ပိုက်ဆံကုန်သက်သာအောင် ဂက်စ် ဘယ်လိုသုံးရမလဲ







ဂက်စ်ဈေးတွေတက်လာတာ နဲ့အမျှ ကားမောင်းသူတစ်ဦးရဲ့ ပိုက် ဆံအိပ်ထဲမှာရှိနေမယ့် ပိုက်ဆံပမာ ဏဟာလည်း အငွေ့ပျံသလို လျင် လျင်မြန်မြန် ကုန်ဆုံးသွားတတ်ပါ တယ်။ ဒါဆိုရင်တော့ ကားမောင်း ရတာ စိတ်ပျက်စရာအလုပ်တစ်ခု ဖြစ်လာမှာပါ။ ကားအတွက်လောင် စာဆီအသုံးပြုတာနဲ့ပတ်သက်လို့ ပိုက်ဆံအနည်းငယ်ပဲကုန်မယ့်နည်း လမ်းတွေလည်း ရှိနေပါတယ်။ ဒီ လိုနည်းလမ်းတွေထဲကတစ်ခုက တော့ ကားကိုလောင်စာစားနှုန်း လျော့နည်းသွားအောင် ပြုလုပ်တာ ပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီလိုပြု လုပ်တော့မယ်ဆိုရင် သေချာနှံ့နှံ့ စပ်စပ်စဉ်းစားဖို့လိုသလို အစီအစဉ် သစ်တွေကိုလည်း စနစ်တကျတွက် ချက်တတ်ဖို့ လိုအပ်မှာပါ။ ကားဆီ စားသက်သာအောင်၊ ဂက်စ်အကုန် အကျနည်းနည်းနဲ့ ခရီးတွင်အောင် မောင်းနှင်နိုင်မယ့်နည်းလမ်းတွေထဲ  ကတစ်ခုကတော့ ကားဆီစားနှုန်း ကိုလျှော့ချမောင်းနှင်နည်းံပစနမာငူန ပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီ နေရာမှာံပစနမာငူန နည်းစနစ်က အနတရာယ်များသလို တရားမ၀င် လည်းဖြစ်တာကြောင့် တခြားနည်း လမ်းလေးတွေကို ဖော်ပြပေးပါရ စေ။

ပလပ်တွေကို စစ်ဆေးပါ
ပလက်တီနမ်နဲ့ပြုလုပ်ထားတဲ့ ပလပ်တွေက အနည်းဆုံးကီလိုမီ တာတစ်သိန်းခြောက်သောင်း လောက်အထိမောင်းနှင်နိုင်ပါ တယ်။ ဒါပေမယ့် ဒီပလပ်တွေမှာ လည်း အားနည်းချက်တွေ ရှိနေ ကြတာပါ။ ဘာကြောင့်လဲဆိုရင် ပလက်တီနမ်ပလပ်တွေဟာ ကီလို မီတာတစ်သိန်းနှစ်သောင်းလောက် မောင်းနှင်ပြီးရင် ညစ်ပတ်သွားပြီး အသုံးပြုလို့သိပ်မကောင်းတော့တာ ကြောင့်ပါပဲ။ ဒီပလပ်မျိုးတွေဟာ ဈေးနှုန်းမမြင့်မားသလို အလွယ်တ ကူလည်း အသုံးပြုနိုင်ပါတယ်။ ဒါ့ အပြင် အလုပ်လုပ်နိုင်စွမ်းရှိတဲ့အ ပိုင်းမှာ နမမသမ တက်တာနည်းပါးတာ ကြောင့် ပလပ်ကြောင့် ဂက်စ်ကုန် ကျမှုများတာကိုလည်း လျှော့ချပေး  နိုင်စွမ်းရှိတာပါ။ 

မောင်းနှုန်မှု လျှော့ချပါ
အနည်းငယ်ရယ်စရာကောင်း ပေမယ့် ဒါကလည်း အကြံကောင်း တစ်ခုဖြစ်လို့ ပစ်ပယ်ထားဖို့ မသင့် ပါဘူး။ လောင်စာဆီဈေးနှုန်းတွေ မြင့်မားလာတာနဲ့အမျှ ကိုယ့်ငွေ တွေ ပိုက်ဆံအိပ်အတွင်းက စီး ထွက်သွားတာမျိုးမဖြစ်ချင်ရင်တော့ မလိုအပ်တဲ့နေရာမျိုးတွေကို လျှောက်သွားပြီး လောင်စာဖြုန်း တီးနေတဲ့လုပ်ရပ်မျိုးကိုတော့ ရှောင် ရှားသင့်ပါတယ်။ ဥပမာ သူငယ်ချင်း ဖြစ်သူနဲ့ ကားမျှသုံးတာမျိုး၊ လမ်း လျှောက်ဖို့ လက်လှမ်းမီတဲ့နေရာမျိုး တွေဆိုရင် လမ်းလျှောက်သွားတာ မျိုးပြုလုပ်ရင်းနဲ့ မလိုအပ်ဘဲ လောင် စာဖြုန်းတီးနေမှုတွေကို လျှော့ချနိုင် မှာအသေအချာပါပဲ။ 

လောင်စာဈေးနှုန်း သက်သာတဲ့ဆိုင် တွေကို ရွေးချယ်ပါ
များသောအားဖြင့် တစ်ဆိုင်နဲ့ တစ်ဆိုင် လောင်စာဆီဈေးနှုန်းတွေ က တူညီနေတတ်ကြပေမယ့် သေ ချာစိစစ်ရှာဖွေကြည့်ရင် အများ ထက်ပိုပြီး ဈေးသက်သာနေတဲ့ ဆိုင်မျိုးတွေလည်း ရှိနေတတ်ပါ တယ်။ ကိုယ် နေ့ဓဒူဝ အသုံးပြုဖို့ ၀ယ်ယူနေတဲ့ဆိုင်ထက် ဈေးသက် သာနေမယ်ဆိုရင် အသုံးပြုသူအ နေနဲ့ အဲဒီဈေးသက်သာတဲ့ဆိုင်မျိုး တွေမှာ ၀ယ်ယူပြီး မလိုအပ်ဘဲ ငွေကုန်ကြေးကျများနေမှုကို လျှော့ ချနိုင်မှာအသေအချာပါ။ 

ကားကို စဉ်ဆက်မပြတ်ဂရုစိုက်နေ ပါ
ကိုယ်မောင်းနှင်နေတဲ့ကား လေးကို စဉ်ဆက်မပြတ်ဂရုစိုက်နေ တာကလည်း ကားအတွက်ငွေ ကုန်ကြေးကျများမှုကို ထိန်းသိမ်း နိုင်မယ့် နည်းလမ်းတွေထဲက တစ် ခုဖြစ်ပါတယ်။ ကားကို အမြဲတမ်း ဂရုစိုက်နေသူတစ်ယောက်အတွက်  အင်ဂျင်ပိုင်းကအစ၊ ဘော်ဒီပိုင်းအ ဆုံး အားလုံးကောင်းမွန်နေမှာဖြစ်ပြီး ဒီလို အင်ဂျင်ပိုင်းကို အဆင်ပြေချော မွေ့စွာလည်ပတ်နေစေချင်းက ဂက်စ်ကုန်ကျမှုကို အကောင်းဆုံး လျှော့ချပေးနိုင်မှာပါ။ အင်ဂျင်က လိုအပ်တာထက်ပိုပြီး အင်နဲ့အား နဲ့ မရုန်းရသရွေ့ လောင်စာကုန်ကျ နှုန်းကလည်း ယာဉ်ပိုင်ရှင်ကိုမထိ ခိုက်လောက်တဲ့အနေအထားမျိုး လောက်ပဲရှိနေမှာ ဖြစ်ပါတယ်။ 

စဉ်းစားသင့်တဲ့အချက်တွေ
ကိုယ့်ကားကို လောင်စာဖြည့် ချိန်မှာ စဉ်းစားရမှာတစ်ခုကတော့ ဆီကန်တစ်ခုစာအပြည့် လောင်စာ ဖြည့်မှာလား၊ ဒါမှမဟုတ် တစ်ဝက် စာလောက်ပဲ ဆီဖြည့်မှာလားဆိုတဲ့ အချက်ပါပဲ။ ဆီတိုင်ကီတစ်ဝက် လောက်ပဲ ဆီဖြည့်မယ်ဆိုရင် ကား ရဲ့ အလေးချိန်ကို အတိုင်းအတာ တစ်ခုအထိလျှော့ချနိုင်မှာဖြစ်ပြီး မောင်းနှင်နိုင်မယ့် မိုင်အကွာအဝေး ကိုမသိမသာပိုပြီး မြင့်မားလာစေမှာ  ဖြစ်ပါတယ်။ ဒါပေမယ့် ကိုယ့်ကား အတွက် ဂက်စ်ဖြည့်ရမယ့်ဆိုင်က လက်တစ်ကမ်းကွာအခြေအနေမျိုး မှာရှိမနေဘူးဆိုရင်တော့ ဆီတိုင်ကီ အပြည့်တစ်ခါတည်းဖြည့်ထားလိုက် တာအကောင်းဆုံး ဖြစ်မှာပါ။ နောက်အချက်တစ်ခုကတော့ ကား တာယာတွေအတွင်းမှာ သင့်တင့် တဲ့လေပေါင်ချိန်ရှိနေဖို့ ဂရုစိုက်ရမှာ ဖြစ်ပါတယ်။ ရှိနေသင့်တဲ့လေပေါင် ချိန်ထက် လျော့နည်းနေတဲ့အခြေ အနေမျိုးမှာ ကားရွေ့လျားသွား အောင် အင်ဂျင်ကပိုပြီး ရုန်းကန်ရ လေ့ရှိတာကြောင့် လောင်စာကုန် ကျနှုန်းပိုပြီးများတတ်ပါတယ်။ ဒီလို အခြေအနေမျိုးက ကိုယ့်ပိုက်ဆံ အိပ်ထဲကငွေကို အလျင်အမြန်အ ပြင်ကိုရောက်သွားစေမယ့်နည်းလမ်း မျိုးဖြစ်တာကြောင့် သတိထားပြီး ရှောင်ရှားရမှာအသေအချာပါပဲ။

သေးငယ်တဲ့ကားတွေကို ရွေးချယ် ပါ
ယျေဘုယျအားဖြင့်သေးငယ် တဲ့ကားတွေက ပိုမိုပေါ့ပါးသလို  လောင်စာကုန်ကျနှုန်းနည်းနည်းနဲ့ ပိုဝေးတဲ့ခရီးအကွာအဝေးရောက် အောင် သွားရောက်နိုင်စွမ်း ရှိပါ တယ်။ ဒါကြောင့် လောင်စာဆီ ကုန်ကျနှုန်းနဲ့ ငွေကုန်ကြေးကျများ မှုကို လျှော့ချချင်တယ်ဆိုရင် ပိုပြီး ပေါ့ပါးသေးငယ်တဲ့ကားတွေကို အသုံးပြုဖို့လည်း ထည့်သွင်းစဉ်းစား ထားသင့်တာပါ။

--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape




Share on Google Plus

0 comments:

Post a Comment