ဘာကြောင့် ကိုယ်ခံအားနည်းရတာလဲ…














မကြာခဏဖျားနာတတ်သူ၊ ရာသီဥတုအပြောင်းအလဲ၊ အစား အသောက်မှားယွင်းတာနဲ့ နေမ ကောင်းတဲ့သူတစ်ယောက်ဖြစ်ပါသလား။ တကယ်လို့ 'ဟုတ်ပါတယ်' ဆိုရင်တော့ ဒါဟာကိုယ်ခံအားနည်း တတ်တဲ့ လက္ခဏာတွေပါ။ ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ်တွေက ခန္ဓာကိုယ်အတွင်း ရောဂါပိုးမွှားတွေနဲ့ ကူးစက်ရောဂါတွေကို တိုက် ထုတ်ပေးပါတယ်။ ဘာကြောင့် ခုခံစွမ်းအားကနည်းသလဲ။ လူအား လုံးက နေ့စဉ်သွားလာလှုပ်ရှားနေရပြီး သန်းပေါင်းများစွာသောရောဂါ ပိုးမွှားတွေကို နေ့စဉ်ထိတွေ့နေရပါ တယ်။ တစ်ဦးနဲ့တစ်ဦး မွေးဖွားတာ ခြင်းမတူသလို ခန္ဓာကိုယ်ရဲ့ ခုခံကာ ကွယ်နိုင်စွမ်းကလည်းမတူကြပါဘူး။ ခန္ဓာကိုယ်ရဲ့ခုခံစွမ်းအားတွေကျစေ တဲ့ အကြောင်းရင်းတွေကတော့…

အရက်အလွန်အကျွံသောက်သုံးခြင်း
အရက်အလွန်အကျွံသောက် သုံးခြင်းကခန္ဓာကိုယ်ရဲ့ခုခံစွမ်းအားကို ပျက်စီးစေပါတယ်။ အရက်က ဗိုင်း ရက်စ်ကြောင့်ဖြစ်တဲ့ကူးစက်ရောဂါ တွေကို ခုခံပေးတဲ့ ဆဲလ်လေးတွေ ကို ဖျက်ဆီးပစ်ပါတယ်။ ရေဓာတ် ကိုလည်း ကုန်ခန်းစေတာဖြစ်တဲ့အ တွက်ကြောင့် ဆဲလ်လေးတွေ ထဲကရေဓာတ်ကိုခမ်းခြောက်စေပြီး သေဆုံးသွားစေပါတယ်။ ဒါတင်မ ကပါဘူး ခန္ဓာကိုယ်တွင်းက အာ ဟာရဓာတ်တွေကိုပါ စုပ်ယူသွား တာဖြစ်တဲ့အတွက် ခုခံစွမ်းအား နည်းပါးလာစေပါတယ်။ အရက်အ လွန်အကျွံသောက်သုံးခြင်းက အသည်းရောင်ရောဂါ၊ တီဘီနဲ့တ ခြားကူးစက်ရောဂါတွေကိုပါ အလွယ်တကူဝင်ရောက်စေပါတယ်။

ဆေးလိပ်နဲ့ဆေးလိပ်ငွေ့
ဆေးရွက်ကြီး၊ တခြားသော အရာများမှ ဆေးလိပ်ငွေ့ကို ရှူရှိုက် မိခြင်းက ခန္ဓာကိုယ်ရဲ့ခုခံစွမ်းအားကို ထိခိုက်စေပါတယ်။ စီးကရက် ထဲမှာပါဝင်တဲ့ အန္တရာယ်ရှိ ဓာတုပစ္စည်းတွေက ခန္ဓာကိုယ်တွင်းခုခံ ကာကွယ်နိုင်စွမ်းအားတွေကို အားနည်းစေပါတယ်။ ဆေးလိပ်ငွေ့ရှူ ရှိုက်မိတဲ့ကလေးတွေဟာဆိုရင် အသက်ရှူလမ်းကြောင်းကူးစက်ရော ဂါတွေကိုပါခံစားရပါတယ်။ 

နေရောင်ခြည်
နေရောင်ခြည်လွန်ကဲစွာထိတွေ့ ခြင်းက အရေပြားကိုပျက်စီးစေရုံ သာမက ခန္ဓာကိုယ်တစ်ခုလုံးရဲ့ ကျန်းမာရေးကိုပါထိခိုက်စေပါတယ်။ ဒါတင်မက ခန္ဓာကိုယ်တွင်းခုခံကာ ကွယ်နိုင်စွမ်းကိုလည်းလျော့ပါးစေပါ တယ်။ ခန္ဓာကိုယ်နဲ့နေရောင်ခြည်ထိ တွေ့တဲ့အခါ ခန္ဓာကိုယ်တွင်းမှာ အရိုးတွေကိုသန်စွမ်းစေတဲ့ ဗီတာ မင် ဒီ ထုတ်လုပ်ပါတယ်။ ဗီတာ မင် ဒီ ချို့တဲ့တာကလည်း အရိုးကျန်းမာရေးကိုထိခိုက်စေနိုင်ပါတယ်။ တကယ်လို့ ဗီတာမင်ဒီအတွက် နေရောင်ခြည်ထိတွေ့မယ်ဆိုရင်တော့ နံနက်စောစောမှာ ၁၀-၁၅မိနစ်ခန့် ထိတွေ့တာအကောင်းဆုံးပါ။ နံနက် ၁၀-၄နာရီအတွင်း နေရောင်ခြည် ကတော့ ခန္ဓာကိုယ်တွင်း ခုခံကာ ကွယ်နိုင်စွမ်းကို လျော့ကျစေပါ တယ်။

အဆိုးမြင်စိတ်
စိတ်ဖိစီးမှု၊ ၀မ်းနည်းမှု၊ ကြောက်ရွံ့မှု၊ စိုးရိမ်ပူပန်မှုစတဲ့ မကောင်းမြင်စိတ်တွေက ခန္ဓာကိုယ် တွင်းခုခံအားစနစ်ကိုကျစေပါတယ်။ စိတ်ဖိစီးနေချိန်မှာ ခန္ဓာကိုယ်တွင်း cortisol ကမြင့်တက်လာပါတယ်။ Cortisol က ခုခံအား စနစ် တုံ့ပြန်မှုကိုပြောင်း လဲစေပြီး အစာခြေ စနစ်ကို အနှောင့်အယှက်ဖြစ်စေပါတယ်။ မျိုးပွားစနစ်နဲ့ကြီးထွားမှု လုပ်ငန်းစဉ်တွေကိုကမောက် ကမ ဖြစ်စေပါတယ်။ Cortisol များလေ ခန္ဓာကိုယ်ခုခံ အားစနစ်နည်းလေပါ။ နာတာရှည် စိတ်ဖိစီးမှုကတော့ အအေးမိ၊ ဖျား နာအပြင် နှလုံးရောဂါ၊ ဆီးချိုနဲ့ တခြားကူးစက်ရောဂါတွေဖြစ်စေနိုင်ပါတယ်။ စိတ်ဖိစီးမှုလျော့ကျဖို့ အတွက် တရားထိုင်၊ ယောဂကျင့် စဉ်လိုမျိုးကျင့်ပေးပါ။ များများရယ်မောပေးပါ။

ခန္ဓာကိုယ်မသန့်ရှင်းခြင်း
ခန္ဓာကိုယ်သန့်ရှင်းမှုအားနည်းခြင်းကလည်းခုခံအားစနစ်ကို တိုက် ရိုက်ထိခိုက်စေနိုင်ပါတယ်။ ခန္ဓာ ကိုယ်သန့်ရှင်းမှုအားနည်းခြင်းက ရောဂါပိုးမွှားတွေ ခန္ဓာကိုယ်မှာပိုမို ပေါက်ဖွားစေပြီး ကူးစက်ရောဂါတွေ ကိုဖြစ်စေနိုင်ပါတယ်။ ခန္ဓာကိုယ် သန့်ရှင်းခြင်းက ရောဂါပိုးမွှားတွေ ခန္ဓာကိုယ်တွင်း မ၀င်ရောက်စေနိုင်သလို ကူးစက်ရောဂါ၊ ဖျားနာခြင်း ကင်းစင်စေပါလိမ့်မယ်။အဲဒါကြောင့် တစ်နေ့နှစ်ကြိမ်ပုံမှန်သွားတိုက်ပေးပါ။ အစာမစားခင်လက်ကို စင်ကြယ်အောင်ဆေးကြောပါ။ နေ့စဉ် ပုံမှန်ရေချိုးပေးပါ။ အစားအစာများကို သန့်ရှင်းစင်ကြယ်နေပါစေ။

မိတ်ကပ်အလှကုန်များသုံးစွဲလွန်ခြင်း
ယောက်ျားလေး၊ မိန်းကလေး လိုးရှင်း၊ ရေချိုးဆပ်ပြာ၊ ခေါင်း လျှော်ရည်တို့လို တစ်ကိုယ်ရည်သုံးပစ္စည်းတွေ၊ မိတ်ကပ်အလှကုန် တွေကိုနေ့စဉ်နဲ့အမျှသုံးစွဲကြပါတယ်။ တကယ်တော့ ဒီပစ္စည်းတွေထဲမှာပါဝင်တဲ့ အဆိပ်အတောက်ဖြစ်စေတဲ့ ဓာတုပစ္စည်းတွေက ခန္ဓာကိုယ်ခုခံအားစနစ်ကို လျော့ကျစေပါတယ်။ အန္တရာယ်ရှိတဲ့ဓာတုပစ္စည်း တွေဟာ အရေပြားကတစ်ဆင့် သွေးကြောမျှင်လေးတွေထဲကို ထိုး ဖောက်စိမ့်ဝင်သွားပြီး ခန္ဓာကိုယ်ရဲ့ ခုခံကာကွယ်စွမ်း အားကို ထိခိုက် စေလာပါတယ်။ မိတ်ကပ်ပစ္စည်း တွေထဲမှာပါဝင်တဲ့… Imidazolidmy area, DMDM hydontion, Tsi…. စတာတွေက ခန္ဓာကိုယ်ခုခံကာ ကွယ်နိုင်စွမ်းကို ကျစေရုံသာမက ကင်ဆာနဲ့ တခြားကျန်းမာရေး ပြဿနာတွေကိုပါ ဖြစ်လာစေပါ တယ်။ အဲဒါကြောင့် အလှကုန် ပစ္စည်းတွေရွေးချယ်သုံးစွဲတဲ့အခါ အတတ်နိုင်ဆုံး သဘာဝပစ္စည်းနဲ့ ထုတ်လုပ်ထားတဲ့ အလှကုန်မျိုးသာ ရွေးချယ်သုံးစွဲပါ။

အိပ်စက်ချိန်နည်းပါးခြင်း
ဘ၀နေထိုင်မှုတွေပြောင်းလဲလာ တာနဲ့အမျှ လူသားတွေရဲ့အိပ်စက် ချိန်တွေဟာနည်းပါးလာပါတယ်။ အိပ်စက်ချိန်နည်းပါးခြင်းက ခန္ဓာ ကိုယ်တွင်းရောဂါပိုးမွှားတွေ ၀င် ရောက်ခြင်းကိုကာကွယ်ပေးတဲ့ခုခံ စနစ်ကို ပျက်စီးစေပါတယ်။ ပုံမှန် အိပ်စက်ချိန်နည်းပါးလာတဲ့အခါ နှလုံးရောဂါ၊ သွေးတိုး၊ ဆီးချို၊ အ၀ လွန်ခြင်းစတာတွေဖြစ်လာပါတော့တယ်။

ရေအလုံအလောက်မသောက်သုံးခြင်း
ရေဓာတ်အလုံအလောက်မရ တဲ့အတွက် ခန္ဓာကိုယ်အတွင်းဖြစ် စဉ်တွေက ကောင်းမွန်စွာအလုပ်မ လုပ်နိုင်တော့ပါဘူး။ ရေလုံလောက် စွာသောက်သုံးပေးခြင်းက ခန္ဓာကိုယ်တွင်းအန္တရာယ်ရှိတဲ့ ဓာတု ပစ္စည်းတွေစွန့်ထုတ်ရာမှာ ကူညီပေးပါတယ်။

ရန်နိုင်
--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

 
Share on Google Plus

0 comments:

Post a Comment