အားနည်းနေတဲ့ခြေထောက်တွေ…










လူအများစုခြေထောက်မှာနာကျင်ပြီး အားနည်းတယ်လို့တစ်ခါတရံ ခံစားရကြပါတယ်။ ခြေ ထောက် အားနည်းတာက ခွန်အားတွေလျော့လာတာပါ။ သွေးလည်ပတ်မှုအားနည်းခြင်း၊ အာရုံကြော ပျက်စီးခြင်း၊ ခန္ဓာကိုယ်လှုပ်ရှားမှုအားနည်းခြင်း၊ အဆစ်အမြစ်ရောင်ရမ်းခြင်း၊ ခွဲစိတ်ကုသမှု၊ ရေဓာတ် ကုန်ခမ်းခြင်း၊ ဆီးချို၊ သွေးအားနည်းခြင်း၊ အာဟာရဓာတ်မလုံ လောက်ခြင်း စတာတွေကြောင့် ဖြစ်လာနိုင်ပါတယ်။
ကြွက်သားတွေအားနည်းလာခြင်းက ခြေထောက်တစ်ဖက်တည်း သာမကနှစ်ဖက်စလုံးကို ထိခိုက်နိုင်ပါ တယ်။ ခြေထောက်အားနည်းလာ ခြင်းက နီရဲခြင်း၊ ကျောရိုးနာကျင်ခြင်း၊ ခန္ဓာကိုယ်ကိုက်ခဲခြင်း စတာ တွေကိုခံစားရနိုင်ပါတယ်။ 

ခြေထောက်တွေကိုသန်မာလာစေဖို့အတွက် မျှတတဲ့အာဟာရ၊ ပုံမှန်လေ့ကျင့်ခန်း၊ အနားယူချိန် တွေလိုအပ်ပါတယ်။ ဘာတွေထပ် ပြီးလိုအပ်သေးလဲ။ အသေးစိတ် လေ့လာကြည့်ရအောင်။

နှိပ်နယ်ပေးပါ
ခြေထောက်တွေကိုပုံမှန်နှိပ် နယ်ပေးမယ်ဆိုရင် သွေးလည် ပတ်မှုကောင်းစေတဲ့အတွက် ကြွက်သားတွေဆီ လိုအပ်တဲ့ သွေး အာဟာရပိုရောက်နိုင်ပြီး သန်မာလာစေပါတယ်။ ဒါ့အပြင် နှိပ်နယ်ပေးတဲ့အတွက် နာကျင် မှု၊ ရောင်ရမ်းခြင်းတွေ လျော့ကျစေ ပြီးစိတ်ဖိစီးမှုကိုသက်သာစေပါတယ်။
သံလွင်ဆီ၊ အုန်းဆီကို အ နည်းငယ်အပူပေးပြီး ခြေထောက် မှာ ၁၀-၁၅မိနစ်ခန့်နှိပ်နယ်ပေးပါ။ 

ပုံမှန်လမ်းလျှောက်ပါ
လမ်းလျှောက်ပေးတာက ခြေ ထောက်ကြွက်သားတွေကိုသန်မာလာစေပါတယ်။ တစ်ပတ်(၅)ရက် ခန့် မိနစ်(၃၀)စီလမ်းလျှောက်ပေး ပါ။ အပြေး လေ့ကျင့်ခန်း၊ ကြိုးခုန်၊ စက်ဘီးစီး၊ တောင်တက်ခြင်းတွေကလည်း ခြေထောက်ကိုအသုံးပြုရတာဖြစ်တဲ့အတွက် ပိုပြီးသန်မာလာစေပါတယ်။ 

နေရောင်ခြည်
ဗီတာမင် D ချို့တဲ့ခြင်းက လည်း ကြွက်သားများနာကျင်ခြင်းနဲ့ သက်ဆိုင်နေပါတယ်။ အရိုးများ ကျန်းမာသန်စွမ်းဖို့ ကယ်ဆီယမ်နဲ့ ဖော့စ်ဖရပ်က အရေးကြီးပါတယ်။ နေရောင်ခြည်နဲ့ထိတွေ့ပေးခြင်းက ခန္ဓာကိုယ်တွင်း ဗီတာမင် D ကိုတိုး ပွားစေပြီး အရိုးကြွက်သားတွေကို သန်မာစေပါတယ်။ နေ့စဉ် ၁၀-၁၅မိနစ်ခန့် နေရောင်ခြည်နဲ့ထိတွေ့ ပေးပါ။ ဗီတာမငီ်ြွကယ်ဝတဲ့ ဆာမွန်ငါး၊ ဆာဒင်းငါး၊ ငါးကွမ်းရှပ်၊ နို့၊ လိမ္မော်ရည်၊ ကွေကာအုတ်တို့လည်း စားပေးနိုင်ပါတယ်။ 

ရေများများသောက်
ရေဓာတ်ကုန်ခမ်းခြင်းက ကြွက်သားများနာကျင်ခြင်း၊ ခြေထောက်အားနည်းခြင်းရဲ့အဓိက ပြဿနာတစ်ခုပါ။ အဲဒါကြောင့်ရေ ဓာတ်မျှတလုံလောက်နေဖို့လိုပါတယ်။ ရေဓာတ်ခမ်းခြောက်ခြင်း ကင်းဝေးစေဖို့ တစ်နေ့ကိုလုံ လောက်တဲ့ရေပမာဏသောက်ပေးပါ။ အရည်ရွှမ်းတဲ့သစ်သီး၊ ဟင်းသီး ဟင်းရွက်များများစားပေးပါ။ ရေ ဓာတ်ခမ်းခြောက်ခြင်းဖြစ်စေတဲ့ ကဖိန်းဓာတ်ပါဝင်တဲ့ အစားအစာများစားသောက်ခြင်းရှောင်ပါ။ 

ပန်းသီး၊ အရက်၊ ဗီနီဂါ
ပန်းသီး၊ အရက်၊ ဗီနီဂါက ခြေထောက်အားနည်းခြင်းကို ကုသဖို့ ဆေးတစ်လက်ပါ။ ပိုတက် ဆီယမ်၊ မဂ္ဂနီဆီယမ်၊ ဆီ၊ ဗီတာမင်တွေပါဝင်ပြီး အရိုးနဲ့ ကြွက်သားတွေကို သန်မာစေပါတယ်။ အက် ဆစ်ဂုဏ်သတ္တိပါဝင်တဲ့အတွက် စားသုံးတဲ့အစားအစာတွေထဲက အာဟာရကို ပိုပြီးစုပ်ယူနိုင်စွမ်းရှိပါတယ်။ ရေခပ်နွေးနွေးဖန်ခွက်မှာ ပန်းသီးအရက်ဗီနီဂါ၊ ပျားရည်၊ သံပုရာရည်တို့ရောစပ်ပြီး တစ်နေ့နှစ် ကြိမ်သောက်ပေးနိုင်ပါတယ်။ 

နို့သောက်ပါ
နို့ကလည်းခြေထောက်အား နည်းခြင်းကို ကုသပေးနိုင်တဲ့အစားအစာပါ။ နို့နဲ့နို့ထွက်ပစ္စည်းတွေမှာ ကယ်ဆီယမ်၊ ပရိုတင်းနဲ့ အခြား သောအဟာရများ ကြွယ်ဝစွာပါဝင်ပါတယ်။ ခြေထောက်အရိုးနဲ့ကြွက် သားများသန်မာစေဖို့နို့၊ နို့ဆီထုတ် ထားတဲ့နို့သောက်သုံးပေးပါ။ 

အာဟာရပြည့်ဝစွာစားပါ
အာဟာရချို့တဲ့ခြင်းကလည်း ခြေထောက်တွေအားနည်းလာခြင်း ရဲ့အဓိကအကြောင်းရင်းတစ်ခုပါပဲ။ အာဟာရချို့တဲ့ခြင်းက သွေးလည် ပတ်မှုကို နှေးကွေးစေပြီး မောပန်း နွမ်းနယ်ခြင်း၊ ကြွက်သားများနာ ကျင်ခြင်းတွေကိုဖြစ်စေပါတယ်။ ဒါတင်မကပါဘူး။ အခြားသော ကျန်းမာရေးပြဿနာတွေအထိဖြစ် လာနိုင်ပါတယ်။ ကြက်ဥ၊ ဒိန်ချဉ်၊ အစေ့အဆန်များများစားပါ။ ကြွက်သားများအားနည်းခြင်းက ပိုတက် ဆီယမ်ချိုတဲ့ခြင်းကိုလည်းပြတာ ဖြစ်တဲ့အတွက် အာလူး၊ ကန်စွန်းဥ၊ ငှက်ပျောသီးတို့များများစားပေးပါ။ ဗီတာမင် B၊ မဂ္ဂနီဆီယမ်ကြွယ်ဝတဲ့ အစားအစာများစားပေးပါ။

ရန်နိုင်

--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

 
Share on Google Plus

0 comments:

Post a Comment