရာသီမရွေးစတိုင်ထုတ်နိုင်ပါတယ်။ နေရောင်ခြည်ဒဏ်ကလည်း ကာကွယ်သလို ဆောင်းရာသီအေးမြတဲ့နှင်းတွေကြောင့် ဆံကေသာတွေပျက်စီးမှာ စိုးရိမ်စရာမလိုပါဘူး။

အရောင်တွေကိုမကြောက်နဲ့
အရောင်များများအသုံးပြုဖို့ ဘယ်တော့မှမကြောက်ရွံ့ပါနဲ့။ သဘာဝကိုကိုယ်စားပြုတဲ့အရောင်တွေ၊ စိတ်ကိုနိုးကြားတက်ကြွစေတဲ့အရောင်တွေ၊ တည်ငြိမ်ရင့်ကျက်တဲ့အရောင်တွေ မျိုးစုံသုံးဖို့မကြောက်ပါနဲ့။

ဒေါက်မြင့်ဖိနပ်
ဒေါက်မြင့်ဖိနပ်လှလှလေးတစ်ရံကလည်း မိန်းကလေးတစ်ယောက်ရဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုကိုပြနေ ပါတယ်။ အဲဒီတော့ ဒေါက်မြင့်ဖိနပ်လှလှလေးတစ်ရံ ဆောင်ထားလိုက်ပါ။ 

အဖြူရောင်ဝတ်စံ
အဖြူရောင်ဝတ်စုံလေးက ခန္ဓာကိုယ်ကို ပေါ့ပေါ့ပါးပါးလှပနေစေပါလိမ့်မယ်။ မြင်ရသူကို အမြင်အေးစေ သလို ၀တ်ဆင်လိုက်ရင်လည်း ရာသီမရွေးလှပကျော့ရှင်းနေပါလိမ့်မယ်။

ည၀တ် ၀တ်စုံစတိုင်
ည၀တ်ဝတ်စုံပုံစံ ပေါ့ပေါ့ပါးပါး ပွလျောင်းလျောင်းဝတ်စုံတွေကလည်း ၀တ်ဆင်သူကိုလွတ်လပ်ပေါ့ပါးပြီး တက်ကြွနေတဲ့အသွင်ဆောင်စေပါတယ်။ 

ဂျင်း
အပြာရင့်ရောင်ဂျင်းဝတ်စုံက ခပ်မိုက်မိုက်လေးနဲ့ သပ်ရပ်ကျော့ရှင်းနေစေပါလိမ့်မယ်။ ဂျင်းနဲ့ပတ်သက်လာရင် စကတ်၊ ဘောင်းဘီ၊ အင်္ကျီဘယ်အရာမဆို သုံးရာသီလုံးနဲ့ လိုက်ဖက်နေပါလိမ့်မယ်။

ဆိုင်ဒ်ကြီးမျက်မှန်
မျက်နှာပြင်အရွယ်အစားကြီးမားတဲ့ နေကာမျက်မှန်တစ်လက်ကလည်း ၀တ်စုံအလှကို ပိုပြီးထင်ရှားပေါ်လွင်စေပါလိမ့်မယ်။

Crystal
--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

 
Share on Google Plus

0 comments:

Post a Comment