သူကိုယ့်ကို ချစ်လာစေဖို့











မိန်းကလေးတစ်ယောက်အနေနဲ့ ယောက်ျားလေးတစ်ယောက်ကိုတွေ့တယ်။ သူကလည်းကိုယ့်အ ကြိုက်ပုံစံ။ အဲဒီတော့ သူကိုယ့်ကို ချစ်ကြိုက်လာစေဖို့ ဆန္ဒရှိတယ်။ ယောက်ျားလေးတစ်ယောက်ကိုယ့် ကိုယ်ချစ်လာစေဖို့ ဘယ်လိုကြိုးစား မလဲ။ ကြိုးစားတယ်ဆိုတာ တကယ်တမ်းတော့ မာယာသုံးပြီး လှည့်စားတာမျိုးမဟုတ်ပါဘူး။ အခု ပြောပြမယ့်အချက်လေးတွေကတော့ ကိုချစ်နေတဲ့ကောင်မလေးတစ်ယောက်ကိုယ့်ကိုစိတ်ဝင်တစား ဖြစ်လာစေမယ့်နည်းလမ်းတွေပါပဲ။ 

ကိုယ့်ကိုယ်ကိုယ်နေပါ
တကယ်တမ်း တစ်စုံတစ်ယောက် ကိုယ့်ကိုစိတ်ဝင်တစား ကြိုက်လာစေဖို့ဆိုရာမှာ လျှို့ဝှက် နည်းလမ်းမရှိပါဘူး။ မာယာသုံးတဲ့ လှည့်ကွက်တွေကတော့ရှိတာပေါ့။ ဒါပေမဲ့ ရေရှည်အောင်မြင်တဲ့ဆက် ဆံရေးဖြစ်ပါ့မလား။ ပျော်ရွှင်ပါ့မလား။ စစ်မှန်တဲ့အချစ်ကိုရပါ့မလား။ အဲဒါကြောင့်ပထမဆုံးနည်းလမ်းကတော့ ကိုယ်တိုင်မှန်အောင်နေဖို့ ပြောထားခြင်းပါ။ တစ်စုံတစ်ယောက်နဲ့ ရေရှည်တည်မြဲတဲ့ဆက်ဆံရေးတစ်ခု ဖြစ်စေချင်တယ်ဆိုရင် အချစ်စစ်ကိုပိုင်ဆိုင်ချင်တယ်ဆိုရင် မလှည့်စားပါနဲ့။ ပုံမှန်အတိုင်းပဲနေပါ။ လိပ်ပြာလည်းလုံပါတယ်။ 

အလှအပ
'ယောက်ျားလေးတွေက မျက်လုံးနဲ့ချစ်တတ်တယ်'ဆိုတဲ့ စကားက တစ်စိတ်တစ်ပိုင်းမှန်ပါတယ်။ ဆက်ဆံရေးတစ်ခုရဲ့ပထမအစမှာပေါ့။ ဒါပေမဲ့ မိန်းကလေး တစ်ယောက်ရဲ့ ပြင်ပရုပ်ရည်နဲ့အချစ်က တစ်သက်လုံးသွားနေမှာမဟုတ်ပါဘူး။ ပြင်ပလှပနေသလို စိတ်နှလုံးကလည်းလှပနေဖို့အရေးကြီးပါတယ်။ ပြင်ပအလှအပဆိုရာမှာ မိတ်ကပ်တွေတစ်တန်လောက်ဖို့၊ ရေမွှေးတွေအသားကုန်ဆွတ်နေတာမဆိုလိုပါဘူး။ အလှအပဆိုတာ ဒီအရာတွေအားလုံးကိုဆိုလိုတာမဟုတ်ပါဘူး။ နှလုံးသားလှပမှုရိုးသားမှု၊ ဖြူစင်မှုတွေက စစ်မှန်တဲ့ဆွဲဆောင်မှုပါ။ 

ပြုံးပါ အကောင်းမြင်ပါ
အကောင်းမြင်စိတ်ရှိသူက အလိုလိုနေရင်း ပတ်ဝန်းကျင်မှာ ဆွဲဆောင်မှုရှိနေပါတယ်။ အရေးကြီးဆုံးကတော့ အပြုံးပါ။ အပြုံးကပေးသူနဲ့ ယူသူတူညီတဲ့တုံ့ပြန်မှုရစေပါတယ်။ တစ်စုံတစ်ယောက် ကိုယ့်ကိုယ်စိတ်ဝင်စားနေစေဖို့ အတွက်ပြုံးပါ။ အကောင်းမြင်စိတ် မွေးပါ။ ကမ္ဘာပေါ်မှာအလှပဆုံးမိန်း ကလေးကပြုံးနေတဲ့မိန်းကလေးပါဘဲ။ အတင်းပြောတာတွေ၊ စပ်စုတာမျိုး၊ မကောင်းမြင်တတ်တာမျိုး တွေရှောင်ပါ။ 

လျှို့ဝှက်ချက်ထိန်းသိမ်းပါ
ဆက်ဆံရေးတစ်ခုပထမအစမှာ ကိုယ့်ရဲ့အတိတ်ကဆက်ဆံရေး အတိတ်ကအဖြစ်အပျက်တွေကို ခရေစေ့တွင်းကျပြောနေစရာမလိုပါဘူး။ ကိုယ်သူ့ကိုတကယ်ကြိုက်ရင် သူက ကိုယ့်တစ်ဘ၀လုံးစာအတွက် ရည်ရွယ်ထားသူဆိုရင် ချက်ချင်းပြောမနေပါနဲ့။ တစ်ဘ၀လုံးပြောဖို့အချိန်ရလာပါလိမ့်မယ်။ ပဟေဠိဆန်တာက တစ်ခါတရံအများအားဖြင့် ဆွဲဆောင်မှုရှိပေမယ့် ပဟေဠိဆန်ခြင်းနဲ့ လျှို့ဝှက်ခြင်းအကြားပါးလွှာတဲ့အနားသတ် စည်းမျဉ်းကိုတော့ သတိထားဖို့လိုပါတယ်။ 

ခံစားချက်တွေထုတ်မပြနဲ့
ခံစားချက်ဆိုတာက ဘယ်သူမှမမြင်နိုင်တာမို့လို့ ဖွင့်ဟပြောပြမှ သိမယ့်အရာပါ။ ဒါပေမဲ့ ကိုယ့်ဘက်က အသည်းအသန်စိတ်ဝင် စားနေတဲ့သူကိုတော့ ခံစားချက်တွေအကုန်ဖွင့်ဟမပြောပါနဲ့။ သူ့အ နေနဲ့စိတ်ရှုပ်ထွေးသွားနိုင်သလို ကြောက်ရွံ့ထိတ်လန့်စိတ်လည်းဝင်သွားနိုင်ပါတယ်။ ခံစားချက်ကို ထုတ်ဖော်မပြနဲ့ဆိုတာဆက်ဆံရေး တစ်ခုရဲ့ပထမအစမှာပါ။ ဆက်ဆံရေးတစ်ခုတည်မြဲလာစေဖို့ အချိန်ယူပြီးမှ ခံစားချက်တွေကိုဖွင့်ဟပါ။ 

နားထောင်ပါ
နားထောင်တာက အမူအကျင့်ကောင်းတစ်ခုဖြစ်ရုံသာမကပါဘူး။ ပတ်ဝန်းကျင်က လူတွေနဲ့ဆက်ဆံရေးမှာ အဓိကအရေးကြီးပါတယ်။ စကားလည်းအရမ်းမများပါနဲ့။ နည်းနည်းပြောပြီး များများနားထောင်တတ်ပါစေ။

ဟာသဉာဏ်ရွှင်ပါစေ
ဟာသဉာဏ်ရွှင်တာက ယောက်ျားလေး၊ မိန်းကလေး ဘယ်သူမဆို သဘောကျနှစ်သက်ကြပါတယ်။ ရယ်မော၊ ပျော်ရွှင်တာက ဆက်ဆံရေးကိုပိုပြီး လွယ်ကူအဆင်ပြေသွားစေပါလိမ့်မယ်။ 

ကိုယ့်ကိုယ်ကိုယ်ချစ်ပါ
ကိုယ့်ကိုယ်ကိုယ်ဆွဲဆောင်မှု မရှိ၊ ယုံကြည်မှုမရှိတဲ့ လူတစ် ယောက်ကို ဘယ်သူကများချစ် ကြိုက်နိုင်မှာမို့လို့ပါလဲ။ အဲဒီတော့ ကိုယ့်ကိုယ်ကိုယ်ချစ်နေဖို့က အရေးကြီးဆုံး၊ ကိုယ့်ကိုယ်ကိုယ်ဘာပဲဖြစ် နေပါစေ အပြည့်အ၀လက်ခံတတ်ဖို့က အရေးကြီးဆုံးပဲမဟုတ်ပါလား။ ကိုယ့်ကိုယ်ကိုယ်ချစ်တယ်ဆိုလို့ ဘ၀င်မြင့်နေတာ ကိုယ့်ကိုယ်ကိုယ် အထင်ကြီးနေတာကို ပြောတာမ ဟုတ်ပါဘူး။
နောက်ဆုံးအနေနဲ့ တစ်စုံတစ်ယောက် ကိုယ့်ကိုယ်ချစ်လာစေဖို့ အတင်းကြိုးစားနေဖို့မလိုပါဘူး။ စိတ်ရှည်ပါ။ သဘာဝကျကျစီးဆင်းသွားပါစေ။ ဘာကိုမှ အတင်းဖိအားပေးမနေပါနဲ့။

Whitney
--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape 
Share on Google Plus

0 comments:

Post a Comment