အသားပိုဆိုတာဘာလဲ။
သူတို့ဘာကြောင့်ဖြစ်လာတာလဲ။ သတင်းကောင်းကတော့ အသားပိုလေး တွေက အန္တရာယ်မရှိပါဘူး။ လူကိုလည်း
မသေစေနိုင်ပါဘူး။ ဒါပေမဲ့ ထင်သာမြင်သာရှိတဲ့ခန္ဓာကိုယ် ကိုယ်လူမြင်ကွင်းမှာ လာပေါက်ရင်တော့
စိတ်ညစ်ရပါတယ်။ တစ်ခါတလေ တဖြည်းဖြည်းကြီးလာပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုပျောက်သွားစေလောက်တဲ့အထိပါပဲ။
ဒီအသားပိုလေးတွေက
လည်ပင်း၊ ဂုတ်ပိုး၊ ချိုင်းသားလို နေရာမျိုးမှာပေါက်ပါတယ်။ သူတို့ကို ဖယ်ရှားရတာထင်သလောက်တော့
မခက်ခဲပါဘူး။ မနာမကျင်ဘဲနဲ့ ဖယ်ရှားပေးနိုင်မယ့် သဘာဝနည်း လေးတွေရှိပါတယ်။
အောရီဂါနိုအဆီ
အော်ရီဂါနိုအဆီမှာပါဝင်တဲ့
ရောင်ရမ်းမှုကိုသက်သာနိုင်စွမ်း၊ ပိုးသတ်နိုင်စွမ်းတွေက အသားပိုလေး တွေကို ရက်သတ္တပတ်
အနည်းငယ်အတွင်း ဖယ်ရှားပေးနိုင်ပါတယ်။
ဒုဇလီပင်စည်
ဒုဇလီပင်စည်အရည်ကို
အရေပြားပြဿနာအများစုအတွက်
သုံးပါတယ်။ အသားပိုဖြစ်ပေါ်တဲ့ နေရာပေါ် ဒုဇလီအရည်လေးလိမ်းပြီး ညအိပ်ရာဝင်ခါနီး ပလာစတာလေးနဲ့
ကပ်ပေးထားနိုင်ပါတယ်။
ငှက်ပျောခွံ
ငှက်ပျော်ခွံအတွင်းသားမှာ
ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ဗီတာမင်နဲ့ အာဟာရဓာတ်တွေရှိပါတယ်။ အဲဒါကြောင့် အသားပိုပေါ်မှာ
ငှက်ပျောခွံအတွင်းသားကို တစ်နာရီလောက်တင်ထားပေးပြီး ရေခပ်နွေးနွေးလေး နဲ့ ထားပေးမယ်ဆိုရင်
အသားပိုလေးတွေ ပျောက်ကင်းသွားပါလိမ့်မယ်။
ကြက်သွန်ဖြူ
ကြက်သွန်ဖြူစားတာ
ကျန်းမာရေးအတွက် အကျိုးပြုသလို ကြက်သွန်ဖြူအနှစ်က အသားပိုလေးတွေ ကို ဖယ်ရှားပေးနိုင်ပါတယ်။
ကြက်သွန်ဖြူအနှစ်ကို ညအိပ်ရာမ၀င်ခင် အသားပိုပေါ်လိမ်းထားပေးပြီး နံနက်ပို လင်းမှ ရေဆေးချပါ။
လက်ဖက်ပင်အဆီ
လက်ဖက်ပင်အဆီကို
ဝက်ခြံကုသဖို့အတွက်သုံးသလို အသားပိုလေးတွေဖယ်ရှားဖို့အတွက်လည်း သုံးနိုင်ပါတယ်။
သံပုရာရည်
သံပုရာရည်က
ခန္ဓာကိုယ်အတွင်းက အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်သလို အသားပိုလေး တွေကိုလည်း ဖယ်ရှားပေးနိုင်ပါတယ်။
သူ့မှာပါဝင်တဲ့ citric acid က အသားပိုလေးတွေကို အောက်ဆီဂျင် ပြတ်လပ်သွားစေပြီး သေဆုံးသွားစေပါတယ်။
ရှားစောင်းလက်ပတ်
ရှားစောင်းလက်ပတ်က ၀က်ခြံ၊ ကြွက်နို့တွေကိုကုသရာမှာ
အသုံးဝင်သလို အသားပိုလေးတွေ ဖယ်ရှားဖို့အတွက်လည်း သုံးနိုင်ပါတယ်။
ဝဿန်
--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု
ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...www.facebook.com/shapejournal
www.facebook.com/groups/weloveshape
0 comments:
Post a Comment