သွားကိုက်တဲ့ဝေဒနာ ခံစားရတဲ့အခါ…












သွားကိုက်တယ်ဆိုတာ သွားအတွင်း အမြစ်အလယ်ပိုင်းက ရောင်ရမ်းလာကာ ယားယံလာ တာကြောင့်ပါ။ သွားအမြစ်မှာများ ပြားလှတဲ့ ထိလွယ်ရှလွယ်ခံစား လွယ်တဲ့ အာရုံကြောလေးတွေနဲ့ အဆုံးသတ်ပါတယ်။ သွားပိုးစားခြင်း၊ ကူးစက်ရောဂါတို့ကြောင့် ရောင်ရမ်းနာကျင်လာတာဖြစ်ပါတယ်။ တကယ်လို့ သွားကိုက် ဝေဒနာခံစားရပြီဆိုတာနဲ့ အခြေအနေပိုမဆိုးရွားခင် ဆရာဝန် နဲ့တိုင်ပင်ပြသတာအကောင်းဆုံး ဖြစ်ပါတယ်။ ဆရာဝန်နဲ့ တိုင်ပင် မပြသခင် အိမ်တွင်းဖြစ်ဆေးဝါး လေးတွေနဲ့ ဦးဆုံးကုသထားလို့ လည်းရပါတယ်။

ငရုတ်ကောင်းနဲ့ဆား
ဆားနဲ့ ငရုတ်ကောင်းရောစပ် ထားတာက ဘက်တီးရီးယား ကြောင့်ဖြစ်စေ၊ ရောင်ရမ်းနာကျင် လာလို့သွားကိုက်ဝေဒနာအတွက် အကောင်းဆုံး ဆေးဝါးတစ်လက် ဖြစ်ပါတယ်။ ဆားနဲ့ ငရုတ်ကောင်း မှုန့်ကို ရေအနည်းငယ်နဲ့ခပ်ပျစ်ပျစ် မွှေထားပြီး ၄င်းအနှစ်ကိုသွားမှာ လိမ်းထားပေးပါ။ နေ့စဉ်ပြုလုပ်ပေးနိုင်ပါတယ်။

ကြက်သွန်ဖြူ
ကြက်သွန်ဖြူကလည်း သွားကိုက်ဝေဒနာကို ကုသပေးနိုင်ပါတယ်။ ကြက်သွန်ဖြူမှာ ပိုးမွှားများကိုသေစေနိုင်တဲ့ ပဋိဇီဝဆေးဝါး ဂုဏ်သတ္တိပါဝင်တဲ့အတွက် သွားကိုက်ဝေဒနာကိုလျှော့ချပေးနိုင်ပါတယ်။ ကြက်သွန်ဖြူတစ်မွှာကို ကြေအောင်ထောင်းပြီး ဆားနဲ့ရော စပ်ကာငုံပေးထားပါ။ ဒါမှမဟုတ်ကြက်သွန်ဖြူ တစ်မွှာ၊ နှစ်မွှာကို လည်းစားပေးနိုင်ပါတယ်။ ဒါမှမဟုတ် ကြက်သွန်ဖြူကိုထောင်းပြီး သံလွင်ဆီ၊ ဟင်းချက်ဆီနဲ့ရောစပ်ကာ ဝေဒနာခံစားနေရတဲ့သွားမှာ လိမ်းပေးထားနိုင်ပါတယ်။

ကြက်သွန်နီ
ကြက်သွန်နီမှာလည်း သွားကိုက်ဝေဒနာကိုသက်သာစေတဲ့ ပိုးမွှားများကိုသေစေနိုင်တဲ့ ဂုဏ် သတ္တိပါဝင်ပါတယ်။ ကြက်သွန်နီ က ကူးစက်ရောဂါဖြစ်စေတဲ့ ပိုးမွှား တွေကိုသေစေပြီး နာကျင်မှုကို သက်သာစေပါတယ်။ ပထမဆုံး သွားကိုက်ဝေဒနာခံစားရတဲ့အခါ ကြက်သွန်နီကို အစိမ်းအတိုင်းဝါး စားပါ။ မ၀ါးစားနိုင်သူများအနေနဲ့ ကိုက်နေတဲ့သွားပေါ်မှာ ကြက်သွန် နီငုံထားပေးနိုင်ပါတယ်။ 

ဆားရည်
ဆားရည်ခပ်နွေးနွေးနဲ့ ပလုပ် ကျင်းတာကလည်း လွယ်ကူရိုးရှင်းတဲ့ နည်းလမ်းတစ်ခုပါ။ ဆားဇွန်း တစ်ဝက်နဲ့ရေခပ်နွေးနွေးတစ်ခွက် ရောစပ်ပြီး ပလုပ်ကျင်းပေးပါ။ ခံ တွင်းမှာရှိတဲ့ ဘတ်တီးရီးယားတွေ ကို သေစေရုံသာမက သွားကိုက်၊ ရောင်ရမ်းဝေဒနာကိုသက်သာစေပါ လိမ့်မယ်။ 

မာလကာရွက်
မာလကာရွက်မှာ ရောင်ရမ်း နာကျင်ခြင်း၊ ကိုက်ခဲခြင်း၊ ပိုးမွှား များကို သေစေနိုင်တဲ့ဂုဏ်သတ္တိ ပါဝင်ပါတယ်။ သွားကိုက်ဝေဒနာ ခံစားရတဲ့အခါ မာလကာရွက် အစိမ်းတစ်ရွက် နှစ်ရွက်ခန့်ဝါးပေး ပါ။ ဒါမှမဟုတ်မာလကာရွက်ကို ရေနွေးပူပူနဲ့ပြုတ်ပြီး ရေခပ်နွေးနွေး ဖြစ်သွားတဲ့အခါ ဆားအနည်းငယ် ခပ်ပြီး ပလုတ်ကျင်းပေးနိုင်ပါတယ်။ 

ဂျုံမြက်နု
ဂျုံမြက်နုမှာ သွားကိုက်၊ သွား နာဖြစ်ခြင်းကို သက်သာစေတဲ့ ဘတ်တီးရီးယားတွေကိုသေစေနိုင်တဲ့ ဂုဏ်သတ္တိပါဝင်ပါတယ်။ ဂျုံမြက်နုအရည်နဲ့ ပလုတ်ကျင်းပေး မယ်ဆိုရင် ဘတ်တီးရီးယားပေါက် ပွားမှုကိုထိန်းချုပ်ပေးနိုင်ပြီး ခံတွင်း မှအဆိပ်တွေကိုစုပ်ယူပေးပါလိမ့် မယ်။

ရေခဲ
ရေခဲကလည်း အာရုံကြော လေးတွေကို ထုံစေပြီး သွားကိုက် ဝေဒနာကိုသက်သာသာစေပါတယ်။ သွားကိုက်ဝေဒနာခံစားရတဲ့အခါ ရေခဲတုံးလေးတွေကို အ၀တ်သန့် သန့်ထဲမှာထည့်ပြီး သွားမှာအုပ် ထားပေးပါ။

 ရန်နိုင်
--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

 
Share on Google Plus

0 comments:

Post a Comment