ခန္ဓာကိုယ်ထဲက ကပ်ပါးကောင်တွေက ခန္ဓာကိုယ်ကို ဘာဖြစ်စေသလဲ…











လူတိုင်းရဲ့ခန္ဓာကိုယ်ထဲမှာ ကပ်ပါးကောင်တွေရှိကြပါတယ်။ သတိမထားမိကြတာပါ။ ကပ်ပါးကောင်တွေက တခြားခန္ဓာကိုယ် အစိတ်အပိုင်းတွေကို မှီတည်ပြီး အသက်ရှင်ရပ်တည်ကြပါတယ်။ ဘယ်သူမဆိုကပ်ပါးကောင် ကူး စက်နိုင်ပါတယ်။စိတ်ထင်တာထက်ကိုပိုပြီး အလွယ်တကူ ကူးစက်ပြန့် ပွားနိုင်ပါတယ်။ တချို့တွေကတော့ ရောဂါပိုးမွှားတွေကို တိုက်ရိုက်ဖြစ် စေပြီး တချို့က စွန့်ထုတ်လိုက်တဲ့ အညစ်အကြေးတွေကနေ ရောဂါ ပိုးမွှားတွေဖြစ်စေနိုင်ပါတယ်။ ကပ်ပါးကောင်တွေ ခန္ဓာကိုယ်ထဲများ လာတဲ့အခါ ဘယ်လိုဝေဒနာမျိုးတွေ ခံစားရတတ်သလဲ။

နာတာရှည်အစာခြေလမ်း ကြောင်းပြဿနာ
အူလမ်းကြောင်းအတွင်းက ကပ်ပါးကောင်တွေက အူလမ်းကြောင်းကိုရောင်ရမ်းစေပြီး နာတာရှည် ၀မ်းပျက်ဝမ်းလျောဖြစ်စေပါလိမ့်မယ်။ ကလေးငယ်တွေမှာဆို ရင် ၀မ်းပျက်ဝမ်းလျှောခြင်းအပြင် အာဟာရချို့တဲ့ခြင်းပြဿနာအထိဖြစ်လာတတ်ပါတယ်။ ဒါတင်မကပါဘူး ကပ်ပါးကောင်တွေက အ ညစ်အကြေးစွန့်လမ်းကြောင်းကို ပိတ်ဆို့စေပြီး ၀မ်းဗိုက်အထက်ပိုင်းကို နာကျင်စေလာပါတယ်။

စအိုဝ ယားယံခြင်း
စအိုဝတစ်ဝိုက် ယားယံတာကလည်း ကပ်ပါးကောင်တွေရဲ့ လက္ခဏာတစ်ခုပါ။ ညဘက်အချိန်မှာ ကပ်ပါးကောင်အမက ဥတွေဥချနေချိန် စအိုဝက ပိုပြီးယားယံတတ်ပါတယ်။ ကပ်ပါးကောင်အမတင် မက ဥတွေကလည်း စအိုဝကို ယားယံစေပြီး တစ်ခါတစ်ရံ နာကျင် မှုအထိဖြစ်စေပါတယ်။ ယားယံမှုကြောင့် ကုတ်မိတဲ့အခါ အရေပြား ပါပွန်းပဲ့သွားပြီး ဒုတိယအဆင့် ဘက်တီးရီးယားတွေအထိ ကူးစက်လာနိုင်ပါတယ်။ တကယ်လို့ ကိုယ့်စအိုဝကနှစ်ပတ်ထက်ကျော်ပြီး ယားယံနေတယ်ဆိုရင်တော့ ဆရာဝန်နဲ့ပြတာက အကောင်းဆုံးပါ။

မောပန်းချိနဲ့
မောပန်းခြင်းကလည်း ကပ်ပါးကောင်ရဲ့လက္ခဏာတစ်ရပ်ပါ။ ဒါကအစာအိမ်နဲ့အူလမ်းကြောင်းအတွင်း  ကိုယ်စားသုံးသမျှအာဟာရတွေကို လိုက်လံစားသုံးနေတဲ့ ပိုးကောင်နဲ့ သက်ဆိုင်ပါတယ်။ လုံလောက်တဲ့ ဗီတာမင်၊ သတ္တုဓာတ်၊ အဆီနဲ့ ကာဘိုဟိုက်ဒရိတ်တွေမရရှိခြင်းက ခန္ဓာကိုယ်ကို အားနည်းစေပြီး ပင် ပန်းနွမ်းနယ်စေပါတယ်။ ဒါတင်မက ပါဘူး၊ ကပ်ပါးကောင်က စွန့်ထုတ် လိုက်တဲ့အညစ်အကြေးတွေက ခန္ဓာကိုယ်တွင်းအင်္ဂါတွေကို ဒီ စွန့် ပစ် အညစ်အကြေးအတွက် ဖယ်ရှားဖို့ ပိုပြီး ခက်ခဲသွားစေပါတယ်။

အစာစားချင်စိတ်ပြောင်းလဲ ခြင်းနဲ့ခန္ဓာကိုယ်အလေးချိန်ကျခြင်း
ကိုယ့်ရဲ့အစာစားချင်စိတ် ရုတ်တရက်များလာတာမျိုးက ခန္ဓာ ကိုယ်တွင်းကကပ်ပါးကောင်တွေကြောင့်ပါ။ အစာဘယ်လောက်စားစား ခန္ဓာကိုယ်အလေးချိန်တက်မလာတာက ကပ်ပါးကောင်တွေနဲ့ သက်ဆိုင်ပါတယ်။ ခန္ဓာကိုယ်တွင်း ကပ်ပါးကောင်ရှိသူတွေက မနက်စောစောဆာလောင်နေပြီး ဘယ်လောက်စားစား မတင်းတိမ်တာကို ခံစားရပါလိမ့်မယ်။

စိတ်အပြောင်းအလဲ
စိတ်ကျဝေဒနာ၊ စိုးရိမ်ပူပန် စိတ်၊ ထင်ယောင်ထင်မှားဖြစ်တဲ့ ပြဿနာတွေကလည်း ကပ်ပါး ကောင်တွေနဲ့သက်ဆိုင်ပါတယ်။ ကပ်ပါးကောင်တွေက စွန့်ထုတ် လိုက်တဲ့ အဆိပ်ရှိအညစ်အကြေးတွေက အာရုံကြောနဲ့ ဆက်စပ်မှုရှိပြီး စိတ်ကျဝေဒနာစိုးရိမ်ပူပန်စိတ်၊ ထင်ယောင်ထင်မှားဖြစ်တတ်တဲ့ စိတ်တွေဖြစ်လာပါတော့တယ်။

သွားကြိတ်ပြဿနာ
ညဘက်အိပ်နေချိန် သွားကြိတ်တတ်တဲ့ပြဿနာဖြစ်လာစေပါတယ်။ ဒါက အထူးသဖြင့် ကလေးတွေဆီမှာ အဖြစ်များပါတယ်။

ရန်နိုင်



--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

 


Share on Google Plus

0 comments:

Post a Comment